Showing posts with label Abstract. Show all posts
Showing posts with label Abstract. Show all posts

Thursday, December 27, 2007

နေရာတိုင်းမှာ...မင်းရှိတယ်



ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ နှလုံးသားရဲ့ နေရာတိုင်းမှာ ...


ဒီသီချင်းကို စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ပထမဆုံး စဆိုခဲ့ပါတယ်။ မျိုးကျော့မြိုင်က ကမ်းစပ်က ခြေရာများ(၁)မှာ Lazy Club ၀ိုင်းနဲ့ Live Show ပြန်ဆိုခဲ့ပါတယ်။ သီချင်းကို Rapperကြီးက Alternative ပုံစံနဲ့ liveဆိုသွားတာပါ။ အမှန်အတိုင်း ပြောရရင် စစနားထောင်ချင်းမှာ နားသိပ်မ၀င်လှပါဘူး။ ဗိုလ်ထီးဆိုခဲ့တာကို ငယ်ငယ်ကထဲက ကြိုက်ခဲ့တာကိုး။ နောက်မှ တဖြေးဖြေး နားထောင်ရင်းနဲ့ နားစွဲသွားပါတယ်။ မျိုးကျော့မြိုင် ဆိုထားတာ emo-punk ဆန်တယ်လို့ ခံစားမိတယ်။

ဒီသီချင်းအကြောင်းကို အရင်က မျိုးကျော့မြိုင်ကာဗာတေးများ(၁) မှာ ရေးခဲ့ဖူးပါတယ်။ အခု နည်းနည်း ထပ်ဖြည့် ရေးချင်လို့ပါ။ တစ်နေ့က ဖိုင်တွေရှင်းရင်းနဲ့ အမ်ပီ၃ဖိုင်တစ်ခု သွားတွေ့ပါတယ်။ အဲဒီ့တော့မှ ဘိုဖြူပါ နေရာတိုင်းမှာကို ပြန်ဆိုထားဖူးတာ သိရပါတယ်။ ဒီဖိုင်လေးက ရှေ့ပိုင်းမှာ ဘိုဖြူ ဆိုသွားတာကို နောက်ကနေ စိုင်းထီးဆိုင် မူရင်းဗာရှင်နဲ့ ပြန်ဆက်ထားတာပါ။ ဘယ်ကနေ ရခဲ့တာမှန်းတော့ မမှတ်မိတော့ပါဘူး။ အသံ ကွာလတီကလဲ နဲနဲနိမ့်နေပါတယ်။ ဘာပဲဖြစ်ဖြစ်လေ...

ဝေဖန်စရာ မရှိပေမယ့် စိုင်းထီးဆိုင် - ဘိုဖြူ - မျိုးကျော့မြိုင် တွဲပြီး နားထောင်မိပါတယ်။ နှိုင်းယှဉ်တာ မဟုတ်သလို နှိုင်စရာလဲ မလိုပါဘူးလေ။ စာသားကအစ နုနုလှလှနဲ့ ဟိုးအရင်ကထဲက ကြိုက်ခဲ့တဲ့သီချင်း ... အခု တစ်ယောက် တစ်မျိုးစီ (၃)ယောက်စလုံး ဆိုထားတာကိုလည်း ကြိုက်မိတယ်။ စကားလုံးအနုလေးတွေ ရိုးရိုးရှင်းရှင်းလေး ဖွဲ့ဆိုထားတဲ့ ဒီသီချင်းလိုမျိုးကို ဘယ်လိုပဲ ပုံစံပြောင်းဆိုဆို ချစ်စရာ ကောင်းနေမှာပါပဲလေ..

နေရာတိုင်းမှာ - ဘိုဖြူ+စိုင်းထီးဆိုင်
နေရာတိုင်းမှာ - မျိုးကျော့မြိုင်


ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ
နေ၀င်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေ ခြုံလွှမ်းတဲ့ မနက်ခင်းမှာ အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ
လေပြေကလေး ဆော့ကစားတဲ့ ညချမ်းမှာ အချစ်ဆုံးရဲ့ အထိအတွေ့ကို ပြန်တွေ့ပြီ

ဘယ်ဆီကို ရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ် ...

လူတွေက ကိုယ်တို့နှစ်ယောက် ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ် အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ် ...

Sunday, December 23, 2007

ဟိုးအရင်က သီချင်းလေးတစ်ပုဒ်


ဘာရယ်တော့ မဟုတ်ပါဘူး ... သီချင်းလေးတစ်ပုဒ် အမှတ်ရမိလိုက်လို့ပါ ... စကားမစပ်
မျိုးကျော့မြိုင်ရယ်လို့ ရက်ပ်ပါတစ်ယောက် အဆိုတော်မဖြစ်ခင်တုန်းကပေါ့ ... ကျနော်လဲငယ်ငယ်က
မျိုးကျော့မြိုင့်ကို တေးရေးတစ်ယောက်အနေနဲ့ သတိထားမိဖူးတယ်... သူများအခွေတစ်ချို့မှာ
အခု သူအရင်က ရေးဖူးတဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်နားထောင်ချင်တယ်.. ရှာတယ်မတွေ့
နွဲ့ယဉ်ဝင်းရဲ့သား မျိုးမျိုးရဲ့ ပထမဆုံးစီးရီးထဲက သီချင်းလေးတစ်ပုဒ်ပါ ... အခွေနာမည်က “မေ”
မျိုးမျိုးအခွေမှာ ရေးပေးဖူးတဲ့ ပျော်ရမယ် သီချင်းကို မျိုးကျော့မြိုင် ပြန်ဆိုထားသေးတယ်... အခု
ပြန်နားထောင်ချင်တယ်.. သိရင်.. ရှိရင်.. တွေ့ရင်.. ပြောကြပါနော်... သီချင်းလေးက “Orchard ည”
ညလေးတစ်ညအကြောင်း... မျိုးကျော့မြိုင် ရေးခဲ့တဲ့သီချင်း... ပီယာနိုလေးနဲ့ အနှေးသွားလေး..
မြို့လေးတစ်မြို့ရဲ့ လမ်းမကြီးတစ်ခုပေါ်မှာ ... ....

Orchard ည ...
Orchard ည ...
Orchard ည ...

Tuesday, October 30, 2007

ဘယ်လိုအရူးမျိုးလဲ


မတွေ့ဖြစ်ကြဘူး .. အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်ဖြစ် အချိန်မတိုက်ဆိုင်လို့ပဲဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖြစ်ကြတဲ့အခါ .... အရင်လိုအချိန်တွေကို သတိရမိလာတယ် ... နံပါတ်ကိုနှိပ်ပြီးမှ ဖုန်းကိုပြန်ချမိတယ်.. ဘယ်လို အရူးမျိုးလဲ ...

ပိုနေလွန်းတဲ့ ကိုယ့်ရဲ့အပြုအမှုတွေ
လိုနေတယ်လို့တောင် ထင်မိတယ်
ဘာကိုမှ ကိုယ်ဂရူမစိုက်ချင်တော့ဘူး
မင်းလေး မသိတယ်

ရီစရာတော့ ကောင်းနေလိမ့်မှာပဲ ... ကိုယ်ဘာမှ မပြောခဲ့တဲ့စကားတွေကို သူဘယ်လိုသိနိုင်မှာလဲ ... ကျေနပ်စွာ ဖြေသိမ့်နေလာခဲ့ပြီးမှ သတိရစိတ်တွေများလာတဲ့အခါ ဘ၀ရဲ့ အလှည့်အပြောင်းကြားမှာ ဖြတ်သန်းနေရတုန်း မွန်းကျပ်လာချိန်တွေမှာ ရှိနေကျ နီးစပ်မှုလေးတောင် ဘယ်ဝေးသွားနေလဲ ...

ဘာရယ်ဆိုတာ သူဘာမှမသိတယ်
ကိုယ်ဟာ မင်းအတွက် ဘယ်လိုအရူးမျိုးလဲ ဖြေဦး

ဝန်ခံချင်ပါတယ် .. ပိုင်ဆိုင်လိုစိတ်တွေကို.. ဖြစ်နိုင် မဖြစ်နိုင်တာတွေကို ကိုယ်မတွေးချင်တော့ဘူး ... မင်းအတွက် ပျော်ရွှင်မှုတွေကို သယ်ဆောင်လာမယ့် မနက်ဖြန်တွေ ... ကိုယ့်ဘ၀ရဲ့နေ့သစ်တွေကို တည်ဆောက်နိုင်ဖို့ ဒီစိတ်ကူးတွေဟာ မင်းမမက်ချင်တဲ့ အိပ်မက်သက်သက်တော့ မဟုတ်ဘူးဆိုတာ သက်သေပြချင်ပါသေးတယ်..

မျက်လုံးထဲ
မင်းလေးတစ်ယောက်ထက် ပိုလွန်ကဲ
ဘာမှလဲမမြင် ... မမြင်နိုင်တော့ဘူး
မင်းလေးတစ်ယောက်ထက် ပိုလွန်ပြီး
ဘာနဲ့မှနှိုင်းယှဉ် ... မယှဉ်နိုင်ဘူး

လပြည့်ည အတွေးတစ်ချို့ဟာ အဆီးအတားမရှိ ပျံ့လွင့်နေခဲ့ပါတယ်.. တစ်နေရာရာမှာ မင်းတစ်ယောက်ကတော့ အေးချမ်းနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ဒီဘာမဟုတ်တဲ့အတွေးစတွေကို ဘာမှမဆိုင်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ပြီး စာကြောင်းတစ်ချို့ ရေးလိုက်မိပါတယ် ... မင်းအတွက် ဘာမှမဟုတ်ခဲ့တဲ့ လူတစ်ယောက်ပါ.. မတွေ့ဖြစ်တာ အတော်တောင်ကြာပြီနော်...

မျိုးကျော့မြိုင် - ကိုယ်ဘယ်လိုအရူးမျိုးလဲ



Thursday, September 13, 2007

စိတ်ညစ်နေလား ?


ခတ်ကျွဲမှန်ရင် ချိုမှာ အမာရွတ်ကျန်ရှိပြီး လူငယ်တွေက ရင်မှာ ဒဏ်ရာရှိတတ်ကြစမြဲပဲတဲ့ ...
တကယ်ပါ ကိုယ်ဟာ မင်းအတွက် ပျော်ရွှင်မှုတွေကိုသာ ယူဆောင်ကာ ပေးအပ်နေချင်သူပါ...
နာကျင်စရာ အတိတ်တွေကို ပြောင်းလဲပြီး လှပတဲ့ဘ၀သစ်လေးတစ်ခု ဖန်တီးပေးခဲ့ချင်သူပါ...
အချစ်ဆိုတာ မင်းဖို့ လောင်ကျွမ်းစေမယ့် မီးတောက်ထက် ငြိမ်းချမ်းရေးသာ ဖြစ်စေချင်သူပါ...
ဖြစ်နိုင်ရင် အတောင်ပံတွေတပ်ပြီး ကြင်နာသူ့အနားမှာ ထာဝရနားခိုလိုက်ချင်သူပါ...
မင်းရဲ့စိတ်ထဲမှာ ကိုယ့်ရဲ့ ပြောမထွက်တဲ့ စကားတွေဟာ အဟောင်းဖြစ်နေမလား ...
တကယ်လို့များ ပြောဖြစ်ခဲ့ရင်ကော ကိုယ့်စကားတွေကို မင်းယုံဖို့ခက်နေမလား ...
တစ်ခါတစ်လေမှာ ကိုယ်ဟာ မင်းအတွက် စိတ်အနှောက်အယှက် ဖြစ်စေခဲ့မလား ...
မရည်ရွယ်ပဲနဲ့ မင်းကိုစိတ်ထိခိုက်စေနိုင်မလား... မင်း ကိုယ့်ကို တွေးကြောက်နေမလား...
ဘယ်သူမှတွေးမထားမိတဲ့ အချိန်တွေ ... ပူလောင်ခြင်းများ ရင်ထဲပြည့်နှက်နေပြီလား ...
ကိုယ့်အကြောင်းတွေ ... ကိုယ်စကားတွေ ... သည်သီချင်းလေး ... မင်းကြားရင် ...


စိတ် ညစ် နေ လား ?



Sunday, September 9, 2007

တစ်မိနစ် နောက်ကျ



နောက်ကျတယ် ဆို တာ အချိန်ကို မလေးစားလို့ ပါ လို့ ပြောတတ်ကျပေမယ့် လူတိုင်း နောက်ကျဖူးကြမှာပါ။ မကြာခဏ နောက်ကျဖူးသူ ဖြစ်တဲ့အတိုင်း ကျွန်တော့် နာရီကို ဆယ်မိနစ်ထိအောင်မှ ပဲ မြန်ထားခဲ့ဖူးပါတယ်။ လူတစ်ကိုယ် အတွေးတစ်မျိုးစီမဟုတ်လား အချို့ ကတော့လည်း ဒါဟာ မိမိကိုယ်ကို လှည့်ဖျားခြင်းတစ်မျိုးလို့  ဆိုကြပါတယ်။ ကိုယ့်ဟာနဲ့ ကိုယ်ကျတော့လည်း ဟုတ်နေတာပါပဲ။
ထုံးစံအတိုင်းပဲ နာရီကို မြန်ထားပေမယ့်လည်း ကျွန်တော်ကတော့ နောက်ကျတတ်မြဲ နောက်ကျ တတ်ဆဲပါပဲ။ ဒါကြောင့် အခုဆိုရင် နာရီမပတ်တာ တော်တော်တောင်ကြာပြီထင်ပါတယ်။

အဲ့ဒီလို အချိန်မှာ ကိုမျိုးကျော့ ရဲ့  သီချင်းလေးကို နားထောင်လိုက်ရတော့ တော်တော်ကို ကြိုက်သွားမိပါတယ်။ အမယ် ငါနဲ့ တော်တော်တူသားပေါ့။ အဲ့ဒီကတည်း က တူလိုက်တာ ခုချိန်ထိပါပဲ။ ဖြစ်တတ်တဲ့ သဘောလေးတွေဆိုတော့လည်း ဆက်ဖြစ်နေသေးတဲ့သဘောပါပဲ။
ခုချိန်ထိတော့ ဘ၀မှာ ကြီးကြီးမားမား အခက်အခဲ ဖြစ်လောက်အောင် နောက်မကျဖူးပေမယ့်။ နောက်ကျတတ်မှုကြောင့် အခက်အခဲတစ်ချို့  ကြုံတွေ့ ဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီသီချင်းလေးကို နားထောင်မိတိုင်း ခံစားမိတိုင်း နောက်ကျတတ်တဲ့ အကျင့်ကြောင့် ညိုနေတတ်တဲ့ မျက်နှာလေး။ စူနေတတ်တဲ့ နုတ်ခမ်းလေး။ မျက်ရည်တွေ ၀ိုင်းနေတတ်တဲ့ မျက်ဝန်းလေး အမောတကော ပြန်ချော့ခဲ့ရတဲ့ အချိန်တွေကို သတိရရင်း ..
ဒီသီချင်းမျိုးလေး ရေးပေး သီဆိုပေးခဲ့တဲ့ ကိုမျိုးကျော့ရဲ့  ဖန်တီးမှု
အနုပညာကို ဦးညွှတ်လျှက်


တစ်မိနစ် နောက်ကျ [vcd@youtube]

တေးရေး တေးဆို- မျိုးကျော့မြိုင်

တစ်မိနစ်နောက်ကျ သွားပြီ
ကားကြီးထွက်လို့ သွားပြီ
လက်ကလေးပြလို့  နုတ်ဆက်
အနမ်းများလေထဲလွင့်လို့ ထားခဲ့ ....

မင်းလေးမရှိတဲ့လမ်းဆီ
လျှောက်လို့ မတတ်တဲ့ခြေထောက်တွေ
တကယ်အသုံးမကျတဲ့ ကိုယ်လေ
ဘယ်နားရောက်ရောက်လွဲနေတယ်

တကယ် အချစ် လာပြီးတည့်လှည့်ပါ ကိုယ့်ကို
ဆယ်မိနစ်မြန်ထားတဲ့ ကိုယ်နာရီလည်း
တကယ်တမ်းသုံးလို့ မရဘူးကွယ်

နောက်ကျတတ်တဲ့အကြောင်းကို
သီချင်းတစ်ပုဒ် လုပ်ဆိုဖူးတာ
နိမိတ်ပဲလားတော့မသိတယ် ပိုပြီးနောက်ကျလို့ ရယ်

ချစ်ခဲ့ကြတဲ့ နှစ်တွေ မင်းစိတ်ဆိုးတာများနေ
ဒီတခေါက် အဝေးကြီးသွားမှာ
ကြိုသိလို့  ဂရုစိုက်မိကာမှပဲ
ပိုနောက်ကျသွားတယ် အချစ်ကလေး
တစ်မိနစ် တစ်မိနစ်ဆိုရုံလေး .....

တကယ်ချစ် လာပြီးတည့်လှည့်ပါ ကိုယ့်ကို
ဆယ်မိနစ်မြန်ထားတဲ့ ကိုယ်နာရီလည်း
တကယ်တမ်းသုံးလို့ မရဘူးကွယ် ...

သိပ်ချစ်တတ်တာအဟုတ်ပါ
မင်းချိန်းတဲ့အချိန်နောက်ကျလို့ 
သူများ ဦးသွားလိမ့်မယ်
ဆိုပြီးမစနဲ့ အချစ်ရယ်

ခဏလောက် စောင့်နေကြည့်ပါ
ဒါ နောက်ဆုံး တောင်းပန်ခြင်းပါ
အခုကတည်းကစောင့်မယ်
အပြန်ခရီးရောက်တဲ့ အထိတိုင်
အရင်ဆုံးကိုယ်ရောက်နှင့်ဖို့ကွယ်အချစ်ကလေး

ဒီ လမ်းမကြီးရဲ့ ဘေးမှာ စောင့်နေ
ဘယ်တော့မင်းပြန်လာမလဲလေ
ဘယ်တော့မင်းပြန်လာမလဲလေ ........






credited to mgcho for vcd@youtube

Thursday, August 30, 2007

မင်းမရှိလို့ မဖြစ်ဘူး


အွန်လိုင်းပေါ်မှာ အတည်အတံ့ ကျနော် ရေးခဲပါတယ်။ အပျော်သဘောမျိုးတွေပဲ
ရေးလေ့ ရှိပါတယ်။ သို့ ပေမယ် နှစ်သက်လွန်းတဲ့ မျိုးကျော့မြိုင် နဲ့ ပတ်သက်တဲ့
ဘလော့မှာ အတည့်အတံ့ ခံစားချက်လေးနဲ့ ရေးမယ်လို့  ဆုံးဖြတ်ပြီးရေးလိုက်ပါတယ်။

ကိုမျိုးကျော့ နဲ့ အသက်သိပ်မကွာလှတဲ့ ကျနော်အဖို့  ကိုမျိုးကျော့သီချင်းတွေ ထွက်ခါစကတည်းက ခုချိန်ထိ တကယ်ကို ခံစားခဲ့ရ။ ခံစားနေဆဲ ဆက်လက်ပြီးလည်း ခံစားနားဆင်နေရဦးမှာပါ။

ကိုမျိုးကျော့ သီချင်းပေါင်းများစွာ အနက်က ပထမဆုံး ထူးထူးခြားခြားလေး
စိတ်ထဲစွဲနေတဲ့ သီချင်းလေးကတော့ မျိုးကျော့မြိုင် ကိုယ်တိုင်ရေး
တေးတပုဒ်ဖြစ်တဲ့

မင်းမရှိလို့ မဖြစ်ဘူး .. ဆိုတဲ့ သီချင်းလေးပါ

ကျနော့ အတွက်ကတော့ အဲ့ဒီသီချင်းဟာ တကယ့်ကို ခံစားမှုအပြည့်နဲ့
အကြိမ်ပေါင်းများစွာ သီဆို နားဆင်ခံစား ရတဲ့ တေးတပုဒ်ပါပဲ။ဘယ်အချိန်မဆို ပြန်လည်ခံစားတိုင်း ရင်ခုန်ခဲ့ရတယ်ဆိုရင် မမှားပါဘူး။

သူ့ ပခုံးလေးထက် မှီခဲ့ ဖူးတဲ့ ကျနော်ကတော့
ကိုမျိုးကျော့ ရဲ့ မင်းမရှိလို့  မဖြစ်ဘူးဆိုတဲ့ သီချင်းလေးကို
နားဆင်ခံစားရင်း ကိုယ့်ဘ၀အတွက် အားပေးမယ့်
အလိုအပ်ဆုံး အပြုံးလေး ကို မပြောင်းလဲဘဲရင်မှာစွဲနေရင်း

အခုသီချင်းစာသားလေးကို တင်ပေးလိုက်ပါတယ်

ဖတ်ရှခံစားနိုင်ကြပါစေလို့ ......



မင်းမရှိလို့ မဖြစ်ဘူး [vcd@youtube]

တေးရေး - တေးဆို မျိုးကျော့မြိုင်

မျက်လုံးလေးမှိတ် သူ့ စကားလေး ကိုယ်ရင်ခုန်ခဲ့ဖူးတယ်
ဘေးနားမှေးစက် သူ့ အနမ်းလေး ဘယ်အခါမှ မမေ့ဘူးကွယ်
နေ့ ရက်တွေ စောင့်လို့ နေ အတွေးညတွေ အိမ်မက်ရှည်

လမ်းလေးလျောက်လို့  သူ့ပခုံးလေးထက် ကိုယ်လေမှီခဲ့ဖူးတယ်
လမ်းများပျောက်လို့  ရင်ဆိုင်အားပေးလည်း ကိုယ်လေငိုခဲ့ဖူးတယ်
အယုအယတွေ အချော့အမော့တွေ တမ်းတနေ လိုအပ်ချက်လေး

မင်းမရှိလို့ မဖြစ်ဘူးသိလား
ကိုယ့်ဘ၀အတွက် အလိုအပ်ဆုံးသိလား
မင်းမရှိလို့  တကယ် မဖြစ်ဘူးသိလား
မပြောင်းလဲဘဲ ရင်မှာစွဲနေမလား ရင်မှာစွဲနေမလား




credited to nicejulia for vcd@youtube

ပေါ့ပေါ့လေးပါပဲ


ငါဘာရေးရမလဲ ... ငါတွေးနေမိတယ်... ငါတစ်ခုခုကို ရေးချင်နေမိတယ်....
ကြည့်မနေပဲ ငါဘာတွေ မြင်နေမိတာလဲ... နားထဲမှာလည်း ငါကြားယောင်နေတယ်...
ငါ့ရဲ့အတွေးတွေ ငါ့စိတ်ထဲမှာ တစ်ခုခုချရေးလိုက်မိတော့တယ်...
ပေါ့ပေါ့လေးပါပဲ

မိုက်ကရိုဖုန်းကို ရှေ့ချပြီး
သီချင်းဆိုဖို့ ကြိုးစားရင်း
အနာဂတ်ကို လှမ်းကြည့်လိုက်တယ်
ခံစားချက်တွေရေးထားတဲ့
ငါ့ရဲ့စာသားတွေကြားမှာ
ကိုယ်တိုင်ပျောက်ဆုံးသွားပြီလား
ဘေးမှာ အဖော်တွေ ရှိသေးရဲ့လား

တစ်ခါတစ်လေမှာ ကိုယ်ဟာ ကဗျာလိုလိုစာလိုလို ရေးထားတဲ့စာသားတွေထဲမှာ ကိုယ်တိုင် ပျောက်ဆုံးနေတတ်တယ်.. သံစဉ်မပီသတဲ့ သီချင်းအပိုင်းအစတွေကြားထဲမှာ ကိုယ်တစ်ယောက်ထဲ...

ညမအိပ်တဲ့ အကြောင်းတွေ စဉ်းစားရင်း
မနက်လင်းထိ စောင့်ခဲ့တယ်
လိုနေတယ် တစ်ခုခုတော့
ဘယ်သီချင်းထဲက ရမလဲ ငါမသိဘူး
သီချင်းတွေ လိုက်နားထောင်ကြည့်တယ်
တစ်ပုဒ်တော့မှတ်မိတယ်
ကိုယ်ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ

ဒီတစ်ညလုံး ကိုယ်အိပ်မရခဲ့ဘူး ... မိုးလင်းခါစအချိန်ပိုင်းလေးမှာပဲ ကိုယ်ဒီစာကိုရေးခဲ့တယ်...
မှတ်မှတ်ရရ သီချင်းတစ်ချို့ ရေးခဲ့ဖူးတယ်... တစ်ချို့သီချင်းလေးတွေ မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်..
ကိုယ့်ကိုကိုယ် ဘာလိုချင်မှန်းမသိတဲ့ အချိန်တွေမှာ ဒီသီချင်းတွေလိုက်နားထောင်မိတယ်..
သီချင်းတစ်ပုဒ်ကတော့ အမြဲတမ်း သတိရလို့နေမယ်.. Forget.Me.Not !!


အချစ်ကို တွေ့ခဲ့ရတယ်
ကိုယ့်စိတ်နဲ့မဖြစ်ဘူး
ပူလောင်စေတယ်၊ ဝေခွဲလို့မရဘူး
သံယောဇဉ်ဖြစ်တယ်၊ သနားတယ်
ငါဘာလုပ်ရမလဲ ...
မေ့လိုက်တယ်
အပြုံးတွေ အချစ်တွေ
မေ့လိုက်တယ် ...
ငါရက်စက်ခဲ့တယ်

အချစ်တွေများစွာ ငါတွေ့ခဲ့ဖူးတယ် ... အချစ်ဆိုတာဘာလဲ? ငါမသိသေးဘူး ...
တစ်ချို့ပြောတာ ပေးဆပ်ခြင်းတဲ့ ... တစ်ချို့ကျတော့ ရယူမှု ပိုဆိုင်လိုခြင်းသာ ...
ပေးဆပ်ခြင်းနဲ့ ရယူလိုမှုမပါတဲ့ အချစ်တစ်ခုကိုငါ တွေ့ခဲ့ရတယ်... ငါမပိုင်ဆိုင်တဲ့အချစ်ပဲ..
သနားတာ ရက်စက်မှု သံယောဇဉ်တွေ အပြုံးတွေ ငါ့စိတ်ထဲ ငါမေ့လိုက်ချင်တော့တယ် ...


ကိုယ်တနေရာရာကို ထွက်သွားချင်တယ်
လေထဲမှာလွင့်နေတဲ အတွေးတွေကို စီးမျောရင်း
ဖြည်းဖြည်းလေး အဆုံးမသတ်ချင်တဲ့နောက်မှာ
အမြင့်မားဆုံးလျင်မြန်မှုနဲ့ ဇာတ်သိမ်းချင်တယ်
နောက်ဆုံးငါမြင်လိုက်တယ် တံခါးပေါက်တစ်ခု ပွင့်နေတယ်
ပေါ့ပေါ့လေးပဲ ... ငါထွက်သွားလိုက်တယ်

အရာရာကိုအရှုံးပေးပြီး အဝေးဆုံးကို ထွက်ပြေးသွားချင်မိတဲ့စိတ်မျိုး ခဏခဏ ဖြစ်တတ်တယ်.. လွင့်မျောနေ ငါ့ရဲ့စိတ်တွေ ထိန်းမရ ချုပ်မရ .. နယ်လွန်တိုက်စားခြင်းတွေ သွေးသားထဲအထိ တိုးဝင်လို့လာတယ် .. ငါလေ တမြေ့မြေ့နဲ့ လောင်ကျွမ်းနေရမယ့်အစား အမြင့်မားဆုံးတောက်ပခဲ့ပြီး အမြန်ဆုံးကြွေကျသွားတဲ့ ကြယ်လေးတစ်ပွင့်ကို အားကျမိတယ်.. ဘ၀ရဲ့ နောက်ဆုံးထွက်ပေါက်ကို ငါလှမ်းကြည့်တယ်... လျှောက်ရမှာက ဒီတစ်လမ်းထဲပဲ .. ဘာကြောင့်ဝေးနေရတာလဲ...
ငါ့ရဲ့တံခါးကိုသာ ဖွင့်လိုက်ပါတော့ ... ခွင့်မလွှတ်နိုင်လည်း ခွင့်ပြုပါ... ငါသွားပါရစေ...

အခြံအရံ နတ်သမီးတို့ များစွာ
ပူလောင်နေတဲ့ ငါ့ရဲ့ဘေးမှာ
အတူတူထိုင်ကာ လေခြင်းတိုးသံ
ကိုယ့်ရဲ့အကြောင်းတွေလား
ငါဟာဘယ်သူလဲ မသိပါ
အတူတူပျော်နေတဲ့ ဒီညမှာ
အခြွေအရံတွေဘေး ခြံရံထား
ငါဟာ ပေါ့ပေါ့လေးပါလား

နောက်ဆုံး..ဖြူရော်ရော် အမြင်အာရုံ ၀ိုးတ၀ါးကြားမှာ နားထဲ ကြားတစ်ချက် မကြားတစ်ချက်နဲ့ ...
ဒါ...လက်ထပ်ပွဲလား.. အသုဘပဲလား.. ဒီလိုပွဲမျိုးတွေမှာ ကြားရတတ်တဲ့ဂီတ.. ပီယာနိုတီးသံ ...
ဒါ...သတို့သမီး လှမ်းလျှောက်ထွက်လာတာလား... ခေါင်းတလားကိုပဲ သယ်လာကြတာများလား ...
ဒါ...ငါမမြင်ရတဲ့ ငါပဲလား.. ငါမသိနိုင်တဲ့ ငါပဲလား.. ငါဘယ်သူလဲ.. ငါဘာလဲ.. ငါမသိနိုင်တော့ ...
မျက်စိမှိတ်လိုက်ရင် အရာအားလုံး ရပ်တန့် မှောင်မိုက် ပြီးဆုံးပြီ နတ်သမီးရေ... ပေါ့ပေါ့လေးပါလား ...


Although Myo Kywat Myaing has mostly written his own songs, this melody is originally sampled from "Sleeping With An Angel" by The Real McCoy.

I've been around, been in the lost and found
Then I found myself in your eyes ...

I've been in love, and I've seen it all fall apart
I hurt so bad, and I hurt somebody real bad
I didn't think I could ever feel love again ...

I'm sleeping with an angel. She makes me feel so good.
Sleeping with an Angel. I didn't know I could.
But I've done too many wrongs, sung too many songs,
to be sleeping with an angel, sleeping with an angel.

And in your eyes I see the light ...
of a million candles burning bright...
And in your eyes I see the light ...
of a million candles burning bright...