Showing posts with label Shinmin. Show all posts
Showing posts with label Shinmin. Show all posts
Thursday, February 11, 2010
Saturday, August 23, 2008
MKM's One Man Show VCD news
Rapper အဆိုတော်ကြီး မျိုးကျော့မြိုင် တစ်ယောက် One Man Show လုပ်ထားတဲ့အပေါ် စီးရီးအခြေအနေ ဘယ်လိုရှိနေပြီလဲ ဆိုတာ သိချင်တာကြောင့် မေးကြည့်ဖြစ်ခဲ့ရာက... ကျွန်တော့် One Man Show က အဆိုတွေတော့ အကုန် ပြီးနေပြီ။ လုပ်စရာ ကျန်တာလေးတွေ လုပ်နေတာပေါ့။ ပြီးရင်တော့ EZY က ထုတ်မှာပေါ့။ ကျွန်တော်က ကျွန်တော့် အဆိုတွေတော့ ပြီးပြီ၊ အတီးလေး နည်းနည်း ကျန်သေးတာပေါ့။ အဲဒီမှာ SHOW အပြင် ကျွန်တော့်ရဲ့ အပြင်ရိုက်တဲ့ MTV တွေ ထပ်ဖြည့်ထားတာတွေလည်း ရှိသေးတာပေါ့။ သီချင်းက ရွေးထားတာ တော်တော်များတယ်။ (၂၈)ပုဒ်လောက် ရှိမယ်ထင်တယ်။ အဲဒါတွေ အကုန်လုံးက ရွေးထားပြီးသား တွေပါ။ ကျွန်တော့် One Man Show အခွေက ထွက်လာရင် ကျွန်တော့်အတွက် ဘာတွေ ထူးခြားလာနိုင်လည်း ဆိုတော့ ကျွန်တော်တစ်ခါမှ မလုပ်ခဲ့တော့ လုပ်ရမယ့် အချိန်တောင် တော်တော် နောက်ကျနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကျတော့ ခပ်အေးအေးပဲ နေတော့တာကိုး။ ဒါကြောင့်လည်း အခုမှ လုပ်ဖြစ်တာကိုး၊ ဘာတွေ ထူးခြားလာလည်း ဆိုရင်တော့ ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ ကိုယ်အသက် ကြီးလာတဲ့ အပေါ်မှာ One Man Show လုပ်တဲ့ အခါကျတော့ ပြောင်းလဲလာမှု ဘာတွေ့ရလဲ ဆိုရင် အဲဒါကျတော့ တစ်ခုတော့ ရှိတယ်။ ဘယ်လိုခေါ်မလဲ ဆိုတော့ အနုပညာသမားတိုင်း သိပါတယ်။ ကိုယ်က သီချင်းပေါ်ပဲဖြစ်ဖြစ်၊ ဂီတအနုပညာ လုပ်တဲ့အခါမှာ စိတ်နှစ်နေတဲ့အခါ ကျတော့ ကိုယ်ကသာ အသက်ကြီးလာတာ၊ လူတိုင်းက ကိုယ်နဲ့ သူငယ်တန်းကတည်းက အတူတူကြီးလာတဲ့ သူတွေလိုပဲ စိတ်ထဲမှာ ထားလို့ရတယ်။ အဲဒါက ကျွန်တော့် စိတ်ထဲမှာ ဖြစ်တဲ့ဟာလေ။ တချို့နေရာတွေမှာ လူကြီးလို နေရမယ့် သီချင်းတွေနဲ့ တွေ့ရတဲ့ အခါကျတော့ တကယ့်ကို သူငယ်တန်းကတည်းက ခင်တဲ့ သူငယ်ချင်းတွေလို ပြန်ဖြစ်သွားတယ်။ အဲဒါက အရွယ်နဲ့တော့ မဆိုင်ပါဘူး။ ဂီတပုံစံ ပြောင်းလဲလာမှုကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံပဲ ကိုယ်ထူထောင် တော့တာပါ။ နိုင်ငံတကာမှာ ရှိနေတဲ့ သီချင်း ပုံစံတွေ ငယ်ငယ်ကဆိုရင် အရမ်း နားထောင်တာပေါ့။ အခုကျတော့ နည်းနည်းလေး ကြားလိုက်ရင်ကို သူတို့ ဘယ်လိုလုပ်ချင်လဲ၊ သူတို့ဘာလဲဆိုတာ ကိုယ့်ရဲ့ အိမ်နီးချင်းတွေလို တစ်ခါတစ်လေ ဖြစ်ဖြစ်နေတယ်။ အဲဒီတော့ ကိုယ့်သီချင်းကတော့ ဘယ်သူ့ဟာပဲဆိုဆို ကိုယ့်လိုပုံစံပဲ ပေါက်ရမယ် လုပ်ယူတာတော့ မဟုတ်ဘူး ဖြစ်နေတော့တာပေါ့နော်။ Hip Hop ပွဲတော်မှာ Rapper တစ်ယောက်အနေနဲ့ လာဆိုရတာ ဘယ်လိုနေလဲ ဆိုရင်တော့ ဒီဟာက စည်းစည်းလုံးလုံးနဲ့ အဲဒီလိုတွေ လာတယ်။ လာပြီးတော့လည်း ပရိသတ်တွေက မသိသေးတဲ့ လူသစ်တွေ ရှိရင်ရှိမယ်။ သိပြီးသားတွေလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတော့ ကျွန်တော် လာရတာကို ပျော်နေပြီလေ။ အဲဒီအတွက် ကျွန်တော် ဆိုရတာကိုကျတော့ အထူးတလည် ဘာမှ မပြင်ဆင်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး ပွဲကြီးမှာ ကြည့်နေရတာကို သဘောတွေ ကျနေပြီ။ Rapper တစ်ယောက် အနေနဲ့လို့ပဲ ပြောပြော၊ ဘယ်လိုပဲ ပြောပြောပေါ့နော်။ သီချင်းပေါ်မှာတော့ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ရန်ပုံငွေ ရှိုးတွေမှာ လိုက်ဆို ပေးဖြစ်နေတာက အဲဒီအတွက် စာသားနဲ့လည်း ရေးပြလို့ မရသေးဘူး။ စိတ်ထဲမှာလည်း အဲဒီအတွက် ဆိုဖို့ သီချင်းကို ဆိုပါဆိုလို့ ဆိုဖို့ မရဲသေးဘူး။ အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေပေါ့နော်။ အဲဒီဟာတွေပေါ်မှာ ကျွန်တော် နိုင်တဲ့ဘက်ကပေါ့နော်။ နိုင်သလောက်လေး လုပ်ပေးတဲ့ သဘောပါ။ ကျွန်တော် ဒီလိုမျိုးတွေဆို ပိုလုပ်ပေးချင်ပါတယ်။ | ||
Saturday, September 15, 2007
မဖြစ်သင့်ဘူး
ကျွန်မ ကိုမျိုးကျော့မြိုင်ကို စစချင်း နားထောင်မိတုန်းက တော်တော်ငယ်ပါသေးတယ်။ ရက်ပ် ဆိုတာ ဘာမှန်းမသိတဲ့ အချိန်ကစလို့ နားထောင်ခဲ့ဖူးတာပါ။ “ရက်ပ်သီချင်းဆိုရင်လုံးဝမကြိုက် ” ဆိုတဲ့ သူ့ရဲ့ ခပ်ဆန်းဆန်း စာသားတွေကို ရင်းနှီးစပြူတဲ့ အချိန်ကစလို့ သူ့သီချင်းတွေကို ရူးသွပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ဦးလေး က မှတ်ချက်ချတာကို သတိရပြီး ပြုံးမိတယ်။
“နေပါဦး ... သူက ရက်ပ်သီချင်းဆိုရင် လုံးဝမကြိုက်ဆိုပြီး ဘာလို့ ရက်ပ်တွေ ဆိုနေတာတုန်း” တဲ့လေ...သူ့သီချင်းလေးတွေ တော်တော်များများနဲ့ ကျွန်မ ကြီးပြင်းလာခဲ့သလို သူဖန်တီးတဲ့ အနုပညာတွေကိုလဲ ပိုလေးစားပြီး ပိုခံစားလို့ ရလာပါတယ်။ ကျွန်မရဲ့ အကြိုက်ဆုံးသီချင်းတွေထဲကမှ အကြိုက်ဆုံး တစ်ပုဒ်ဖြစ်တဲ့ “မဖြစ်သင့်ဘူး” ဆိုတဲ့ သီချင်းလေးကို ကျွန်မ လက်လှမ်းမိသလောက် ခံစားကြည့်နေ မိတယ်။
လူဖြစ်ရတဲ့ ဒုက္ခအခွေမှာ ဂစ်တာသံလေး နဲ့ အေးအေးလေး သီဆိုထားပါတယ်။ စာသားလေးရော သံစဉ်ပါ တော်တော်လေး စွဲလမ်းမိတဲ့ သီချင်းလေးပေါ့။ ကျွန်မစိတ်က ကျွန်မ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို Remix လုပ်တာမျိုး၊ တခြားသူ တစ်ယောက်ယောက်က ပြန်ဆိုတာမျိုး သဘောမကျ တတ်ပါဘူး။ ဒီသီချင်းလေးကိုတော့ ကိုဥက္ကာဦးသာရဲ့ 2005 Remix အခွေမှာ ပြန်လည်ပါဝင်တဲ့ remix version လေးကိုပါ ကြိုက်နှစ်သက်မိ ပြန်ပါတယ်။ကျွန်မ နှစ်သက်တဲ့ ဂီတပညာရှင် နှစ်ယောက်ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်လို့ ပိုလို့တောင် စွဲစွဲလမ်းလမ်း နားထောင်မိသွားတယ်။
“မဖြစ်သင့်ဘူး” သီချင်းလေးမှာ လူတယောက်ဟာ အရာရာကို လွန်ဆန် ရုန်းကန်ရင်း မိမိကိုယ်ကို ပြန်သုံးသပ်ပြီး ငြင်းဆန်နေတယ်လို့ ခံစားမိပါတယ်။ သူမျှော်လင့် ခံစားရတဲ့ အရာတွေအားလုံး ဘာဆိုဘာမှ အရေးမပါ အရာမထင်တော့ပါလားလို့ သိလိုက်ရတဲ့ လူတစ်ယောက်ရဲ့ ခံစားမှု သံစဉ်တွေပါ။ သူ့ရဲ့ တုန်လှုပ်ထိပ်လန့်မှုတွေနဲ့ တဒင်္ဂ ရပ်တန့်ရင်း ပစ္စုပ္မန်ကာလမှာ ချောင်ပိတ်နေတဲ့သူ တစ်ယောက်ပါ။ ပြင်းထန်တဲ့ ခံစားမှုတွေကို သီချင်းစာသား ရှင်းရှင်းလေးနဲ့ သံစဉ်အေးအေးလေးသုံးပြီး ဖန်တီးသွားတာလဲ ပညာတစ်ခုပါလားလို့ မမီတဲ့ ဥာဏ်လေးနဲ့ တွေးနေမိပြန်ပါတယ်။
ကိုမျိုးကျော့ ပြောချင်တဲ့ ဘယ်အရာတွေဟာ မဖြစ်သင့်ဘူး ဆိုတာ ကို နားဆင်ကြည့်ကြပါဦး ...
ခံစားချက်များ မရှိချင်ဘူး
ဘာဖြစ်ချင်မှန်း မသိတော့ဘူး
စိတ်ကူးနဲ့ရူး မဖြစ်သင့်ဘူး
တကယ်ချစ်တာတစ်ခု မဖြစ်နိုင်ဘူး
အကြိမ်ကြိမ် ကိုယ့်ရဲ့ စိတ်တွေကြေမွ
ရင်ခုန်စရာရပ်ခဲ့ရပြီ ဒီဘဝ
အရင်လိုလေ အိမ်မက်လေးတွေ သိလား
ဒီတစ်ခါ ပြန်မမက်သင့်တော့တာ သိလား
အရာရာကို အရှုံးပေးထားတဲ့ စိတ်များ
ဘာကိုမှ မလုပ်တတ်တော့ပါ ဒီခဏ
အရင်လို ခံစားဖို့ ဖြစ်လာပြီလား
ဘာဆိုဘာမှ မသိတော့ပါအချစ်များ
မကြားချင်ဘူး သူ့သီချင်းသံများ
မရချင်ဘူး စိတ်ကူးယဉ်ဘဝ
အရင်ကအိမ်မက် အခုပြန်မက်နေရုံနဲ့
လူတယောက်ရဲ့ဘ၀ မပြည့်စုံဘူး
လိုချင်တာ ပေးအပ်ခဲ့တဲ့ ဒီခဏ
အရာရာကိုမင်း အသုံးပြုပါ ဒီခဏ
ကိုယ်လိုတာ ပြောလို့မဖြစ်တဲ့ ဒီဘဝ
ဒီတစ်ခါ နောက်ဆုံး ဖြစ်လိမ့်မယ် သိလား
အကြိမ်ကြိမ် ကိုယ့်ရဲ့စိတ်တွေ သေသွား
ရင်ခုန်စရာလဲမရှိတော့ပါ ဒီဘဝ
အရာရာဟာ အကောင်းတိုင်းမဖြစ်တာ သိလား
ခံနိုင်ရည်လုံးဝ မရှိတာ သိလား
Subscribe to:
Posts (Atom)