အပြာရောင်နေ့ရက်များ (သို့) ၀င်သက်ထွက်သက်များ သီချင်းကို ပထမဆုံး ဆိုခဲ့တာ ကျော်ဟိန်းပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီ သီချင်းကို မမှီလိုက်ပေမဲ့ ၀င်သက်ထွက်သက်များ ဆိုတဲ့နာမည်နဲ့ ကျော်ဟိန်း ဆိုခဲ့တုန်းက Sting ရဲ့ version နဲ့ပဲ ဆိုလိမ့်မယ်လို့ ထင်တယ်။ Modern Antique ခွေမှာတော့ MKM, ဇေယျသော်တို့နဲ့အတူ P. Daddy version ပြောင်းပြီး ပြန်ဆိုထားပါတယ်။ ကျော်ဟိန်းဆိုထားတဲ့ chorous က နွဲ့ယဉ်ဝင်းဆိုတာထက် စာသားနည်းနည်း ပိုများတယ်။ ဒီသီချင်းမှာ MKM rap ဆိုထားတာ ပိုကြိုက်တယ်။ နောက်ဆုံးမှာ ဇေယျာသော်က ပထမဆုံး rap အပိုဒ်ကို စာသားနည်းနည်း ပြင်ပြီး ပြန်ဆိုထားတာလဲ သဘောကျတယ်။

MKM က နွဲ့ယဉ်ဝင်းနဲ့အတူ Virus II အခွေထဲမှာ ၀င်သက်ထွက်သက်များဆိုတဲ့ နာမည်နဲ့ စဆိုပါတယ်။ P.Daddy version အတိုင်းပါပဲ။ အဲဒီသီချင်းကိုပဲ အပြာရောင် နေ့ရက်များ ဆိုတဲ့အခွေမှာ title song အဖြစ် ပါခဲ့တယ်။ အဲဒီ karaoke VCD အခွေ တော်တော်ပေါက်ပါတယ်။ အဲဒီ အယ်လ်ဘမ်မှာ ပါတဲ့ သီချင်းတွေက လက်ရွေးစင်လုပ်ထားတဲ့ သီချင်းကောင်းတွေချည်းပဲ။ သီချင်းတွေ ရိုက်ထားတဲ့ ပုံစံကလည်း သာမာန်ပုံစံကနေ ခွဲထွက်ပြီး ကြည့်လို့ တော်တော်လေး ကောင်းပါတယ်။ အပြာရောင်နေ့ရက်များ သီချင်းကို MKM နဲ့အတူ ပွင့်လျာမိုးလေးက သရုပ်ဆောင်ထားပါတယ်။ P.Daddy ရဲ့ MTV ကြည့်မထားရင်တော့ မဆိုးပါဘူး။
ဝင်သက်ထွက်သက်များ နာမည်နဲ့ ချန်ပီယံလောင်းများအခွေမှာ ပြန်ဆိုထားတဲ့ version ကိုတော့ သိပ်မကြိုက်ဘူး။ ကျော်သူစိုး သီချင်းမဆိုခင် စကားပြောတာကိုလဲ သဘောမကျပါဘူး။
ဝင်သက်ထွက်သက်များ နာမည်နဲ့ ချန်ပီယံလောင်းများအခွေမှာ ပြန်ဆိုထားတဲ့ version ကိုတော့ သိပ်မကြိုက်ဘူး။ ကျော်သူစိုး သီချင်းမဆိုခင် စကားပြောတာကိုလဲ သဘောမကျပါဘူး။
“ ဟိုးရှေးရှေးတုန်းက ကြားဖူးတဲ့ HipHop သီချင်းတစ်ပုဒ်၊ ဆိုတဲ့သူတွေကလည်း အသက်တော်တော်ကြီး ကြီးနေပါပြီတဲ့။ ”အသက်က သူနဲ့ ယှဉ်ရင် ဘယ်လောက်ကြီးမလဲ၊ အလွန်ဆုံး ၁၀နှစ်ပေါ့။ (personal တွေပါကုန်ပြီ)
သီချင်းလေးက Live Show style ခပ်သွက်သွက်လေး နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျော်သူစိုး rapping ကို MKM လောက် မကြိုက်တာ အမှန်ပါ။
နောက်ဆုံး နားထောင်လိုက်ရတဲ့ version ကတော့ မြန်မာ DJ များ၏ အကောင်းစား remix များ ခွေထဲက ၀င်သက်ထွက်သက်များ နာမည်နဲ့ DJ Wine ရဲ့ remix version ပါ။

ဝင်သက်ထွက်သက်ဖြစ်လိုက်၊ အပြာရောင် နေ့ရက်ဖြစ်လိုက်နဲ့ version အမျိုးမျိုးနဲ့ ဒီသီချင်းကို မျက်စိလည်လည်သွားပေမဲ့ နားထဲ အမြဲကြားနေတာကတော့ အပြာရောင်နေ့ရက်များ Video ထဲက version လေးပါပဲ။ ကျွန်မ အမှတ်မှားယွင်းခဲ့တာ ရှိလည်း ပြင်ပေးကြပါဦးနော်။

No comments:
Post a Comment