Showing posts with label interview. Show all posts
Showing posts with label interview. Show all posts
Monday, March 17, 2008
Thursday, January 3, 2008
Wednesday, December 19, 2007
Thursday, November 8, 2007
Interview @ Planet (Mar 2007)
မတ်လ(၂၄)ရက်နေ့က အင်းလျားလိတ်မှာ ပြုလုပ်တဲ့ Summer Festival ပွဲတော်မှာ သီဆိုဖျော်ဖြေဖို့ ရောက်လာတဲ့ ကိုမျိုးကျော့မြိုင်နဲ့ တွေ့ခဲ့ရပါတယ်။ စင်ပေါ်မတက်ရသေးခင် အေးအေးဆေးဆေး စောင့်ဆိုင်းနေတဲ့ သူ့ဆီကိုသွားပြီးတော့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
အစ်ကို့ရဲ့ လတ်တလော လုပ်ကိုင်နေတာလေးတွေက စပြီးပြောပေးပါဦး။အခု စိုင်းစိုင်း Birthday ဟာကို Mix Down နဲ့ Master မနေ့တစ်နေ့ကပဲ ပြီးသွားလို့ အပ်လိုက်ပြီ။ ပြီးတော့ ကျားပေါက်ရဲ့ အင်္ဂလိပ်သီချင်းတွေ Mix Down ဆွဲနေတာပေါ့။ ကျွန်တော်နဲ့ မထွန်းအိန္ဒြာဗို အတွဲခွေကတော့ ပြီးသွားလို့ ပေးထားတာကြာပြီ။ ဒါပေမယ့် ခုထိ ဘာမှတော့ မပြောသေးဘူးလေ။ ကျွန်တော့်ရဲ့ ငါးပုဒ်တွဲ သီချင်းတွေကိုလည်း MTV လုပ်ထားပါတယ်။
အစ်ကိုက သီချင်းဆိုတာထက် အင်ဂျင်နီယာပိုင်းကို ပိုပြီးလုပ်ဖြစ်နေပါသလား။ဆိုတာက ဆိုပါတယ်။ ဆိုနေပါတယ်။ ဒါပေမယ့် အခုခေတ် ခွေ အခြေအနေနဲ့ဆိုတော့ ကျွန်တော်က သူများကို ပိုလုပ်ပေးတာများတယ်။ သီချင်းတီးပေးတာတို့၊ ထွန်းထွန်းတို့ ဘာတို့ကို လုပ်ပေးတာတို့ အဲလိုမျိုးတွေ ပိုများတာပေါ့။ ကျွန်တော့် အရွယ်နဲ့ကျတော့ ဘယ်လိုဖြစ်သွားပြီလဲ ဆိုတော့ ပရိုဂျူဆာက ၁၀-ပုဒ် ၁၅-ပုဒ် လာလုပ်ပါ ဆိုတာထက်လေ၊ ကိုယ့်ဟာကိုယ် ပျော်သလောက်ပဲ ကိုယ်လုပ်တာမျိုး၊ ကိုယ်က နေရာတကာ ပါချင်တာကိုး။ ပါချင်တော့ ကိုယ်လုပ်နိုင်သလောက် သူများကိုလုပ်ပေးရတာ ပို enjoy ဖြစ်လာတာပေါ့။
သီချင်းတွေကို တစ်ပုဒ်ထက်တစ်ပုဒ် ကောင်းသထက် ကောင်းလာအောင် ဘယ်လို ကြိုးစားအားထုတ် ရပါသလဲ။
အဲဒါတော့ ပြောလို့တော့မရဘူး၊ ကြိုးစားအားထုတ်တယ်လည်း မဟုတ်ဘူးပေါ့။ လူတစ်ယောက်ရဲ့ Talent နဲ့ ဆိုင်တာပေါ့နော်။ အဲဒါ ထွက်ချင်မှလည်း ထွက်တယ်၊ ကြိုးစားလို့လည်း မရနိုင်ဘူး။ မထင်မှတ်ဘဲ ဖြစ်တာတွေလည်းရှိတယ်။
ဖီလင်လာမှ လုပ်လို့ရတဲ့ သဘောလား။မဟုတ်ပါဘူး။ နေ့တိုင်းလည်း ကိုယ်က ဒီပေါ်မှာ attach ဖြစ်နေရတာပေါ့။ occupied ဖြစ်နေတော့ တခါတလေ ကိုယ်ကိုယ်နှိုက်က သိနေတာပေါ့။ အဲဒီ ကိုယ်တစ်ခု တင်ပြတော့မယ်ဆိုတာကြီးက မိုက်နေတာပေါ့။ ဒါနဲ့ မနီးစပ် နေရင်တော့ အဲဒီဘက်က အထူးအဆန်းတော့ ထွက်မှာမဟုတ်ဘူး။
အစ်ကို့သီချင်းတွေထဲမှာ မထင်မှတ်ဘဲ ပေါက်သွားတဲ့ သီချင်းတွေ ရှိသလား။မထင်မှတ်ဘဲနဲ့ ပေါက်သွားတဲ့သီချင်းတွေမရှိပါဘူး။ ကျွန်တော်က Plan လုပ်တာကိုး၊ ကိုယ်က အိုင်ဒီယာတစ်ခု ထွက်လာတယ်၊ အဲဒီ အိုင်ဒီယာကို ဘယ်မှာသုံးမလဲဆိုတာကို Plan လုပ်ထားပြီးသား။ အဲဒီ အိုင်ဒီယာကို သုံးပြီ ဆိုတဲ့အခါ ကျရင်လည်း ကျွန်တော်က ဇာတ်လမ်းအစကနေ ဇာတ်လမ်းအဆုံးအထိ စဉ်းစားထားပြီးသား။ ဇာတ်လမ်းအစပဲ အရင်ပြပေးတဲ့ ကိစ္စတွေ ရှိတယ်ပေါ့နော်။ ဥပမာ - လူဖြစ်ရတဲ့ဒုက္ခဆိုရင် ကျွန်တော် အစပေါ့နော်… လူ့ရဲ့ သံသရာအစပေါ့။ ခုန်ချတယ်ဆိုတာ လူတွေက တကယ်တမ်းခုန်ချတာမဟုတ်ဘူးလေ။ fly လုပ်တာပေါ့။ ခရီးသွားတာပေါ့၊ အဲဒီသဘောပေါ့၊ လာဦးမှာပေါ့။ ကျွန်တော်က အဲလိုတွေးထားတာပေါ့။
အစ်ကိုက အလုပ်တွေကို အရမ်းစိတ်တိုင်းကျဖြစ်မှ လွှတ်တတ်တဲ့သူမျိုးလား။ဟုတ်တယ်။ ကျွန်တော်က အရွယ်ရလာတော့ ပိုခေါင်းမာလာတာပေါ့။ နည်းနည်းဆိုရင်.. သိပ်မကောင်းဘူးလို့ ထင်ရင် ကိုယ် မလုံတော့ဘူး။ အဲဒါကို မပြချင်ဘူး လူတွေကို။ ငယ်ငယ်ကတည်းက အဲဒီလိုပဲသွားတယ်။ ဒါကြောင့်လည်း အခွေတွေ ကျဲတာပေါ့။ ကြာတယ်.. တချို့ဟာတွေလည်း မကြာသင့်ပဲ ကြာသွားတာတွေလည်း ရှိတယ်။ တချို့ဟာတွေကတော့ လက်တွေ့ကျကျ လုပ်နေရတဲ့ဟာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပဲ ကျွန်တော်တို့ကတော့ စိတ်တိုင်းကျမှ လွှတ်တာ။
ခုနကပြောသလို စိုင်းစိုင်းတို့တွေကို လုပ်ပေးတဲ့အခါမျိုး သူများတွေအတွက် လုပ်ပေးတဲ့အခါတွေမှာရော ကိုယ်စိတ်တိုင်းမကျပဲ ပေးလိုက်ရတာမျိုး ရှိလား။
အဲလိုတော့ မရှိပါဘူး။ ဥပမာ စိုင်းစိုင်းက ကျွန်တော့်ကို လာပေးတယ်ဆိုတာကလည်း ကျွန်တော်နဲ့ ကိုက်မယ့်ဟာမျိုးပဲပေါ့။ ကျွန်တော်နဲ့ မကိုက်ဘူးလို့ ယူဆတဲ့ဟာတွေဆိုရင်လည်း၊ ကျွန်တော်တို့က အချင်းချင်းဖြစ်နေတာကိုး၊ မိုးမိုးဆီကို သွားခိုင်းတာပေါ့နော်။
အခုနောက်ပိုင်း Technical ပိုင်းမှာ ပိုပြီးအားသန်နေတာလား။အဲဒီလိုလည်းမဟုတ်ပါဘူး။ Technical ပိုင်းချည်းလည်း မဟုတ်ဘူး၊ သီချင်းတွေလည်း ရေးနေပါတယ်။ နည်းနည်း.. Background မှာ ပိုနေချင်တာပေါ့။ အောင်မြင်တယ်ဆိုတာထက်လေ၊ အဲဒီ အောင်မြင်တာကို ထိန်းရတာ အရမ်းမောတယ်။ Background မှာဆိုတော့ ဘာမဆို လုပ်ပေးလို့ရတယ်။ အဲတော့ ကောင်းတာပေါ့။
အစ်ကိုက အရင်တုန်းက လုပ်ခဲ့တဲ့ အခွေတွေလည်း အရမ်းအောင်မြင်ခဲ့တယ်နော်။ အခုအချိန်မှာ အဲဒီအခွေတွေကို ပြန်ကြည့်တဲ့အခါ ဘယ်လိုမြင်လဲ
အင်း ကျွန်တော်က ဂီတသက်တမ်း ၁၈ နှစ်ရှိပါပြီ။ ပြန်ကြည့်လိုက်တော့ .. ကျွန်တော်လား ကြည်နူးတာပေါ့။ ပီတိဖြစ်တာ ပေါ့နော်။ ကျွန်တော်တို့ ခုဆိုရင် နိုင်ငံခြားခရီးသွားနေရတယ်။ အဲလို ဖျော်ဖြေပွဲရှိတယ်ဆိုရင် ကျွန်တော်တို့ထက် တခါတလေ ဒီမှာ တကယ့်ကို Talent ဖြစ်တဲ့ လူငယ်တွေ ရှိတယ်။ သူတို့ကို သွားစေချင်တယ်လေ။
လူငယ်တွေကို နေရာပေးချင်တဲ့သဘောလား။နေရာရယ်လို့မဟုတ်ဘူး၊ ကျွန်တော်က ဒီလိုဆိုလိုတာ။ ကျွန်တော်တို့ သွားတယ်ဆိုတာ လေ့လာတာတွေက များနေပြီလေ။ ကျွန်တော်တို့မှာ enough ဖြစ်တယ်.. ကျွန်တော်လိုချင်တဲ့ဟာ ရှိနေပြီပေါ့နော်။ ကျွန်တော်ကျတော့ ကိုယ့်ထက်ငယ်ရင် ပြောပြတတ်တယ်၊ ဆိုးတာရော၊ ကောင်းတာရော၊ ဖြစ်သင့်တဲ့ဟာတွေ ပြောပြတတ်တယ်။ အဲတော့ ... အဲဒီဟာတွေကို သူတို့ မြင်စေချင်တယ်၊ music နဲ့ပတ်သက်တဲ့ဟာတွေ၊ ပြီးတော့ သူတို့ကို ပါလာစေချင်တယ်။ အဲဒီလို သဘောပါ။ လူငယ်တွေကို ဦးစားပေး ဘာညာ သဘောမျိုး မဟုတ်ပါဘူး။ လူကြီးဆိုတာကတော့ လူငယ်တွေကို ဦးစားပေးသွားကြတာပဲလေ .. နောက်တော့။
အစ်ကို အသက်ဘယ်လောက် ရှိပါပြီလဲ။၃၆ ပြည့်တော့မယ်။ မပြည့်သေးဘူး။ ဧပရယ် ၂၉ မှာပြည့်မယ်။
အတွေ့အကြုံလည်း အရမ်းများပြီဆိုတော့ ကိုယ့်လိုမျိုး တစ်ယောက်ယောက်ကို ပြုစုပျိုးထောင်ချင်တာ မျိုးမရှိဘူးလား၊ ဆိုလိုတာက ကိုယ်ပိုင် သားသမီးတွေလိုမျိုးပေါ့။
ကျွန်တော်က ဒီလိုမျိုးပါ.. ကိုယ့်လို တစ်ယောက်ပေါ့နော်။ ကိုယ့်လိုလူပေါ့။ ကိုယ်က တဖြည်းဖြည်း အရွယ်ရောက်လာပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် နှမြောတတ်လာပြီ။ ကိုယ့်လိုလူမျိုးတစ်ယောက် ပျိုးထောင်ပေးချင်တယ်။ ဒါပေမယ့် ကျွန်တော်က အဆင့်ကျော်ပြီး တွေးတဲ့သဘောမှာ ရှိတယ်။ အဲဒီလို ပျိုးထောင်ဖို့ဆိုတာ ကူညီမယ့် မိန်းကလေးလိုတာပေါ့။ သဘောကတော့။ ကျွန်တော်က အဆင့်ကျော်ပြီး တွေးတဲ့အတွက်၊ အဲဒီလိုမျိုး အရွယ်တော့ ရောက်သွားတယ်။ မိန်းကလေးကြောင့် စိတ်လှုပ်ရှားမှု အရမ်းဖြစ်စေတာမျိုးတော့ သိပ်မရှိတော့ဘူး၊ ဒီအရွယ်ကျတော့လေ။ အဲလိုတော့လုပ်ချင်ပါတယ်။ ကိုယ့်လိုတော့ ရှိချင်ပါတယ်။ ကောင်းချင်လည်းကောင်းမယ်၊ ဆိုးချင်လည်းဆိုးမယ်ပေါ့လေ။
အိမ်ထောင်လုံးဝမပြုတော့ဘူးလား။အဲလိုတော့ မဟုတ်ပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာကလည်း ကိုယ်က အစစအရာရာ Plan လုပ်ဖို့ လိုတာပေါ့လေ။
အခု မြန်မာ နှစ်သစ်ကူးတော့မယ်ဆိုတော့ အစ်ကို ပရိသတ်တွေကို နှုတ်ခွန်းဆက်စကားလေး ပြောပေးပါဦး..ပရိသတ်တွေအတွက် နှစ်သစ်ကူးမှာဗျာ… လူတွေကို ချစ်စေချင်တယ်၊ လူတွေကိုလည်း ချစ်ချင်တယ်..။ လူတွေကို အတတ်နိုင်ဆုံး ကိုယ်က ကောင်းနေရင်ပဲဖြစ်ဖြစ် ဆိုးနေရင်ပဲဖြစ်ဖြစ် လူတွေကိုတော့ ကျွန်တော် မေတ္တာပို့တတ်ပါတယ်။ ကျွန်တော်က အမြဲတမ်း အဲလိုပဲလေ။ ငယ်ငယ်တုန်းက အဆိုတော် ဘာကြောင့် လုပ်ချင်တာလဲ။ ကျွန်တော် လူတွေကို ကိုယ့်မှာရှိတာကို တင်ပြချင်တယ်။ အပန်းဖြေတာပဲ ဖြစ်ဖြစ်။ အမြဲတမ်း ရောရောနှောနှော ပတ်သက်နေချင်တာ၊ ဘယ်နေရာကမဆိုပေါ့နော်။ အဲလိုမျိုးပေါ့။ အဲလိုဆိုတော့ လူတွေကိုလည်း ချစ်ချင်တယ်၊ လူတွေချစ်တာကိုလည်း ခံချင်တယ်ပေါ့နော်။
ဟုတ်ကဲ့ပါ.. ကျေးဇူးတင်ပါတယ်အစ်ကို။သူနဲ့ပြောဖြစ်ခဲ့တာတွေကတော့ ဒီလောက်ပါပဲ။ စင်မြင့်ထက်မှာ သူသီချင်းဆိုတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တွေ့မြင်ရတယ်။ တစ်ကိုယ်တည်း လှိမ့်နေပေမယ့် လူကြီးဆန် ရင့်ကျက်တည်ငြိမ်နေတဲ့ အဆိုတော်ကြီးက "မင်းအတွက်" သီချင်းကိုဆိုရင်း သူ့ဇာတ်လမ်းတွေကို သမိုင်းကြောင်းပြန်နေတော့ ပရိသတ်တွေက သဘောကျနေကြရော..။ လေးစားလောက်စရာ ၀ါရင့် အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာ လက်ရာတွေကို ဖြည်းဖြည်းနဲ့မှန်မှန် တွေ့မြင်နေကြရဦးမှာပါ ဆိုတာကို သူ့စကားတွေအရ တွေ့မြင်နိုင်ပါတယ်။ ဂီတလောကရဲ့ တခြားဘက် မျက်နှာစာမှာပါ အားဖြည့်ဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ယောက်နဲ့ ပြောခဲ့တဲ့စကားတွေကို ဒီလောက်နဲ့ ပရိသတ်တွေ ကျေနပ်နိုင်ကြမယ်လို့ မျှော်လင့်မိရင်း...။
From Planet News:Posted on Mar 26 07 - 06:38 PM | Thursday, October 25, 2007
အားရင်ဘာလုပ်

မိုးရွာတဲ့ နေ့တွေမှာ ပီယာနို တီးရင်း relax လုပ်တတ်သူ၊ ဆံပင်ကို ကိုယ်တိုင်ညှပ်တတ်တဲ့ ငါးကင်ကြိုက်သော ကိုမျိုးကျော့ရဲ့ အင်တာဗျူး အတိုအထွာလေးပါ။
credit to HtutHtake
Wednesday, September 19, 2007
MKM Interview @BBC (July 2007)
Interview @BBC (8.13MB)
BBC မြန်မာပိုင်း အစီအစဉ်ကနေ ရန်ကုန်မြို့မှ လူငယ်တစ်ဦးနဲ့ ကိုမျိုးကျော့မြိုင်ရဲ့ Interview လေးကို နားထောင်ရပါတယ်။ အစီအစဉ် ကြေငြာသူက မြန်မာပြည်မှာ ရက်ပ်ဂီတကို အစဦးဆုံး မိတ်ဆက်ခဲ့တယ်လို့ ပြောနိုင်တဲ့ နာမည်ကျော် ရက်ပ်ပါကြီး ကိုမျိုးကျော့မြိုင်နဲ့ အင်တာဗျူးလို့ ပြောသွားပါတယ်။ Interview ဆိုပေမဲ့ မေးတဲ့သူက လူငယ်ပီပီ ပေါ့ပေါ့ပါးပါးလေးတွေ မေးသွားပေမဲ့ ကိုမျိုးကျော့မြိုင်က သေချာဖြေသွားတာ နားထောင်လို့ ကောင်းပါတယ်။ဒီ Interview ကနေ သိလိုက်ရတဲ့ သတင်းတွေကတော့ ထွန်းအိန္ဒြာဗိုနဲ့ စုံတွဲခွေ ထွက်မယ်ဆိုတဲ့ အကြောင်းနဲ့ တစ်ကိုယ်တော်ခွေကို MTV နဲ့ တွဲထုတ်ဖို့ စီစဉ်နေတယ်၊ One Man Show လုပ်ဖို့လဲ ရှိတယ်ဆိုတာပါပဲ။ myanmar mp3 က april ကလွှင့်သွားတဲ့ အင်တာဗျူးမှာတော့ ထွန်းအိန္ဒြာဗိုနဲ့ ခွေက သီချင်းတွေ သူ့ဘက်က ပေးပြီးသား၊ ဘာလို့ မထွက်သေးလဲတော့ သေချာမသိတဲ့အကြောင်း၊ မထွန်းအိန္ဒြာဗိုက တင်ဇာမော်နဲ့ အတွဲခွေကို အရင်ထုတ်မယ်ထင်တဲ့အကြောင်းတွေ ဖြေသွားပေမဲ့ ထွန်းအိန္ဒြာဗိုရဲ့ နောက်ထွက်မဲ့ အခွေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာကို ပြန်ဖြေတဲ့ထဲမှာ ဒီစုံတွဲခွေထွက်မဲ့အကြောင်း လုံးဝ ထည့်မပြောထားပါဘူး။ duet ပဲဖြစ်ဖြစ်၊ single ပဲ ဖြစ်ဖြစ် ကျွန်မ သူ့ ခွေသစ်ကို မျှော်နေတာ ကြာပြီ။ MTV လုပ်ထားတဲ့ ခွေသစ် ဆိုတာ ကတော့ သီချင်း ငါးပုဒ်ပါတဲ့ခွေကို ပြောတာထင်တယ်။ one man show ကတော့ ပြောနေတာ ကြာပါပြီ။ မလုပ်ဖြစ်သေးတာပဲ ထင်ပါတယ်။ One Man Show လုပ်ရင်လည်း ကြည့်ချင်တယ်။ ပြောသာပြောတာပါ။ singapore မှာလုပ်တဲ့ ပွဲတုန်းကတောင် သွားမကြည့်ဖြစ်ဘူး။ ဂျာနယ်၊ မဂ္ဂဇင်းတွေ မဖတ်ရတော့ သတင်းတွေကို ဒီလိုမျိုး အွန်လိုင်းကနေပဲ ရှာကြံဖတ်ရပါတယ်။
ကျွန်မ သဘောကျတဲ့ အဖြေတစ်ခုက ဘာအကြောက်ဆုံးလဲမေးတာကို “ ခုနေချိန်မှာ ကျွန်တော့် စိတ်ကို ကျွန်တော် အကြောက်ဆုံးပါပဲ။ ” ဆိုတဲ့ အဖြေပါပဲ။ ကိုမျိုးကျော့မြိုင် သူရဲ့ professional ကို passionate ဖြစ်တာနဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့အရာတွေလို့ ခံယူချက်တွေကို ဖြေထားတာလဲ သဘောကျပါတယ်။ သူ့ အင်တာဗျူးထဲမှာ သီချင်းထဲကအတိုင်း ရည်းစား ၃ယောက် ရှိခဲ့ဘူးတယ်လို့ ၀န်ခံသွားတော့ ကျွန်မ သိတဲ့နာမည်တချို့ကို စဉ်းစားပြီး နည်းနည်းတောင် အလုပ်များသွားသေးတယ်။ ခံစားချက်အစစ်အမှန်နဲ့မှ သီချင်းရေးလေ့ရှိတဲ့ ကိုမျိုးကျော့မြိုင် သီချင်းစာသားတွေက အမြဲတမ်း အသက်ဝင်နေတယ်လို့ ကျွန်မ ခံစားရပါတယ်။
အင်တာဗျူးကို ဒေါင်းလုပ်ယူ နားထောင်ဖို့ မလွယ်ရင် အောက်မှာ ဖတ်လို့ရပါတယ်။
MKM Interview @BBC (July 2007)
မေး။ ကိုမျိုးကျော့ ကျွန်တော်သိချင်တာ Rap ရဲ့ အဓိပ္ပါယ်က ဘာလဲ မသိဘူး ခင်ဗျ။ နောက်ပြီးတော့ Rap နဲ့ HipHop ဘာများကွာလဲ မသိဘူး။
MKM: ဟုတ်ကဲ့။ ကျွန်တော် နားလည်သလောက်ကတော့ Rapping လုပ်တယ်ဆိုတာ any music ပေါ်မှာ rapping လုပ်လို့ရတယ်။ ပြီးတော့ ကိုယ့်ဟာကိုယ် ကျွန်တော်တို့ မြန်မာသံစဉ် သီချင်းပေါ်မှာပဲ ဖြစ်ဖြစ်။ ဆိုလိုတဲ့ သဘောကတော့ rapping ရယ်၊ rhyming လုပ်တာတို့ နောက် flowing လို့လဲ ခေါ်ကြတယ်၊ အဲဒါမျိုးတွေက အကုန်တူတူပဲဆိုတဲ့ သဘောပါပဲ။ အဲဒီတော့ တကယ်တမ်း HipHop ဆိုတာကြတော့ သူတို့ရဲ့ ကပ္ပလီ black တွေရဲ့ culture ဘက်ကို ကျောထောက်နောက်ခံထားပြီး အဲဒီကလာတဲ့ music ပုံစံတစ်ခုလို့ ကျွန်တော်ကတော့ ယူဆပါတယ်။
မေး။ သီချင်းအဆိုတော် အခု ဖြစ်လာအောင် ကျွန်တော်တို့ အရွယ်က အစ်ကို ဘာတွေလုပ်ခဲ့လဲ။ မိဘတွေကကော အစ်ကို အဆိုတော်လုပ်တာကို အားပေးခဲ့လား။
MKM: ကျွန်တော်အနေနဲ့ကတော့ လူတွေကို ပရိသတ်တွေကို ပျော်စေတဲ့ entertain လုပ်တဲ့ techno တို့ဘာတို့ ကျွန်တော်မှာ လုပ်ပြချင်တဲ့ ငယ်ငယ်လေးထဲကလဲ ပန်းချီဆွဲတော့ ဒီ ပန်းချီဆွဲရုံလောက်နဲ့လဲ ကျွန်တော် မလုံလောက်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော် သီချင်းစရေးတယ်။ ၆ တန်း ၇ တန်းလောက်က။ သီချင်းရေးတာနဲ့ မရသေးဘူး။ ဆိုကြည့်တယ်။ မိဘတွေကလဲ ဒါကို အားပေးတာ ပါပါတယ်။ ဘာမှ မပြောဘူးပေါ့။ အဲလိုနဲ့ပဲ ကျွန်တော်က ၉တန်း ၁၀တန်းလောက်မှာကျတော့ တကယ့် လက်တွေ့စတူဒီယို တွေထဲမှာ သွားဝင်လုပ်ပြီးတော့ engineering site ကိုလဲ လုပ်ကြည့်ပြီးတော့ အဲဒီ Music နဲ့ ပတ်သက်တဲ့ဟာ အကုန်လုံးကို လုပ်ချင်တဲ့လူမျိုး ဖြစ်နေတော့ အဲဒီဟာတွေနဲ့ ပတ်သက်တဲ့ နေရာတွေ၊ အနေအထားတွေ ပြီးတော့ ကျောင်းတွေ ဒါမျိုးတွေကိုတော့ ကျွန်တော် လုပ်ခဲ့ပါတယ်။
မေး။ အစ်ကို အဆိုတော်ဖြစ်ဖို့အတွက် ဘယ်လို အတားအဆီး၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရလဲ မသိဘူး။
MKM: ကျွန်တော်တို့ ခေတ်တုန်းက ဘာကြုံရလဲဆိုတော့ ... ဒီ ရန်ကုန်မှာတော့ မကြုံရပါဘူး။ နယ်တွေမှာတော့ စကားပြောတဲ့ rapping တွေစကြားရတော့ သီချင်းကို melody မဆိုတတ်လို့ ဆိုတာမျိုးတို့ အပြောခံရတဲ့ show ပွဲလေးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုယ့်ကို အဲလိုပြောနေရင် တဖြည်းဖြည်း နားလည်လာပါလိမ့်မယ်ဆိုတဲ့ စိတ်က ငယ်ငယ်တည်းက ရှိပါတယ်။ အဲလောက်ပဲ ကျွန်တော်တို့မှာ အခက်အခဲရှိပါတယ်။
မေး။ အစ်ကိုတို့ခေတ်က rapper တွေနဲ့ ကျွန်တော်တို့ခေတ်က rapper တွေနဲ့ ဘာကွာလဲမသိဘူး။
MKM: ကျွန်တော်တို့ခေတ်တုန်းကတော့ rapping ကိုပဲ အဓိကထား တာပါ။ disco beat ပေါ်မှာလည်း rapping လုပ်မယ်၊ techno တို့ trance တို့ပေါ်မှာလည်း rapping တွေဆိုမယ်၊ ဒါမျိုးပါ။ အောက်က any music ပေါ့နော်၊ ဘယ်လို music ပေါ်မှာမဆို ကျွန်တော်က အဲလို လုပ်ခဲ့တာပေါ့။ HipHop လည်း ပါပါတယ်။ ဒါပေမယ့် အခု ဒီဘက် နောက် ၁၀နှစ်ကျော် ကြာသွားတဲ့အချိန်မှာ ... ACID သူတို့ လုပ်တဲ့ တကယ့် HipHop အစစ်တွေ ကျွန်တော်တို့ စကြားရတာကိုး။ ဒီတော့ ကျွန်တော်ကတော့ ဘာကွာလဲလို့ သိလဲဆိုတော့ သူတို့က တကယ့် culture ကို ဒီ HipHop ပေါ်မှာကို ယုံကြည်မှု အပြည့်ရှိကြတယ်။ ဖက်ရှင်ကအစ၊ ၀တ်တာစားတာကအစ၊ nature ကအစ အတတ်နိုင်ဆုံး အဲဒီဘက်ကို တူအောင် လုပ်လာတာ တွေ့ရတယ်။
မေး။ အစ်ကို့ ငယ်ဘ၀မှာ မှတ်မှတ်ရရ ဘာများ ရှိလဲမသိဘူး။
MKM: အမြဲတမ်း အမှတ်ရစေမယ့် အဖြစ်အပျက်က ကျွန်တော့်မှာ အများကြီး ရှိတယ်။ အဲဒါကြတော့ ကျွန်တော်တို့ အရွယ်တွေနဲ့ ပြောရတာ နည်းနည်းခက်ပါတယ်။ အဲဒီတော့ ဘယ်လိုပြောရမလဲ မသိဘူး .... သြော် ဟုတ်ပြီ။ ကျွန်တော့်ကို ၉တန်းတုန်းက ကိုရဲခေါင်က Australia မှာ SAE ဆိုတဲ့ကျောင်းကို introduce လုပ်တယ်။ ကျွန်တော့်ကို ပန်းဖလက်ပေးတယ်။ အဲဒီတော့ ကျွန်တော်က အဲဒီဟာနဲ့ တော်တော်ကို အိပ်မက်တွေ တော်တော်စိတ်ကူးယဉ်တယ်။ ယဉ်ပြီးတော့ တကယ်တမ်းကို Singapore မှာလာဖွင့်တဲ့ SAE ကျောင်းက ပထမဆုံး launch လုပ်လာတယ်။ ကျွန်တော် အဲဒီ ကျောင်းထဲ ၀င်သွားတဲ့အချိန်မှာ ကိုယ် phamphlet မှာ မြင်ထားတဲ့ပုံတွေအထဲက ကျောင်းကြီးက အဲဒီအတိုင်းပဲဆိုတော့ အဲဒီအချိန်ကတော့ ကျွန်တော့်ရဲ့ excitement အဖြစ်ဆုံးအချိန်ပေါ့။ ဒီ teeanger ဘ၀မှာ စိတ်လှုပ်ရှားမှုပေါ့။
မေး။ အစ်ကို ငယ်ငယ်တုန်းက ရည်းစား ဘယ်နှစ်ယောက် ထားဘူးလဲ။
MKM: ရည်းစားလား ? ရည်းစားကတော့ ကျွန်တော့်နာမည်မျိုးကျော့မြိုင်ဆိုတဲ့ သီချင်းမှာ ရည်းစား ၃ယောက် ထားဘူးထားတယ်လို့ ကျွန်တော် ဆိုထားတယ်။ အဲဒါသဘောကတော့ တကယ်တမ်း ကျွန်တော် ချစ်ခဲ့တာ ၃ယောက် ဖြစ်မှာပေါ့နော်။ ကျန်တာကတော့ သူငယ်ချင်းတွေ ဖြစ်မှာပါ။
မေး။ အစ်ကို ဘာကို ကြောက်ခဲ့လဲ ငယ်ငယ်တုန်းက ... အကြောက်ဆုံးပေါ့။
MKM: ကျွန်တော် မြွေကြောက်ပါတယ်။ ခုတော့ ဘာအကြောက်ဆုံးလဲဆိုတော့ ကျွန်တော့် စိတ်ကို ကျွန်တော် အကြောက်ဆုံးပါပဲ။
မေး။ ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ ဒုက္ခထဲမှာ တယ်လီဖုန်း (ဆက်သွယ်မှုဧရိယာပြင်ပ) သီချင်းကို အကြိုက်ဆုံးပဲ။ အစ်ကို ဘယ်လို အိုင်ဒီယာတွေနဲ့ သီချင်းရေးလဲ မသိဘူး။
MKM: သီချင်းတွေကတော့ ကျွန်တော့်ဘ၀မှာ ကျွန်တော် ဖြစ်တဲ့အကြောင်း၊ ကိုယ့်အကြောင်းပဲ ကိုယ်ရေးရတဲ့ အတွက် ကိုယ်တစ်ခုခု ဖြစ်ပြီဆိုရင် အဲဒါကို ကျွန်တော် ခံနေရတဲ့ အချိန်ကတော့ ရေးလို့မရပါဘူး။ ခံနိုင်ရည်ရှိသွားပြီဆိုမှပဲ ကိုယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာလေးတွေ ချချရေးတတ်တာပါ။
မေး။ အစ်ကိုက အခုအောင်မြင်တဲ့ အဆိုတော် ဖြစ်နေပြီဆိုတော့ နောက်တစ်ခု ဘာထပ်ဖြစ်ချင်သေးလဲ မသိဘူး။
MKM: ကျွန်တော်ဘာဖြစ်ချင်လဲဆိုတော့ .... ကျွန်တော်ဆိုတဲ့ကောင်ကလဲ ခက်တာက နေရာတကာ ပါချင်တယ်။ ဒီ music ရော၊ audio ပိုင်းရော၊ visual ပိုင်းရော ပါချင်တော့ ကျွန်တော် director ဘက်ကို သွားချင်ပါတယ်။ အဲဒီမှာမှ ကျွန်တော်က soundtrack တွေ movie တွေနဲ့ ပတ်သက်တဲ့ တကယ့် အကြီးကြီးတွေ လုပ်ချင်တယ်။
မေး။ အောင်မြင်မှု ရဖို့အတွက်က ဘာများအရေးကြီးဆုံးလဲ။ ဘာအရေးကြီးဆုံးလဲ အစ်ကို။
MKM: ကျွန်တော်ကတော့ ဘယ်လိုမျိုး ယူဆသလဲဆိုတော့ ... ကိုယ့်မှာ သူများနဲ့မတူပဲ လုပ်ပြတတ်တဲ့ဟာလေးတစ်ခု ရှိရင် ကိုယ်က အဲဒီပေါ်မှာ ယုံကြည်မှု အပြည့်ရှိဖို့။ ကိုယ့်ဟာကိုယ် အမြဲတမ်း realize ဖြစ်တာမျိုး။ ဆိုလိုတဲ့သဘောက ကိုယ့်ဟာကိုယ် ပြိုင်တယ်။ သူများတွေက ဘယ်လိုကြောင့် ဘာကြောင့်ဆိုတာ လိုက်ကိုမစဉ်းစားပဲ ကိုယ်ဘယ်နားမှာ အားနည်းသွားတယ် အားသာသွားတယ်ဆိုတာ ကိုယ့်ဟာကိုယ် အသိဆုံး။ လူဆိုတာ ကိုယ့်ရဲ့ ပြောလိုက်တာဟာပဲ ဖြစ်ဖြစ်၊ လုပ်လိုက်တဲ့ဟာပဲဖြစ်ဖြစ် ဘယ်ဟာက ဘယ်လိုဆိုတာ အသိဆုံးပါ။ ဒါပေမဲ့ သိသိကြီးနဲ့ ဝေ့နေကြတာတွေ ရှိတယ်။ ကျွန်တော်ပြောချင်တာကတော့ အဲလိုမျိုးမဟုတ်ပဲ ကိုယ့်ဟာကိုယ်ပဲ comapre လုပ်ပြီး ပြိုင်တာ့။ ကိုယ့်ဟာကိုယ် ယုံကြည်မှုဟာ အလိုလို တည်ဆောက်ထားပြီးသား ဖြစ်တော့ ကိုယ်သွားရတဲ့နေရာကိုလည်း ကိုယ်က အလိုလို သိပြီးသား ဖြစ်နေမှာပေါ့။ အဲလိုမျိုး ယုံယုံကြည်ကြည်သွားရင် ကိုယ်လိုတဲ့ အရပ်ကို ရောက်သွားနိုင်မှာပါ။
Saturday, September 8, 2007
Short Interview with MKM
Google မှာရှာရင်းနဲ့ မြန်မာတိုင်းမ် အင်္ဂလိပ်လိုမှာ ပါဖူးတဲ့ အင်တာဗျူးအတိုလေးကို တွေ့မိလို့ ဒီမှာ ဝေမျှတာပါ။ မြန်မာလိုကိုတော့ မရှာတွေ့ပါဘူး။ ဘယ်နှစ်၊ ဘယ်လက ဗျူးထားတာလဲတော့ မသိပါဘူး။ စားသုံးကြည့် အခွေထွက်တဲ့အချိန်လောက်ကနဲ့တူတယ်။
When did you start learning to rap?Since 1988. I love rap music so it just happened.
What kind of music do you listen mostly?
I have been listening to different styles of rapping; various beats. If I have to give an example, well, like MC Hammer, ‘real’ hip-hop, R&B music.
What is your opinion on the rapping style of other Myanmar singers?
As far as I am concerned, rapping style comes from the one’s heart, you have got to create the mood. I don’t know whose rapping style is good or bad, but what I think is: rapping style should be different from one singer to the other. I think every singer needs to have their own style. But I can say every hip-hopper who can create a different rhyme is attracting more listeners here in Myanmar.
What sort of mood do you want to create when you write lyric for songs?
What I believe is our work involves listening to what people feel about their social life and what their social problems are. And we have to compose songs with these issues in mind and convey our impressions back to the people. When I was young I used to live in an imaginary world but I am dealing nowadays with the real facts of the life.
How do you try to convey a particular message across through your songs?
Whenever I create a song, I put myself in my audiences’ shoes and try to give a simple message through my song. I use both my brain and computer to make my songs extraordinary. In my lyrics I also pay attention on how the composer could give a better overall effect for my listeners.
Which one of your songs do you appreciate most?
I don’t think my audience will ever be completely satisfied with my songs, but I like among my songs Nat thame ponepyin (Fairytale of a young princess), Thitsa shi kyay (Let’s be loyal), Min-atwet (For you) and a song from my latest album Sa thon kyi (Enjoy your food).
How would you define the word ‘music’?
The word has different meanings. Everyone will define it based on their own perspective. For me as I am in the business of creating music, and I work using computer music languages, so for me it is very difficult the to define the word.
With which composers would you like to work?
I would prefer to work with experienced musicians, who can share knowledge apart from that I think age or other factors are not so important for working together.
I understand you have been creating different kinds of rap like R&B rap Pop rap and heavy rap, among those which music you like most?
There is no specific music I can say that I like most but if you ask me the question which form of music I aspire to most I would say Myo Kyawt Mying style. I like music which can give my audience the most energy.
What sort of difficulties did you face in the earlier part of your career in creating rap music?
I was criticised for my first song Kyun daw makaung-bu (I am bad); some said it was melodically weak. But I always have confidence in my work, so I did not care about that too much.
Can we say that you are a pioneer of rap music in Myanmar?
I wouldn’t use such words.
I understand you studied music in Singapore?
Yes, I achieved a Music Producer Level certification at the Singapore Audio Engineering Institute.
Which venue you prefer to perform in?
If you ask me for outdoor performance, I would choose the Mya Yeik Nyo Royal Hotel because it has fewer stage lights. Indoors; Pioneer Club.
Who are your fans?
I think most of them are teenagers or people about my age.
Future plans?
I would like to do advanced work on multimedia music creation. I don’t want to elaborate, though, until it is substantiated.
source : Myanmar Times
Labels:
interview
Subscribe to:
Posts (Atom)









