Showing posts with label album. Show all posts
Showing posts with label album. Show all posts

Sunday, September 7, 2008

ထစ်ချုန်းမိုး(ဇာတ်ဝင်တေးများ)

ထစ်ချုန်းမိုး (ဇာတ်ဝင်တေးများ)

၁။ ထစ်ချုန်းမိုး - ဇော်ဝင်းထွဋ်-မျိုးကျော့မြိုင်
၂။ အက်ဆစ်လိုအမုန်းများ - ဇော်ဝင်းထွဋ်
၃။ အနားမှာဘယ်သူရှိလဲ - ရင်ဂို
၎။ အစိမ်းရောင်နေ့ရက်များ - ဟယ်ရီလင်း
၅။ ၀ဋ်ကြွေး - ဇော်ဝင်းထွဋ်
၆။ မင်းနဲ့အတူ - မျိုးကျော့မြိုင်
၇။ မေ့ထားလိုက်- ရင်ဂို
၈။ အသွင်ပြောင်းမယ့်နေ့ - ဟယ်ရီလင်း
၉။ ထစ်ချုန်းမိုး - (ဗီဒီယိုအက်ဒစ်ဗာရှင်)

Download Album

Wednesday, June 25, 2008

ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ

ထွက်ခဲ့တဲ့ ခုနှစ် အတိအကျ မသိပေမဲ့ ၂၀၀၀ ခုနှစ်ကျော်လောက်မှာ ထွက်ခဲ့တယ် ထင်တဲ့ ဒီအခွေလေးကို ရှာတွေ့သလောက် ပြန်ပြီး share လုပ်လိုက်ပါတယ်။
အားလုံး ချစ်ခြင်းနဲ့ သင့်မြတ်နိုင်ကြပါစေ :)

ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ
ဟယ်ရီလင်း -လေတွေတိုက်တဲ့အချိန်
မျိုးကျော့မြိုင် - စိတ်တိုင်းမကျခြင်း
မျိုးကျော့မြိုင် - ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ
သီရိဂျေမောင်မောင် - မင်းနဲ့သာဆို
ထွန်းအိန္ဒြာဗို - အချစ်ရှိသောနေ့စွဲများ
ထွန်းအိန္ဒြာဗို - ငိုနေတဲ့အပြုံးများ
ဇော်ဝင်းထွဋ် - ကိုယ်ဘယ်လိုအရူးမျိုးလဲ

Monday, February 25, 2008

Re-uploaded by request

It was a bit late to notice a request in the comment to re-upload an album from my old MyoKyawtMyaing.com post at the very beginning of the blog. Now the dead link fixed.

Tuesday, November 6, 2007

မျိုးကျော့မြိုင် (၂) VIRUS


Virus သီချင်းကို ပြန်ကြားတော့ အဲဒီ သီချင်းပါတဲ့ အခွေကို သတိရလို့ သီချင်းတွေ ပြန်ရှာကြည့်ပါတယ်။ စက်ထဲမှာ ရှိတဲ့ သီချင်း ၃ပုဒ်လုံး Kalvin tape ကနေ mp3 ပြောင်းထားလို့ ရှိနေတာပါ။ နောက်တစ်ပုဒ်ကတော့ သူ့ Hard Disk ပျက်တဲ့ထဲ ပါသွားလို့ မရှိတော့ဘူး။ ရှားပါးတဲ့ album လေးမို့ သီချင်းတွေ ပြန်တင်ပေးလိုက်ပါတယ်။ သီချင်းများအားလုံးအတွက် Kalvin ၊ Album cover နဲ့ သီချင်း list အတွက် လိုတရကို ကျေးဇူးတင်ပါတယ်။

Wednesday, October 10, 2007

ဖွင့် ... ကြည့် ... လိုက်


ဘလောဂ် မရေးဖြစ်တာတောင် နဲနဲကြာသွားတာပဲ ...
သီချင်းတွေလည်း သိပ်နားမထောင်ဖြစ်.. နားမ၀င်တာလဲ ကြာသွားတာပေါ့ ...
ဒီလိုနဲ့ နားမထောင်ဖြစ်တာ တော်တော်ကြာခဲ့တဲ့ အယ်လ်ဘမ်လေးတစ်ခု တလောက ရလိုက်တယ်..
ပျော်တာ... ဒါ အင်တာနက်ပေါ်မှာ ရှာမရတဲ့ ရှာပါးအခွေ... ကြာလဲကြာခဲ့ပြီလေ ..


ဒီအခွေဟာ ကျွန်တော်(၁၀)တန်းပြီးစအချိန်မှာ အဲဒီ့တုန်းက နာမည်ကြီးအဆိုတော်(၆)ယောက်ကို တစ်ယောက်တစ်ပုဒ်နှုန်း အုပ်စုသီချင်းတစ်ပုဒ်နဲ့အတူ စုစည်းထားတာပါ .. အမှတ်မမှားဘူးဆိုရင် နှင်းဆီလှိုင်းက စီစဉ်တယ်ထင်တာပဲ .. ဒီအခွေမှာ ဇော်ဝင်းထွဋ်၊ ရဲသွင်၊ ဟယ်ရီလင်း၊ ရင်ဂို၊ ချစ်ကောင်း အစရှိတဲ့ ရော့ခ်ကာတွေကြားမှာ မျိုးကျော့မြိုင်ဆိုတဲ့ ရက်ပ်ပါတစ်ယောက် ပါလာပါတယ်.. စုစည်းမှု အသွင်ဆန်းလို့ စိတ်ဝင်တစားရှိခဲ့မယ့် တကယ်တမ်းထွက်တော့ ကျွန်တော်ရန်ကုန်မှာ မရှိတော့ပါဘူး .. အခွေထွက်တဲ့အကြောင်း အလင်္ကာဂီတဂျာနယ်ကနေ ဖတ်မိတော့ အိမ်ကို တကူးတက ပို့ခိုင်းရပါတယ် ... စစချင်းမှာ အုပ်စုသီချင်းကိုလဲ သိပ်အာရုံမရလိုက်သေးဘူး ... တခြားသူတွေရဲ့ သီချင်းတွေကလည်း သူတို့လုပ်နေကျပုံစံ ပုံမှန်အတိုင်းပဲ စီးသွားပါတယ်.. မျိုးကျော့မြိုင် သီချင်းကျတော့ သတိထားမိသွားတယ် ... ရက်ပ်စာသားတွေကြားက ဆိုလိုတီးလုံးလေးကြောင့်လို့ ထင်ပါတယ်..


မျိုးကျော့မြိုင်ဟာ Rappingလုပ်တဲ့နေရာမှာ ကဗျာလင်္ကာတစ်ပုဒ်လို တချိန်လုံး ကာရန်တွေ အတင်းလိုက်ညှိနေစရာမလိုပဲ beatနဲ့လိုက်ပြီး flowကို အသံနဲ့ပြန်စီးလို့ရတယ်ဆိုတာ ဒီမှာလုပ်ပြခဲ့တယ်.. ဒီထဲက hoppingလုပ်ထားတာလေးတွေကို တော်တော် သဘောကျမိတယ်.. ဒီသီချင်းကို မျိုးကျော့မြိုင်ကိုယ်တိုင် နောက်ပိုင်းမှာ ခဏခဏပြန်ဆိုခဲ့ပါတယ် .. ဒါပေမယ့် ပထမဆုံးမူရင်းက တီးလုံးလေးတော့ ပါမလာတော့ပါဘူး .. တခြားဗာရှင်တွေမှာ တီးလုံးပုံစံ ပြောင်းပြီး သူဟာနဲ့သူ ကောင်းတာပါပဲ .. ဒီအခွေကသီချင်းကို ပြန်နားထောင်ရင်တော့ မူလမူရင်း ခံစားချက်လေးတစ်ခုကို အရင်ကအတိုင်း ပြန်ရလိုက်တယ်...လို့ ကျွန်တော်ထင်မိတယ် ...


မျက်လုံးတွေဖွင့်ကြည့် ... အရှေ့ကိုတွေ့မယ် အနောက်ဖက်ကိုတွေ့ဖို့ အနောက်ကိုလှည့်မှရတယ်
အောက်ကြည့် ... ခလုတ်တိုက်မိမယ် ခလုတ်မထိဆူးမငြိအောင် ထိန်းချုပ်ရတဲ့ ဘ၀ထဲ
မျက်လုံး ... ဆိုတာ အဖွင့်အပိတ်ရှိတယ် လျှပ်တပြက် အပြောင်းလဲစက္ကန့် ပိုင်းတွေကြားထဲ
ပိတ်လိုက် ... ဖွင့်လိုက် နေ့များထဲမှာကျင်လည် ညဘက်ရောက်တော့ အားလုံးမျက်စိမှိတ်မယ်
စဉ်းစား ... ဒါဟာအိပ်မက်တဲ့လား လှလှပပမက်ကြတဲ့အခါ မိုးလင်းကြမှာ ကြောက်တယ်
အတွေးသစ် ... စိတ်ဓါတ်အသစ်နဲ့ဆေးကြော မနက်မျက်နှာသစ်ရင် လူ့ဘ၀ကြီးကိုးငေးမော ... ပန်းတိုင်ရှိရာသွားနေကြတဲ့ လူ့ဘ၀ကြီးမှာမွေးတော့
ကြည့် ... သတင်းပို့ ဦးဏှောက်ထဲအထိရောက်ဖို့
စဉ်းစား ... ခွဲခြား အမှန်နဲ့အမှားများ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လား ..

မျက်လုံး ... ဆိုတာ အဖွင့်အပိတ်ရှိတယ် လျှပ်တပြက် အပြောင်းလဲစက်ကန့်ပိုင်းတွေကြားထဲ
ပိတ်လိုက် ... ဖွင့်လိုက် နေ့များထဲမှာကျင်လည် ညဘက်ရောက်တော့ အားလုံးမျက်စိမှိတ်မယ်
စားမယ် သွားမယ် အိပ်မယ် အချိန်တန်အိမ်ပြန်ရောက်မယ်
ကြည့် ... သတင်းပို့ ဦးဏှောက်ထဲအထိရောက်ဖို့
စဉ်းစား ... ခွဲခြား အမှန်နဲ့အမှားများ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လား ..

မျက်လုံးများ ဖွင့်လို့ ကြည့်ပါ ...
မျက်လုံးများအား ဖွင့် ကြည့် လိုက် ...
ရှေ့ကြည့် .. နောက်ကြည့် ... အောက်ကြည့် ... ဘေးကြည့် ..
မျက်လုံးတွေ မျက်လုံးတွေ ဖွင့်ကြည့် ... ဖွင့် ကြည့် လိုက် ...

ဟုတ်ကဲ့ လူဆိုတာမျိုးဟာ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လားဗျာ ...
ဒါကြောင့် မျက်လုံးတွေ ဖွင့်ကြည့်လိုက်ကြပါ ... မျက်လုံးတွေ မြင်အောင်ကြည့် ဖွင့် ကြည့် လိုက် ...


မှတ်ချက်။ ဒီအခွေကို ဝေမျှပေးခဲ့တဲ့လေပြေကို ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် တစ်ခွေလုံးကို ဒီနေရာကနေ ဒေါင်းလုပ်ယူနိုင်ပါကြောင်း ...

Tuesday, September 4, 2007

မြန်မာရက်ပ်သီချင်း နားထောင်ရအောင်

တစ်လောက ဧရာဝတီကနေ ဆောင်းပါးဟောင်းလေးတစ်ခု ဖတ်ပြီး blogရေးဖို့ စိတ်ကူးတစ်ခုရလာတယ်။ ကျွန်တော်ဟာ မျိုးကျော့မြိုင် ခရေဇီလဲမဟုတ်၊ ရက်ပ်ပေါတစ်ကောင်လဲမဟုတ်၊ ဝေဖန်ရေးသမား စာရေးဆရာလဲမဟုတ်ပါဘူး။ ကျွန်တော် သိခဲ့ဖူးတဲ့ အရင်အချိန်က အကြောင်းတစ်ချို့.. ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလတစ်ခုက အရိပ်တစ်ချို့အကြောင်း.. ကျွန်တော့်စိတ်ထဲရှိတာကို နဲနဲပါးပါး ပြောချင်လို့ပါ။ ဒါဂီတဝေဖန်ရေး ဆောင်းပါးမဟုတ်သလို၊ မြန်မာပြည်မှာ ဒီလမ်းကြောင်းကို ဘယ်သူစခဲ့တယ်.. ရက်ပ်/ဟစ်ဟော့ပ်ဘိုးအေ ဘယ်သူဘယ်ဝှါ ဆိုတာတွေ အငြင်းပွါးဖို့လည်း စိတ်မ၀င်စားပါဘူး။ လက်မခံနိုင်စရာ သဘောထား မတိုက်ဆိုင်မှုများရှိပါက လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်..

Following part is taken from MyanmarTimes Interview with Myo Kyawt Myaing.

How would you define the word ‘music’?
The word has different meanings. Everyone will define it based on their own perspective. For me as I am in the business of creating music, and I work using computer music languages, so for me it is very difficult to define the word.
What sort of difficulties did you face in the earlier part of your career in creating rap music?
I was criticized for my first song ကျွန်တော်မကောင်းဘူး (I am bad); some said it was melodically weak. But I always have confidence in my work, so I did not care about that too much.
Can we say that you are a pioneer of rap music in Myanmar?
I wouldn’t use such words.


မိုးတွေရွာနေချိန်ခဏ ... မျိုးကျော့မြိုင်က သူ့ရဲ့ ပွဲဦးထွက်အခွေကို ဒီလိုကြော်ငြာခဲ့တယ်...
မြန်မာရက်ပ်သီချင်း နားထောင်ရအောင် ....

အဲသည့်အချိန် ကာလပိုင်းတုန်းက ရက်ပ်ဂီတဟာ ရန်ကုန်မြို့ပြယဉ်ကျေးမှုထဲက လူငယ်တစ်ချို့ရဲ့ ဇိမ်ခံသီချင်းသာသာပဲ ရှိပါသေးတယ်.. ၉၀နှစ်ဦးပိုင်းကနေစလို့ MTVတွေကြည့်၊ Yearbookသီချင်း စာအုပ်တွေဖတ်၊ စကော့ဈေးကိုပတ် ကျောင်းတွေပိတ်ထားလို့ သိပ်ကိုအားလပ်နေကြတဲ့ ကျွန်တော့်လို မျိုးဆက်သစ်ကလေးတွေဟာ ရက်ပ်သီချင်းနဲ့ အုပ်စုလိုက်အကတွေကို ယဉ်ပါးစပြုလာပေမယ့် လုံးဝကြီးလက်မခံကြသေးပါဘူး.. နောက်ပိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ အရင်ကြားနေကျ ဒစ်စကို တီးလုံးတွေအစား ဗန်နီလာရေခဲ... အမ်စီတူကြီး ... Rap Beatတွေ ၀င်လာပါတယ်.. အဲသည့်လို ဘန်တီရှပ်တွေ၊ ဂျင်းပန်အပြဲ၊ ကန်းထရီးဘုစွပ်နေကြတဲ့ ချာတိတ်တွေရဲ့ မြို့ပြလမ်းမကြီးပေါ်မှာ ဘက်ဂီပွပွ၊ ကပ်ဦးထုပ်နောက်ပြန်ဆောင်း၊ ဆံပင်တိုတိုညှပ် ဂျဲလ်နဲ့ထောင် နောက်စေ့မှာစာလုံး အုတ်ကွက် ဖော်စပြုချိန်မှာပဲ အဲသည့်မျိုးကျော့မြိုင်ဆိုတဲ့လူ ပိုစတာဘုတ်တစ်ချို့ပေါ်မှာ ပြောလာတယ်.. မြန်မာရက်ပ်သီချင်း နားထောင်ရအောင်...တဲ့.. ဘာလဲ မြန်မာရက်ပ်သီချင်း? နောက်နေတာလား?

စစချင်း magazineကြော်ငြာတွေမှာ သတိထားမိလာတယ်... လူတစ်ယောက် ထီးဆောင်းပြီးရပ်နေ လူ၃ယောက် ထီးတစ်ချောင်းထဲနဲ့ လမ်းလျှောက်လာတာကို ကာတွန်းတစ်ကြောင်းမျဉ်းနဲ့ ဒီဇိုင်းဆွဲထားတာပါ.. ထုံးစံအတိုင်း အခွေမထွက်ခင် ဘားလမ်းဆိုင်တွေ လေထန်ကုန်းမှာ သီချင်းသံစကြားရတယ်.. မနက်ဖြန်အကြောင်းကိုတွေးမိတယ်... ညနေခင်းကို စောင့်ကြည့်တယ်... ဘာမှမထူး ... စက်နဲ့ကူထားတဲ့အသံတွေ နားထဲလှိမ့်ဝင်လာတယ်.. နဲနဲတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ..

TVမှာ ကြော်ငြာလာတော့ ကြားလိုက်တာက ကားတိုက်မိခြင်း ... မျိုးကျော့မြိုင်နဲ့ လူတစ်ယောက်နဲ့ Mr Beanလို ကားသေးသေးလေး တစ်စင်းရယ် လက်စွဲကီးဘုတ်လေးကိုင်လို့ .. ဘယ်လိုRapperလဲ ... သူများတွေက ပွပွလျလျဝတ်တယ်.. သူက လယ်သာဂျက်ကက် တီရှပ်အနက် ဂျင်းပန်အမည်းအကျပ်နဲ့ (နောက်မှသိတာက ဒီလိုစတိုင်က Dr Dreတို့ N.W.Aတုန်းက G.Rapperတွေ ၀တ်တတ်ကြတဲ့ retroပုံစံ ဖြစ်နိုင်တယ်လို့ ထင်တယ်)

မှတ်မှတ်ရရ အခွေထွက်ပြီး နောက်တစ်ရက်မှာ ယင်းမာကနေ၀ယ်ဖြစ်တယ်.. လူတစ်ယောက် ကီးဘုတ်ထိုင်တီးနေတာလား ရုပ်ပြောင်ကောမစ်ပုံမျိုး အဖြူရောင်ကာဗာ ထူးခြားမှုမျိုးကို ကြည့်ပြီး ကားကက်ဆက်ထဲထည့် နားထောင်လိုက်တော့ မိုးကောင်းကင်မှာ သီချင်းကျ မျက်မှောင်ကြုတ်မိပြန်ရော.. ဒီသံစဉ်မျိုး ကြားဖူးသလိုပဲ... အင်း Enigma ရဲ့ Sadness ပုံစံမျိုး တုထားတာပဲ...

တစ်ခွေလုံးပြီးသွားတယ် ... နောက်ဆုံးသီချင်း အချစ်များစွာအတွက်မှာ စကားပြောပုံနဲ့ ဆိုတာကလွဲရင် ကျန်တာအများစုက slow လေးတွေချည်းပဲ..စက်အကူနဲ့ မွမ်းမံထားလို့ သံစဉ်ဆန်းသလိုလို ရှိနေတာကလွဲရင် တကယ့် Rap Beatကို မကြားလိုက်ရဘူး.. Popဆန်တဲ့ အေးအေးလေးတွေဖြစ်တဲ့ ဘယ်လိုအရူးမျိုးလဲ? ...
ဝေးနေမယ့်အချိန် ...
ဝတ်ရည် ...
မင်းကိုချစ်လို့ သီချင်းတွေကတော့ နားဝင်လွယ်တယ် ..
ပါးစပ်နဲ့ပဲ ဆိုတီးထားတဲ့ အလုပ်သိပ်များနေတယ် ပုံစံကိုတော့ သဘောကျမိတယ် ...
တိတ်ဆိတ်သောညများ jazzလိုလို bluesလိုလိုကို နောက်မှ ကြိုက်တတ်လာတယ်...
အိပ်မက်မက်တယ် နဲ့ ရူးလိမ့်မယ် ကတော့ ကြားဖူးနေကျ ရိုးရိုးရော့ခ်သီချင်း ဆန်သလိုပဲ...

ညနက်နေပြီ ဆိုထားတဲ့အတိုင်းပဲ မျိုးကျော့မြိုင်အသံ မကောင်းပါဘူး.. သူပြောသလို အသံစုတ်ကြီးကို ကွန်ပြူတာစက်တွေနဲ့ ကူထားတယ်.. အဲသည်အခွေဟာ အဲသည့်တုန်းက လူသိမများခဲ့ဘူး.. စာနယ်ဇင်းတွေထဲမှာတောင် အရေးတယူလုပ်ပြီး သိပ်မဝေဖန်ကြသလိုပဲ.. ရက်ပ်မြူးဇစ်ကို နားထောင်ကြပါတယ်ဆိုတဲ့ လူငယ်အသိုင်းဝိုင်းထဲမှာတောင် မပေါက်ခဲ့ဘူး .. မြန်မာရက်ပ်သီချင်းဆိုတဲ့ ခေတ်တစ်ခုကို ပီပီပြင်ပြင် မရောက်ခဲ့ဘူး... အခုလို ဟစ်ဟော့ပ်တွေသာ ဖြစ်လာတယ်၊ မြန်မာပြည်မှာ ဘယ်တုန်းကမှ ရက်ပ်ခေတ်မစားခဲ့ဘူး... ပြီးတော့လဲ သူ့ရဲ့ဂီတကို ရက်ပ်ချည်းသက်သက်လို့ မခံစားမိဘူး..

ဒါပေမယ့် သူ့နောက်ပိုင်း မြန်မာ့ဂီတလောကထဲမှာ စက်ကိရိယာအကူ သုံးစွဲမှုတွေ ပိုများလာသလို နည်းပညာပိုင်း ပိုတိုးလာတယ်လို့ ယူဆမိတယ်.. သီချင်းကို လူတီးတာနဲ့ စက်တီးတာ ၀ိဝါဒကွဲပြားမှုတွေ ရှိလာတယ်... လူနည်းစုအနေနဲ့တော့ သူ့ရဲ့မိတ်ဆက်မှုကို အသိအမှတ် ပြုမိလောက်တယ်လို့တော့ ပြောရမယ်.. သူ့ပရိတ်သတ်ရှိခဲ့လိုသာ သူကလဲဆက်လုပ်ခဲ့ပြီး ခုချိန်မှာ ကျွန်တော့်နာမည်မျိုးကျော့မြိုင် ပါလို့ အခိုင်အမာရပ်တည်လာနိုင်တာပဲလေ...

ဘာပဲဖြစ်ဖြစ် မိုးတွေရွာနေချိန်ခဏ မြန်မာပြည်မှာ မြန်မာRapperတစ်ယောက်တော့ ရောက်လာခဲ့တယ်

Thursday, August 30, 2007

စားသုံးကြည့်...

ကျတော် ဒိုးလုံး ဆိုတာကို မသိခင်... ဒိုးလုံးဆိုတာကို မခံစားတတ်ခင်... မျိုးကျော့မြိုင် ပါတာပဲ ဆိုပြီး ၀ယ်နားထောင် ဖြစ်ပြီး ဒီအချိန်အထိ မရိုးနိုင် နားထောင်နေသေးတဲ့ အခွေ... စနားထောင်တုန်းက ဘာတွေ ဆိုလို့ ဆိုမှန်းမသိဘဲ ယခုအချိန်အထိ ကြိုက်နှစ်သက်ဆဲ အခွေ...

“ သီချင်းတွေဆို သီချင်းတွေရေး
တကယ်တော့ လူ့ဘ၀ဆိုတာ တိုတိုလေး
ငါတို့ သမိုင်းရှိရှိတိုင်းရေးဖို့...
မင်းလည်း အသက် ၂၃
ငါလည်း အခု အသက် ၃၀
နောက် ဘယ်နှရက်လောက် လူ့ဘ၀ထဲမှာ သွားရဦးမယ် မသိတယ်... ”

“ အာ... ကိုကြီးကျော့
ကားကို ဖြည်းဖြည်းမောင်းပါဗျာ...
ကျွန်တော် မိန်းမ လိုချင်သေးတယ်... ”

စားသုံးကြည့်... ထဲက သီချင်း တစ်ပုဒ် [download]
စားသုံးကြည့်@MyanmarMp3.net
စားသုံးကြည့် (Ma ShinMinn)

Friday, August 24, 2007

MyoKyawtMyaing.com ?

ငယ်ငယ်ကတည်းက ဒိုင်ယာရီကို ပုံမှန်ရေးရမှာ ပျင်းတတ်ခဲ့လို blogging ကိုလည်း မယ်မယ်ရရ မလုပ်ဖြစ်ခဲ့တဲ့ ကျွန်တော့်လို လူမျိုးကိုမှ မျိုးကျော့မြိုင် BLOG အတွက် ၀င်ရေးပေးဖို့ ကိုမောင်လှက ခေါ်ခဲ့ရက်ပါပေတယ်။ ဒီရက်ပိုင်း blogတွေ လှည့်ဖတ်တာ များပေမယ့် ဒီ blogလေးကျ ခုထိ စမရေးဖြစ်တာ သတိထားမိပြီး၊ နောက်တော့လဲ နေးတစ်ဖိုရမ်မှာရှိတဲ့ မျိုးကျော့မြိုင့်တော့ပစ်မှာ ပြောဖြစ်ကြတဲ့ အကြောင်းလေးတစ်ခုကို သေချာချင်လို့ ဒီ blog ကို စဖွင့် လိုက်ပါတယ်။

မျိုးကျော့မြိုင်.com ဆိုတဲ့ အခွေလေး အကြောင်းပါ...


ဒီလိုပါ။ ကျွန်တော်နေးတစ်မှာ စရေးခါစ အစောဆုံးပို့စ်တွေထဲမှာ မျိုးကျော့မြိုင်ဒေါ့ကွန် အခွေကို စတင်ပေးဖူးပါတယ်။ အီးမေးလ်ကတစ်ဆင့် သူငယ်ချင်းတစ်ယောက် ပို့ပေးတာကို ပြန်ဝေမျှပေးတာပါ။ နှစ်နှစ်လောက် ရှိသွားပြီ။ ဘယ်သူ ပို့မှန်းလဲတောင် မမှတ်မိတော့ဘူး။ အဲဒီ့တုန်းက ပို့လိုက်တဲ့ သူက မျိုးကျော့မြိုင်ဒေါ့ကွန်လို့ပဲ ရေးပေးထားတယ်။ ကာဗာလည်း မပါဘူး၊ အမ်ပီ(၃) ဖိုင်နာမည်တွေ ကြည့်ပြီးပဲ သီချင်းစာရင်းကို သိရတယ်။ စုစုပေါင်း(၁၅)ပုဒ်ပါ။ ဒီသီချင်းတွေပါတယ်။

၁။ ကိုယ်ဘယ်လိုအရူးမျိုးလဲ
၂။ အနာဂတ်ပန်းချီကား
၃။ ချစ်ခြင်းနဲ့မသင့်မြတ်သူများ
၎။ ထာဝရအမြဲ
၅။ ကျွန်တာ့်နာမည် မျိုးကျော့မြိုင်
၆။ ကြင်နာသူ့အနား
၇။ မခံနိုင်ဘူး
၈။ မျက်လုံးများဖွင့်လို့ကြည့်ပါ
၉။ မျိုးကျော့မြိုင်ဒေါ့ကွန်
၁၀။ ငါတို့လန်းတဲ့နေ့
၁၁။ နောက်ကျ
၁၂။ စိတ်ညစ်နေလား
၁၃။ စိတ်တိုင်းမကျခြင်း
၁၄။ စာသုံးကြည့်
၁၅။ သတိရရင် ပြီးတာပဲ

ဒါနဲ့စကားမစပ် မျိုးကျော့မြိုင်ဒေါ့ကွန်ကို ဒီနေရာမှာ ယူလို့ရပါတယ်..

နောက်ပိုင်း မမေ၁၁က ပန်ကာတွေအတွက် မျိုးကျော့မြိုင်တော့ပစ်ကိုဖွင့်တော့ သူ့သီချင်းတွေကို တစ်နေရာတည်းမှာ တစုတစည်းတည်း ရှိစေချင်လို့ ထပ်တင်ပေးတယ်။ အဲဒီ့တုန်းက မမေ၁၁က ဒီလိုပြောခဲ့ဖူးတယ်။
အဲဒီ မျိုးကျော့မြိုင်ဒေါ့ကွန်းကို ဟိုတစ်ခါ ရှဲပေးဖူးကတည်းက ယူထားသေးတယ်။ အခုမှ ပြန်စဉ်းစားကြည့်ရင်း အဲဒါ အယ်လ်ဘမ်တစ်ခုလို သပ်သပ်ထွက်တာ မဟုတ်ပဲ သူ့သီချင်းတွေကို ဒီတိုင်း စုထားတာများလားလို့။ အဲဒီထဲမှာ ဒိုးလုံးနဲ့ စားသုံးကြည့်ထဲက သီချင်းတွေလဲပါတယ်။ ရီမစ်ထဲက သီချင်းတွေလဲ ပါတယ်။ ကျွန်တော့နာမည် မျိုးကျော့မြိုင်လည်း ပါနေတယ်။ နောက်တစ်ခုက မျိုးကျော့မြိုင်ဒေါ့ကွန်း ဆိုတာ လူဖြစ်ရတဲ့ ဒုက္ခနောက်မှာမှ နောက်ထပ် သူထွက်မယ်လို့ ပြောထားတဲ့ အယ်လ်ဘမ်နာမည် လားလို့ စိတ်ထဲမှာ ထင်နေတာ။ (မသေချာပါဘူး၊ ထင်တာပြောကြည့်တာ)


အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း မသိပါဘူး။ မြန်မာပြည်မှာ ဒီအခွေ တကယ်ပဲ ထွက်သလား၊ ပါစင်နယ် ဆလက်ရှင် လုပ်ထားတာလား ကျွန်တော်ကိုယ်တိုင် မသိပါဘူး။ မြန်မာပြည်က အကြောင်းကို အင်တာနက်ပေါ်ကပဲ ကျွန်တော်က သိနိုင်တော့ ကိုယ်လက်ထဲ ရောက်လာတာကို ပြန်ပြနိုင်တာပဲရှိတယ်။ ကျွန်တော်ကတော့ သီချင်းအဟောင်းတွေဆိုပေမယ့် အားလုံးပေါင်းကြည့်လိုက်ရင် ပုံစံတစ်ခု ပေါ်အောင် ပြန်တီး၊ ပြန်ဆိုထားတာလို့ ထင်မိတယ်။ အရင်က Rapသီချင်းတွေက ဒီထဲမှာ Alter ပိုဆန်နေတယ်။ အရင်က စက်အားသုံးပြီး remix လုပ်တာများတဲ့ မျိုးကျော့မြိုင်ဟာ ဒီထဲမှာ လူအားပိုသုံးပြီး Live band recording ပိုဖြစ်သလို ခံစားမိတယ်။ အခုနောက်ဆုံး ကိုမောင်လှက ဒီလိုပြောလာတယ်။
မျိုးကျော့မြိုင်.com ဆိုပြီး အခွေ တစ်ခွေ ထွက်ဖူးတယ်... ဒါပေမယ့် ကိုဗိုက်ပြောတဲ့ သီချင်းတွေ ပါတဲ့ အခွေ မဟုတ်ဘူး... ကျတော့်ဆီမှာ ကတ်ဆက်ခွေပဲ ရှိတယ်..
၁. ကျွန်တော့နာမည် မျိုးကျော့မြိုင်
၂. သတိရရင်ပြီးတာပဲ
၃. နောက်ကျ
၎. မျက်လုံးများဖွင့်လို့ကြည့်ပါ
၅. အမြင့်ကြီးပြန်တဲ့အခါ
၆. ကြင်နာသူအနား
၇. ကိုယ်ဘယ်လိုအရူးမျိုးလဲ
၈. ထာဝရအမြဲ
၉. ချစ်ပါ မုန်းပါ
၁၀. မျိုးကျော့မြိုင်.com
သီချင်းများ ပါပါတယ်...

ဒါကျွန်တော်တို့ ငြင်းနေကြတာ မဟုတ်ပေမယ့် ဒီအခွေအကြောင်းကို ဒီထက် ပိုသိတဲ့သူများရှိရင် ပြောပြလို့ ရအောင် ဒါလေးကိုရေးပြီး မျိုးကျော့မြိုင်BLOGကို မျိုးကျော့မြိုင်.COMနဲ့ စတင် openလိုက်ပါတယ်...