Tuesday, April 15, 2008

မန္တလေးသင်္ကြန် မှ မျိုးကျော့မြိုင်

၂၀၀၈ သင်္ကြန်၊ မန္တလေး T Home မဏ္ဍပ်မှာ ဖျော်ဖြေနေတဲ့ မျိုးကျော့မြိုင်



Photo Credit to Bagannat from NativeMyanmar Forum





Photo Credit to Popular Journal

Monday, April 14, 2008

မျိုးကျော့မြိုင်သင်္ကြန်

သင်္ကြန်နားနီးလို့ DJ Remix သီချင်းသံတွေကြားရင် ၂၀၀၀မတိုင်ခင် နှစ်များက ထွက်ခဲ့ဘူးတဲ့ မျိုးကျော့မြိုင်ရဲ့ Remix ခွေများကို သတိရမိပါတယ်။ ဒီလို မြန်မာ သီချင်း Remix တွေကို မျိုးကျော့မြိုင်ရဲ့ အပိုင်းအစ ဆိုတဲ့ ခွေမှာ စနားထောင်ဘူးပြီး သဘောကျခဲ့ပါတယ်။ အဲဒီနောက် သင်္ကြန်နားနီးလာပြီဆိုရင် မျိုးကျော့မြိုင်ရဲ့ Remix တွေ ထွက်လာတတ်ပါတယ်။ အပိုင်းအစ (၁) ကနေပြီး အပိုင်းအစ (၁.၅) ၊ နောက် သက္ကရာဇ် ၂၀၀၀ ရီမစ်စ် ခွေတွေ ထွက်လာပြီး မျိုးကျော့မြိုင်ရဲ့ Remix သီးသန့်ခွေတွေကို နားမထောင်ရတာ တော်တော်ကြာ ရှိနေပါပြီ။ ခုနောက်ပိုင်း DJ တွေ မတိုင်ခင် ဟိုးအရင်ကတည်းက ဆန်းသစ်တဲ့ မျိုးကျော့မြိုင်ရဲ့ Remix သီချင်းတွေကို အားလုံး ပြန်နားထောင်ကြည့်လို့ရအောင် ဒီကနေ ဝေမျှလိုက်ပါတယ်။

အားလုံး သင်္ကြန်ပွဲတော်ကို ပျော်ရွှင်ဘေးရန်ကင်းစွာ ဆင်နွှဲနိုင်ကြပြီး
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။



Saturday, April 12, 2008

Myo Kyawt Myaing One Man Show News

Internet ပေါ်မှာ ဖတ်ရတဲ့ မျိုးကျော့မြိုင် one man show သတင်း၊ ဓာတ်ပုံတွေကို စုဆောင်းဖော်ပြလိုက်တာပါ။ သတင်းတစ်ခုနဲ့ တစ်ခု ဆိုသွားတဲ့ သီချင်းပုဒ်ရေ မတူတာလဲ သတိထားမိတယ်။ သတင်းတွေဖတ်ရတော့ ဒီ one man show ဟာ သူ့ရဲ့ ပရိသတ်တွေကို ကျေနပ်အားရစေမဲ့ အောင်မြင်တဲ့ show တစ်ခု ဖြစ်ခဲ့ကြောင်း သိရလို့ ဝမ်းသာရပါတယ်။ ကိုယ်တိုင်သွားမကြည့်နိုင်တဲ့အတွက် Live Show VCD ထွက်မှာကိုပဲ စောင့်ရတော့မှာပဲ။

အလင်းတန်းဂျာနယ်မှ ကြော်ငြာ

လျှပ်တပြက်ဂျာနယ်မှ သတင်း


ပေါ်ပြူလာဂျာနယ်မှသတင်း

Thursday, April 3, 2008

Congratulations Ko MKM!!!


Source: Bi Weekly Eleven Journal

Tuesday, March 18, 2008

Myo Kyawt Myaing One Man Show



ကျတော်ရဲ့ crazy ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ ပထမဆုံး One Man Show ဖျော်ဖြေပွဲကို မတ်လ ၃၀-ရက်နေမှာ ရန်ကုန်မှာ ကျင်းပမယ်တဲ့ဗျာ... မန္တလေးမှာပါ လုပ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဝင်ကြေးက ၄၀၀၀-ကျပ်ကနေ ၄၅၀၀-ကျပ် အတွင်းဖြစ်လိမ့်မယ်တဲ့... ပရိတ်သတ်များ မမျှော်လင့်ထားတဲ့ ဖျော်ဖြေမယ့် ပုံစံမျိုး တင်ဆက်ဖို့ ကြိုးစားထားပြီး ပရိတ်သတ် အံ့သြသွားအောင် မျိုးကျော့မြိုင်နဲ့ အတူ ကူညီသီဆို ဖျော်ဖြေ ပေးမယ့် သူများကို ကြိုတင် ကြေညာထားမှာ မဟုတ်ကြောင်းကို အသစ်ထွက်ရှိလာတဲ့ Bi Weekly Eleven Journal ပါ သတင်းအရ သိရပါတယ်...

ကိုမျိုးကျော့မြိုင်ရဲ့ One Man Show အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...


Monday, March 17, 2008

မျိုးကျော့မြိုင်ရဲ့ One Man Show သတင်း

Interview တွေမှာ ပါတဲ့ စီစဉ်နေတာ ကြာလှပြီဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show ကို မတ်လ ၃၀ မှာ ဒီတစ်ခါတော့ တကယ်လုပ်ဖြစ်တော့မယ်ဆိုတာ ပေါ်ပြူလာဂျာနယ် ကနေ ဖတ်လိုက်ရပါတယ်။ မနှစ် ဧပြီမှာ အင်တာဗျူးထဲမှာ ပြောထားတဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ တစ်ခြမ်းစီ လုပ်ထားတယ်ဆိုတဲ့ အယ်လ်ဘမ်လဲ ဒီနှစ်ထဲမှာပဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ မျိုးကျော့မြိုင်ရဲ့ သီချင်းအသစ်တွေလည်း နားမထောင်ရတာ တော်တော်တော့ ကြာနေပြီ။ ဒီ One Man Show ပြီးလို့ CD, VCD ထွက်လာမယ်ဆိုတော့ သွားမကြည့်လိုက်ရတဲ့ သူ့ရဲ့ Fan တွေအတွက် အဆင်ပြေတာပေါ့။

Rap Pionner မျိုးကျော့မြိုင်ရဲ့ One Man Show မတ်လ ၃၀ ရက်နေ့ မြရိပ်ညိုမှာ ကျင်းပမည်

လင်းပင်ဟိန်းရဲ့ 65 Entertainment နဲ့ ကိုကျော်ဇင်သိန်း Ezy Entertainment တို့စီစဉ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show နဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲ ကို မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီက Ginzapan မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ လင်းပင်ဟိန်း၊ ကိုကျော်ဇင်သိန်း နဲ့ ဥက္ကာဦးသာတို့က မျိုးကျော့မြိုင် အတွက် အမှတ်တရ စကားများ ပြောကြားပေးခဲ့ပြီး မျိုးကျော့မြိုင်ရဲ့ One Man Show မှာ ဥက္ကာဦးသာက နောက်ခံ Bassing တီးခတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါ One Man Show ကို မတ်လ ၃၀ ရက်နေ့ မြရိပ်ညို မှာ ကျင်းပမှာ ဖြစ်ပြီး မျိုးကျော့မြိုင်ရဲ့ စိတ်ကြိုက်သီချင်းများနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ One Man Show ကျင်းပတဲ့ နေ့မှာ ပရိသတ်များ အတွက် ထူးထူးခြားခြား အစီအစဉ်များ လုပ်ထားကြောင်း၊ အဆိုပါ One Man Show ကို လည်း ဗီစီဒီ၊ ဒီဗီဒီများ ထုတ်လုပ်ဖို့ အထိ ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့ပါတယ်။

Source: Popular Myanmar

အတည်တကျ ပြောလို့မရတဲ့ အချစ်

Click pix to read the interview



Sunday, March 2, 2008

[Happiness is...] Song of the moment


မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်
နှုတ်ခမ်းပေါ်က နေ မင်း...ပြောပါဦး
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်
မျက်ရည်ဝဲရုံလေး...နဲ့တော့ မပြောနဲ့အချစ်ရယ်

ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်
ကိုယ်မယုံဘူးအချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်


လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်
အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့

မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်
အားတင်းထားပါ လူတိုင်းဘ၀ရဲ့အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ ဘာမှ စိတ်မချဘူး

မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ... ဒီဘ၀ အမြဲလှပနေမယ်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ... ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်


Dedicated especially to my love and my bro
Song text taken from Emotional Corner
Poem & Design: PT @ Lan-O-Lay

Monday, February 25, 2008

Re-uploaded by request

It was a bit late to notice a request in the comment to re-upload an album from my old MyoKyawtMyaing.com post at the very beginning of the blog. Now the dead link fixed.

Saturday, February 23, 2008

လူဖြစ်ရတဲ့ ... အချိန်တွေကို ဖျက်ဆီးခဲ့


လူဖြစ်ရတဲ့ ....



ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ



Video credit : BurmeseClassic
Poem credit : Lan-O-Lay (Originally printed in ThaRaPhu Magazine Feb '04)