Showing posts with label News. Show all posts
Showing posts with label News. Show all posts
Thursday, February 11, 2010
Saturday, August 23, 2008
MKM's One Man Show VCD news
Rapper အဆိုတော်ကြီး မျိုးကျော့မြိုင် တစ်ယောက် One Man Show လုပ်ထားတဲ့အပေါ် စီးရီးအခြေအနေ ဘယ်လိုရှိနေပြီလဲ ဆိုတာ သိချင်တာကြောင့် မေးကြည့်ဖြစ်ခဲ့ရာက... ကျွန်တော့် One Man Show က အဆိုတွေတော့ အကုန် ပြီးနေပြီ။ လုပ်စရာ ကျန်တာလေးတွေ လုပ်နေတာပေါ့။ ပြီးရင်တော့ EZY က ထုတ်မှာပေါ့။ ကျွန်တော်က ကျွန်တော့် အဆိုတွေတော့ ပြီးပြီ၊ အတီးလေး နည်းနည်း ကျန်သေးတာပေါ့။ အဲဒီမှာ SHOW အပြင် ကျွန်တော့်ရဲ့ အပြင်ရိုက်တဲ့ MTV တွေ ထပ်ဖြည့်ထားတာတွေလည်း ရှိသေးတာပေါ့။ သီချင်းက ရွေးထားတာ တော်တော်များတယ်။ (၂၈)ပုဒ်လောက် ရှိမယ်ထင်တယ်။ အဲဒါတွေ အကုန်လုံးက ရွေးထားပြီးသား တွေပါ။ ကျွန်တော့် One Man Show အခွေက ထွက်လာရင် ကျွန်တော့်အတွက် ဘာတွေ ထူးခြားလာနိုင်လည်း ဆိုတော့ ကျွန်တော်တစ်ခါမှ မလုပ်ခဲ့တော့ လုပ်ရမယ့် အချိန်တောင် တော်တော် နောက်ကျနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကျတော့ ခပ်အေးအေးပဲ နေတော့တာကိုး။ ဒါကြောင့်လည်း အခုမှ လုပ်ဖြစ်တာကိုး၊ ဘာတွေ ထူးခြားလာလည်း ဆိုရင်တော့ ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ ကိုယ်အသက် ကြီးလာတဲ့ အပေါ်မှာ One Man Show လုပ်တဲ့ အခါကျတော့ ပြောင်းလဲလာမှု ဘာတွေ့ရလဲ ဆိုရင် အဲဒါကျတော့ တစ်ခုတော့ ရှိတယ်။ ဘယ်လိုခေါ်မလဲ ဆိုတော့ အနုပညာသမားတိုင်း သိပါတယ်။ ကိုယ်က သီချင်းပေါ်ပဲဖြစ်ဖြစ်၊ ဂီတအနုပညာ လုပ်တဲ့အခါမှာ စိတ်နှစ်နေတဲ့အခါ ကျတော့ ကိုယ်ကသာ အသက်ကြီးလာတာ၊ လူတိုင်းက ကိုယ်နဲ့ သူငယ်တန်းကတည်းက အတူတူကြီးလာတဲ့ သူတွေလိုပဲ စိတ်ထဲမှာ ထားလို့ရတယ်။ အဲဒါက ကျွန်တော့် စိတ်ထဲမှာ ဖြစ်တဲ့ဟာလေ။ တချို့နေရာတွေမှာ လူကြီးလို နေရမယ့် သီချင်းတွေနဲ့ တွေ့ရတဲ့ အခါကျတော့ တကယ့်ကို သူငယ်တန်းကတည်းက ခင်တဲ့ သူငယ်ချင်းတွေလို ပြန်ဖြစ်သွားတယ်။ အဲဒါက အရွယ်နဲ့တော့ မဆိုင်ပါဘူး။ ဂီတပုံစံ ပြောင်းလဲလာမှုကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံပဲ ကိုယ်ထူထောင် တော့တာပါ။ နိုင်ငံတကာမှာ ရှိနေတဲ့ သီချင်း ပုံစံတွေ ငယ်ငယ်ကဆိုရင် အရမ်း နားထောင်တာပေါ့။ အခုကျတော့ နည်းနည်းလေး ကြားလိုက်ရင်ကို သူတို့ ဘယ်လိုလုပ်ချင်လဲ၊ သူတို့ဘာလဲဆိုတာ ကိုယ့်ရဲ့ အိမ်နီးချင်းတွေလို တစ်ခါတစ်လေ ဖြစ်ဖြစ်နေတယ်။ အဲဒီတော့ ကိုယ့်သီချင်းကတော့ ဘယ်သူ့ဟာပဲဆိုဆို ကိုယ့်လိုပုံစံပဲ ပေါက်ရမယ် လုပ်ယူတာတော့ မဟုတ်ဘူး ဖြစ်နေတော့တာပေါ့နော်။ Hip Hop ပွဲတော်မှာ Rapper တစ်ယောက်အနေနဲ့ လာဆိုရတာ ဘယ်လိုနေလဲ ဆိုရင်တော့ ဒီဟာက စည်းစည်းလုံးလုံးနဲ့ အဲဒီလိုတွေ လာတယ်။ လာပြီးတော့လည်း ပရိသတ်တွေက မသိသေးတဲ့ လူသစ်တွေ ရှိရင်ရှိမယ်။ သိပြီးသားတွေလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတော့ ကျွန်တော် လာရတာကို ပျော်နေပြီလေ။ အဲဒီအတွက် ကျွန်တော် ဆိုရတာကိုကျတော့ အထူးတလည် ဘာမှ မပြင်ဆင်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး ပွဲကြီးမှာ ကြည့်နေရတာကို သဘောတွေ ကျနေပြီ။ Rapper တစ်ယောက် အနေနဲ့လို့ပဲ ပြောပြော၊ ဘယ်လိုပဲ ပြောပြောပေါ့နော်။ သီချင်းပေါ်မှာတော့ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ရန်ပုံငွေ ရှိုးတွေမှာ လိုက်ဆို ပေးဖြစ်နေတာက အဲဒီအတွက် စာသားနဲ့လည်း ရေးပြလို့ မရသေးဘူး။ စိတ်ထဲမှာလည်း အဲဒီအတွက် ဆိုဖို့ သီချင်းကို ဆိုပါဆိုလို့ ဆိုဖို့ မရဲသေးဘူး။ အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေပေါ့နော်။ အဲဒီဟာတွေပေါ်မှာ ကျွန်တော် နိုင်တဲ့ဘက်ကပေါ့နော်။ နိုင်သလောက်လေး လုပ်ပေးတဲ့ သဘောပါ။ ကျွန်တော် ဒီလိုမျိုးတွေဆို ပိုလုပ်ပေးချင်ပါတယ်။ | ||
Saturday, June 21, 2008
Tuesday, April 15, 2008
မန္တလေးသင်္ကြန် မှ မျိုးကျော့မြိုင်
၂၀၀၈ သင်္ကြန်၊ မန္တလေး T Home မဏ္ဍပ်မှာ ဖျော်ဖြေနေတဲ့ မျိုးကျော့မြိုင်

Photo Credit to Bagannat from NativeMyanmar Forum

Photo Credit to Popular Journal
Photo Credit to Bagannat from NativeMyanmar Forum
Photo Credit to Popular Journal
Saturday, April 12, 2008
Myo Kyawt Myaing One Man Show News
Internet ပေါ်မှာ ဖတ်ရတဲ့ မျိုးကျော့မြိုင် one man show သတင်း၊ ဓာတ်ပုံတွေကို စုဆောင်းဖော်ပြလိုက်တာပါ။ သတင်းတစ်ခုနဲ့ တစ်ခု ဆိုသွားတဲ့ သီချင်းပုဒ်ရေ မတူတာလဲ သတိထားမိတယ်။ သတင်းတွေဖတ်ရတော့ ဒီ one man show ဟာ သူ့ရဲ့ ပရိသတ်တွေကို ကျေနပ်အားရစေမဲ့ အောင်မြင်တဲ့ show တစ်ခု ဖြစ်ခဲ့ကြောင်း သိရလို့ ဝမ်းသာရပါတယ်။ ကိုယ်တိုင်သွားမကြည့်နိုင်တဲ့အတွက် Live Show VCD ထွက်မှာကိုပဲ စောင့်ရတော့မှာပဲ။
Thursday, April 3, 2008
Tuesday, March 18, 2008
Myo Kyawt Myaing One Man Show
ကျတော်ရဲ့ crazy ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ ပထမဆုံး One Man Show ဖျော်ဖြေပွဲကို မတ်လ ၃၀-ရက်နေမှာ ရန်ကုန်မှာ ကျင်းပမယ်တဲ့ဗျာ... မန္တလေးမှာပါ လုပ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဝင်ကြေးက ၄၀၀၀-ကျပ်ကနေ ၄၅၀၀-ကျပ် အတွင်းဖြစ်လိမ့်မယ်တဲ့... ပရိတ်သတ်များ မမျှော်လင့်ထားတဲ့ ဖျော်ဖြေမယ့် ပုံစံမျိုး တင်ဆက်ဖို့ ကြိုးစားထားပြီး ပရိတ်သတ် အံ့သြသွားအောင် မျိုးကျော့မြိုင်နဲ့ အတူ ကူညီသီဆို ဖျော်ဖြေ ပေးမယ့် သူများကို ကြိုတင် ကြေညာထားမှာ မဟုတ်ကြောင်းကို အသစ်ထွက်ရှိလာတဲ့ Bi Weekly Eleven Journal ပါ သတင်းအရ သိရပါတယ်...
ကိုမျိုးကျော့မြိုင်ရဲ့ One Man Show အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...
From မောင်လှ ဒိုင်ယာရီ
Monday, March 17, 2008
မျိုးကျော့မြိုင်ရဲ့ One Man Show သတင်း
Interview တွေမှာ ပါတဲ့ စီစဉ်နေတာ ကြာလှပြီဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show ကို မတ်လ ၃၀ မှာ ဒီတစ်ခါတော့ တကယ်လုပ်ဖြစ်တော့မယ်ဆိုတာ ပေါ်ပြူလာဂျာနယ် ကနေ ဖတ်လိုက်ရပါတယ်။ မနှစ် ဧပြီမှာ အင်တာဗျူးထဲမှာ ပြောထားတဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ တစ်ခြမ်းစီ လုပ်ထားတယ်ဆိုတဲ့ အယ်လ်ဘမ်လဲ ဒီနှစ်ထဲမှာပဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ မျိုးကျော့မြိုင်ရဲ့ သီချင်းအသစ်တွေလည်း နားမထောင်ရတာ တော်တော်တော့ ကြာနေပြီ။ ဒီ One Man Show ပြီးလို့ CD, VCD ထွက်လာမယ်ဆိုတော့ သွားမကြည့်လိုက်ရတဲ့ သူ့ရဲ့ Fan တွေအတွက် အဆင်ပြေတာပေါ့။
Rap Pionner မျိုးကျော့မြိုင်ရဲ့ One Man Show မတ်လ ၃၀ ရက်နေ့ မြရိပ်ညိုမှာ ကျင်းပမည်

Source: Popular Myanmar
Subscribe to:
Posts (Atom)