Showing posts with label feedback. Show all posts
Showing posts with label feedback. Show all posts

Monday, September 17, 2007

Feedback & Comment from C-box

Blog ရဲ့ C-box မှာ comment ပေးပြီး ပြောသွားကြတဲ့ ကိုမျိုးကျော့မြိုင် ပရိသတ်များရဲ့ စကားတွေထဲက သင့်တော်မယ် ထင်တာလေးတွေကို တစ်ပတ်တစ်ကြိမ်လောက် Blog မှာ ပြန်စုဆောင်းပြီး တင်သွားပါ့မယ်။

Feedback & Comment from C-box (08th Sept 07 to 15th Sept '07)

Friday, September 7, 2007

ကျေးဇူးတင်ရှိခြင်း


thank you

MyoKyawtMyaing.blogspot ကို 24th Aug 2008 မှာ စတင်ပြီး MKM ရဲ့ fan များမှ စုပေါင်း ရေးသားခဲ့ကြ ပါတယ်။ Link ချိတ်ပြီး ပြောပြပေးကြတဲ့ သူများနဲ့ စိတ်ဝင်တစား လာရောက် လည်ပတ်သူများကြောင့် ပထမ နှစ်ပတ်အတွင်းမှာပဲ page count 1,200 ကျော်ခဲ့ပါတယ်။

အချိန်မအားတဲ့ ကြားထဲက template setup လုပ်ပေးတဲ့ Ko MgHla နဲ့ blog header design ဆွဲပေးတဲ့ Ko Byteklay၊ ပါဝင်ရေးသားကြတဲ့ contributors များ၊ ဘလော့ဂ်ကို လာရောက်လည်ပတ်ကြတဲ့ သူများနဲ့၊ post များမှာ comment ရေးပြီး ဆွေးနွေးကြသူများ၊ c-box မှာ အကြံပေးကြတဲ့ သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီ နှစ်ပတ်အတွင်းရတဲ့ feedback များအရ တချို့ မေးခွန်းလေးတွေကို ရှင်းဖို့ ဖြစ်လာပါတယ်။ MyoKyawtMyaing Blog ဟာ ကိုမျိုးကျော့မြိုင်ရဲ့ personal blog မဟုတ်ပဲ သူ့ရဲ့ fan များမှ စုပေါင်းဖန်တီး ရေးသားကြတဲ့ Fan Blog တစ်ခုပါ။ ဒီဘလော့ဂ်မှာ မျိုးကျော့မြိုင်ရဲ့ အနုပညာ၊ ဂီတ၊ သီချင်းတွေနဲ့ ပတ်သက်လို့ ဝေမျှရေးသားချင်သူများကိုလည်း ဖိတ်ခေါ်ပါတယ်။ ရေးသားထားတဲ့ ပို့စ်များအပေါ် အပြုသဘော ထင်မြင်ချက်များနဲ့ ဝေဖန်အကြံပေးမှုများကိုလဲ အမြဲ ကြိုဆိုလျက်ပါ။ တကယ်တော့ မျိုးကျော့မြိုင်ရဲ့ သီချင်းအသစ်၊ အဟောင်းအတော်များများကို Internet music download site များမှာ ရှာလို့ လွယ်ပါတယ်။ ဒီဘလော့ဂ်ဟာ သီချင်းများကိုချည်း sharing လုပ်တဲ့ ဘလော့ဂ်မဟုတ်ပဲ မျိုးကျော့မြိုင်ရဲ့ အနုပညာနဲ့ သီချင်းများကို ကိုယ်နားလည် ခံစားမိသလို ရေးသားကြတဲ့ နေရာလေးတစ်ခုပါ။

blog နဲ့ ပတ်သက်ပြီး ဘယ်လို feature တွေ ထပ်ထည့်သင့်တယ်ဆိုတာလည်း အကြံပေးနိုင်ပါတယ်။ လောလောဆယ် feature တစ်ခုအနေနဲ့ Song of the Day အောက်မှာ မျိုးကျော့မြိုင်ရဲ့ သီချင်းများကို တစ်နေ့ တစ်ပုဒ် နားထောင်နိုင်ပါတယ်။

Click here to read some feedback & suggestions