Friday, September 12, 2008

ချစ်သူ

မျိုးကျော့မြိုင် ရေးခဲ့တဲ့ ဒီ ချစ်သူ သီချင်းလေးကို ပထမဦးဆုံး ဆိုခဲ့တာ နေမျိုးဆေးပါ။ ဒီနောက်မှာ သူ ကိုယ်တိုင် ဆိုခဲ့ပြီး၊ ဖြူ ၊ အယ်လ်လွန်းဝါတို့က နောက်ပိုင်း ပြန်ဆိုခဲ့ကြပါတယ်။

ချစ်သူ
တေးရေး - မျိုးကျော့မြိုင်

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြဿနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဘယ်ချိန်ခါမဆို ကိုယ့်အနားမှာ အစဉ်ရှိတဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ် ဒီသီချင်းလေးနဲ့ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘ၀မျိုးမှာ အတူနေနိုင်ဖို့ ကိုယ်ကြိုးစားမယ်

ဒီသီချင်းလေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့ သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြသနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

Wednesday, September 10, 2008

အချစ်ကြောင့်

မျိုးကျော့မြိုင်နဲ့ ဒိုးလုံးရဲ့ စားသုံးကြည့်ထဲက သီချင်းလေးတစ်ပုဒ်ပါ။ နှလုံးသားအတွက်သီချင်း စုပေါင်းခွေမှာ ပြန်ဆိုထားပြီ ဖြူ ကလည်း သူ့ရဲ့ ပထမအခွေ ဖြူ မှာ ပြန်ဆိုထားပါတယ်။

အချစ်ကြောင့် - မျိုးကျော့မြိုင်

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာကြီးမှာ
အချစ်နာကျ အချစ်ဒဏ်များ ခံနိုင်ရည်မရှိပါ
ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက ဒီအချစ်ပါ
အိပ်လို့မရ စားလို့မရ အကြိမ်ကြိမ်သေဆုံးကာ

အချစ်ကြောင့်ပေါ့ နေ့ညတို့ ပျော်ခဲ့ဖူးသလို
အချစ်ကြောင့်ပေါ့ နှစ်လတို့ ငိုခဲ့ဖူးတာ
အသည်းကွဲကြ လွမ်ဆွေးကြ ဒီအချစ်ဟာ
ရှိလည်းကောင်း မရှိလည်းကောင်း ဒီကမ္ဘာကြီးမှာ

အိပ်မက်တွေမက်ခါ....
ကြီးပြင်းခဲ့ ဘ၀ရဲ့အစ ရင်ခုန်သံများဟာ
အခုများ ဘယ်အနားမှာ မရှိတော့ဘူး မရတော့ဘူး
တကယ်ကွာခြားလာ..

ကလေးလေးဘ၀ အချစ်သီချင်းများ ကိုယ်ချရေးကာ
အချစ်ဆိုတဲ့ စာသားတွေနဲ့ ကိုယ်ကြည်နူးလာ
လက်တွေ့ဘ၀တွေ့ရတဲ့ ဒီအချစ်ဟာ
အမည်းစက်များ လောကဓံကြား တရားခံဖြစ်လာ

ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ
ချစ်သူအပြုံး အလှဆုံး ကိုယ်ထင်ခဲ့တာ
အဆင်မပြေခဲ့သော အချိန် ဒီအချစ်ဟာ
တစ်ယောက်နဲ့တစ်ယောက်
လှည့်မကြည့်လောက်အောင် ရွံ့မုန်းလာ

အိုး...အိပ်မက်တွေမက်ကာ
ချစ်သူ အပြုံး အလှဆုံး ဒီကမ္ဘာကြီးမှာ
တကယ်ကို အခုများ ဘယ်နားမှာ
တစ်ယောက်နဲ့တစ်ယောက်
လှည့်မကြည့်လောက်အောင် ရွံမုန်းလာ

အချစ်ကြောင့်ပေါ့
ကိုယ့်ရဲ့ဘဝ
အကြိမ်ကြိမ်သေခဲ့ဖူးတာ..
ကိုယ်
သေခဲ့ဖူးတာ ...


Sunday, September 7, 2008

ထစ်ချုန်းမိုး(ဇာတ်ဝင်တေးများ)

ထစ်ချုန်းမိုး (ဇာတ်ဝင်တေးများ)

၁။ ထစ်ချုန်းမိုး - ဇော်ဝင်းထွဋ်-မျိုးကျော့မြိုင်
၂။ အက်ဆစ်လိုအမုန်းများ - ဇော်ဝင်းထွဋ်
၃။ အနားမှာဘယ်သူရှိလဲ - ရင်ဂို
၎။ အစိမ်းရောင်နေ့ရက်များ - ဟယ်ရီလင်း
၅။ ၀ဋ်ကြွေး - ဇော်ဝင်းထွဋ်
၆။ မင်းနဲ့အတူ - မျိုးကျော့မြိုင်
၇။ မေ့ထားလိုက်- ရင်ဂို
၈။ အသွင်ပြောင်းမယ့်နေ့ - ဟယ်ရီလင်း
၉။ ထစ်ချုန်းမိုး - (ဗီဒီယိုအက်ဒစ်ဗာရှင်)

Download Album

Saturday, August 23, 2008

MKM's One Man Show VCD news

Rapper အဆိုတော်ကြီး မျိုးကျော့မြိုင် တစ်ယောက် One Man Show လုပ်ထားတဲ့အပေါ် စီးရီးအခြေအနေ ဘယ်လိုရှိနေပြီလဲ ဆိုတာ သိချင်တာကြောင့် မေးကြည့်ဖြစ်ခဲ့ရာက...

ကျွန်တော့် One Man Show က အဆိုတွေတော့ အကုန် ပြီးနေပြီ။ လုပ်စရာ ကျန်တာလေးတွေ လုပ်နေတာပေါ့။ ပြီးရင်တော့ EZY က ထုတ်မှာပေါ့။ ကျွန်တော်က ကျွန်တော့် အဆိုတွေတော့ ပြီးပြီ၊ အတီးလေး နည်းနည်း ကျန်သေးတာပေါ့။ အဲဒီမှာ SHOW အပြင် ကျွန်တော့်ရဲ့ အပြင်ရိုက်တဲ့ MTV တွေ ထပ်ဖြည့်ထားတာတွေလည်း ရှိသေးတာပေါ့။ သီချင်းက ရွေးထားတာ တော်တော်များတယ်။ (၂၈)ပုဒ်လောက် ရှိမယ်ထင်တယ်။ အဲဒါတွေ အကုန်လုံးက ရွေးထားပြီးသား တွေပါ။ ကျွန်တော့် One Man Show အခွေက ထွက်လာရင် ကျွန်တော့်အတွက် ဘာတွေ ထူးခြားလာနိုင်လည်း ဆိုတော့ ကျွန်တော်တစ်ခါမှ မလုပ်ခဲ့တော့ လုပ်ရမယ့် အချိန်တောင် တော်တော် နောက်ကျနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကျတော့ ခပ်အေးအေးပဲ နေတော့တာကိုး။ ဒါကြောင့်လည်း အခုမှ လုပ်ဖြစ်တာကိုး၊ ဘာတွေ ထူးခြားလာလည်း ဆိုရင်တော့ ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ ကိုယ်အသက် ကြီးလာတဲ့ အပေါ်မှာ One Man Show လုပ်တဲ့ အခါကျတော့ ပြောင်းလဲလာမှု ဘာတွေ့ရလဲ ဆိုရင် အဲဒါကျတော့ တစ်ခုတော့ ရှိတယ်။ ဘယ်လိုခေါ်မလဲ ဆိုတော့ အနုပညာသမားတိုင်း သိပါတယ်။ ကိုယ်က သီချင်းပေါ်ပဲဖြစ်ဖြစ်၊ ဂီတအနုပညာ လုပ်တဲ့အခါမှာ စိတ်နှစ်နေတဲ့အခါ ကျတော့ ကိုယ်ကသာ အသက်ကြီးလာတာ၊ လူတိုင်းက ကိုယ်နဲ့ သူငယ်တန်းကတည်းက အတူတူကြီးလာတဲ့ သူတွေလိုပဲ စိတ်ထဲမှာ ထားလို့ရတယ်။ အဲဒါက ကျွန်တော့် စိတ်ထဲမှာ ဖြစ်တဲ့ဟာလေ။ တချို့နေရာတွေမှာ လူကြီးလို နေရမယ့် သီချင်းတွေနဲ့ တွေ့ရတဲ့ အခါကျတော့ တကယ့်ကို သူငယ်တန်းကတည်းက ခင်တဲ့ သူငယ်ချင်းတွေလို ပြန်ဖြစ်သွားတယ်။ အဲဒါက အရွယ်နဲ့တော့ မဆိုင်ပါဘူး။ ဂီတပုံစံ ပြောင်းလဲလာမှုကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံပဲ ကိုယ်ထူထောင် တော့တာပါ။ နိုင်ငံတကာမှာ ရှိနေတဲ့ သီချင်း ပုံစံတွေ ငယ်ငယ်ကဆိုရင် အရမ်း နားထောင်တာပေါ့။ အခုကျတော့ နည်းနည်းလေး ကြားလိုက်ရင်ကို သူတို့ ဘယ်လိုလုပ်ချင်လဲ၊ သူတို့ဘာလဲဆိုတာ ကိုယ့်ရဲ့ အိမ်နီးချင်းတွေလို တစ်ခါတစ်လေ ဖြစ်ဖြစ်နေတယ်။ အဲဒီတော့ ကိုယ့်သီချင်းကတော့ ဘယ်သူ့ဟာပဲဆိုဆို ကိုယ့်လိုပုံစံပဲ ပေါက်ရမယ် လုပ်ယူတာတော့ မဟုတ်ဘူး ဖြစ်နေတော့တာပေါ့နော်။ Hip Hop ပွဲတော်မှာ Rapper တစ်ယောက်အနေနဲ့ လာဆိုရတာ ဘယ်လိုနေလဲ ဆိုရင်တော့ ဒီဟာက စည်းစည်းလုံးလုံးနဲ့ အဲဒီလိုတွေ လာတယ်။ လာပြီးတော့လည်း ပရိသတ်တွေက မသိသေးတဲ့ လူသစ်တွေ ရှိရင်ရှိမယ်။ သိပြီးသားတွေလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတော့ ကျွန်တော် လာရတာကို ပျော်နေပြီလေ။ အဲဒီအတွက် ကျွန်တော် ဆိုရတာကိုကျတော့ အထူးတလည် ဘာမှ မပြင်ဆင်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး ပွဲကြီးမှာ ကြည့်နေရတာကို သဘောတွေ ကျနေပြီ။ Rapper တစ်ယောက် အနေနဲ့လို့ပဲ ပြောပြော၊ ဘယ်လိုပဲ ပြောပြောပေါ့နော်။ သီချင်းပေါ်မှာတော့ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ရန်ပုံငွေ ရှိုးတွေမှာ လိုက်ဆို ပေးဖြစ်နေတာက အဲဒီအတွက် စာသားနဲ့လည်း ရေးပြလို့ မရသေးဘူး။ စိတ်ထဲမှာလည်း အဲဒီအတွက် ဆိုဖို့ သီချင်းကို ဆိုပါဆိုလို့ ဆိုဖို့ မရဲသေးဘူး။ အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေပေါ့နော်။ အဲဒီဟာတွေပေါ်မှာ ကျွန်တော် နိုင်တဲ့ဘက်ကပေါ့နော်။ နိုင်သလောက်လေး လုပ်ပေးတဲ့ သဘောပါ။ ကျွန်တော် ဒီလိုမျိုးတွေဆို ပိုလုပ်ပေးချင်ပါတယ်။
Credit: Snap Shot Journal

Wednesday, June 25, 2008

ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ

ထွက်ခဲ့တဲ့ ခုနှစ် အတိအကျ မသိပေမဲ့ ၂၀၀၀ ခုနှစ်ကျော်လောက်မှာ ထွက်ခဲ့တယ် ထင်တဲ့ ဒီအခွေလေးကို ရှာတွေ့သလောက် ပြန်ပြီး share လုပ်လိုက်ပါတယ်။
အားလုံး ချစ်ခြင်းနဲ့ သင့်မြတ်နိုင်ကြပါစေ :)

ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ
ဟယ်ရီလင်း -လေတွေတိုက်တဲ့အချိန်
မျိုးကျော့မြိုင် - စိတ်တိုင်းမကျခြင်း
မျိုးကျော့မြိုင် - ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ
သီရိဂျေမောင်မောင် - မင်းနဲ့သာဆို
ထွန်းအိန္ဒြာဗို - အချစ်ရှိသောနေ့စွဲများ
ထွန်းအိန္ဒြာဗို - ငိုနေတဲ့အပြုံးများ
ဇော်ဝင်းထွဋ် - ကိုယ်ဘယ်လိုအရူးမျိုးလဲ

Saturday, May 31, 2008

မေ၃၁

မေ၃၁ မိုးတွေ ရွာသွန်းနေဆဲ
လမ်းမတစ်လျှောက် လမ်းလျှောက်နေလည်း
ကိုယ့်စိတ်က ဘာလိုလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုးအမြင့်ကြီးမှာ
မင်းမလိုချင်တဲ့ ကိုယ့်အချစ်တွေနဲ့
စိတ်ကူးလို့ရူးနေမိတယ် အချစ်ရယ်

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကိုသိပ်တွေ့နေချင်တယ်
အနှောင့်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့အကြောင်းတွေ မစဉ်းစားနဲ့တော့
မင်းဦးနှောက်နုနုလေး ကိုယ့်ကြောင့် စိတ်ဆင်းရဲသွားရင်
မစဉ်းစားနဲ့ ကိုယ်ဘာပဲဖြစ်ဖြစ်

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

အိပ်မက်တာတွေ အလကားဖြစ် မေ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ၃၁
ကိုယ့်ရဲ့အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သည်းမည်း ဒီမိုးစက်တွေထဲ
မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောက့်အယှက်များထဲ
ကိုယ့်အချစ်
မေ၃၁
ကိုယ်လေ မင်းအနား ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သည်းမည်း ဒီမိုးစက်လိုပဲ

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁

ကိုယ့်အပြစ်တွေ များလွန်းပါတယ်
ကိုယ့်ရဲ့အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

Tuesday, April 15, 2008

မန္တလေးသင်္ကြန် မှ မျိုးကျော့မြိုင်

၂၀၀၈ သင်္ကြန်၊ မန္တလေး T Home မဏ္ဍပ်မှာ ဖျော်ဖြေနေတဲ့ မျိုးကျော့မြိုင်



Photo Credit to Bagannat from NativeMyanmar Forum





Photo Credit to Popular Journal

Monday, April 14, 2008

မျိုးကျော့မြိုင်သင်္ကြန်

သင်္ကြန်နားနီးလို့ DJ Remix သီချင်းသံတွေကြားရင် ၂၀၀၀မတိုင်ခင် နှစ်များက ထွက်ခဲ့ဘူးတဲ့ မျိုးကျော့မြိုင်ရဲ့ Remix ခွေများကို သတိရမိပါတယ်။ ဒီလို မြန်မာ သီချင်း Remix တွေကို မျိုးကျော့မြိုင်ရဲ့ အပိုင်းအစ ဆိုတဲ့ ခွေမှာ စနားထောင်ဘူးပြီး သဘောကျခဲ့ပါတယ်။ အဲဒီနောက် သင်္ကြန်နားနီးလာပြီဆိုရင် မျိုးကျော့မြိုင်ရဲ့ Remix တွေ ထွက်လာတတ်ပါတယ်။ အပိုင်းအစ (၁) ကနေပြီး အပိုင်းအစ (၁.၅) ၊ နောက် သက္ကရာဇ် ၂၀၀၀ ရီမစ်စ် ခွေတွေ ထွက်လာပြီး မျိုးကျော့မြိုင်ရဲ့ Remix သီးသန့်ခွေတွေကို နားမထောင်ရတာ တော်တော်ကြာ ရှိနေပါပြီ။ ခုနောက်ပိုင်း DJ တွေ မတိုင်ခင် ဟိုးအရင်ကတည်းက ဆန်းသစ်တဲ့ မျိုးကျော့မြိုင်ရဲ့ Remix သီချင်းတွေကို အားလုံး ပြန်နားထောင်ကြည့်လို့ရအောင် ဒီကနေ ဝေမျှလိုက်ပါတယ်။

အားလုံး သင်္ကြန်ပွဲတော်ကို ပျော်ရွှင်ဘေးရန်ကင်းစွာ ဆင်နွှဲနိုင်ကြပြီး
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။



Saturday, April 12, 2008

Myo Kyawt Myaing One Man Show News

Internet ပေါ်မှာ ဖတ်ရတဲ့ မျိုးကျော့မြိုင် one man show သတင်း၊ ဓာတ်ပုံတွေကို စုဆောင်းဖော်ပြလိုက်တာပါ။ သတင်းတစ်ခုနဲ့ တစ်ခု ဆိုသွားတဲ့ သီချင်းပုဒ်ရေ မတူတာလဲ သတိထားမိတယ်။ သတင်းတွေဖတ်ရတော့ ဒီ one man show ဟာ သူ့ရဲ့ ပရိသတ်တွေကို ကျေနပ်အားရစေမဲ့ အောင်မြင်တဲ့ show တစ်ခု ဖြစ်ခဲ့ကြောင်း သိရလို့ ဝမ်းသာရပါတယ်။ ကိုယ်တိုင်သွားမကြည့်နိုင်တဲ့အတွက် Live Show VCD ထွက်မှာကိုပဲ စောင့်ရတော့မှာပဲ။

အလင်းတန်းဂျာနယ်မှ ကြော်ငြာ

လျှပ်တပြက်ဂျာနယ်မှ သတင်း


ပေါ်ပြူလာဂျာနယ်မှသတင်း

Tuesday, March 18, 2008

Myo Kyawt Myaing One Man Show



ကျတော်ရဲ့ crazy ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ ပထမဆုံး One Man Show ဖျော်ဖြေပွဲကို မတ်လ ၃၀-ရက်နေမှာ ရန်ကုန်မှာ ကျင်းပမယ်တဲ့ဗျာ... မန္တလေးမှာပါ လုပ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဝင်ကြေးက ၄၀၀၀-ကျပ်ကနေ ၄၅၀၀-ကျပ် အတွင်းဖြစ်လိမ့်မယ်တဲ့... ပရိတ်သတ်များ မမျှော်လင့်ထားတဲ့ ဖျော်ဖြေမယ့် ပုံစံမျိုး တင်ဆက်ဖို့ ကြိုးစားထားပြီး ပရိတ်သတ် အံ့သြသွားအောင် မျိုးကျော့မြိုင်နဲ့ အတူ ကူညီသီဆို ဖျော်ဖြေ ပေးမယ့် သူများကို ကြိုတင် ကြေညာထားမှာ မဟုတ်ကြောင်းကို အသစ်ထွက်ရှိလာတဲ့ Bi Weekly Eleven Journal ပါ သတင်းအရ သိရပါတယ်...

ကိုမျိုးကျော့မြိုင်ရဲ့ One Man Show အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...


Monday, March 17, 2008

မျိုးကျော့မြိုင်ရဲ့ One Man Show သတင်း

Interview တွေမှာ ပါတဲ့ စီစဉ်နေတာ ကြာလှပြီဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show ကို မတ်လ ၃၀ မှာ ဒီတစ်ခါတော့ တကယ်လုပ်ဖြစ်တော့မယ်ဆိုတာ ပေါ်ပြူလာဂျာနယ် ကနေ ဖတ်လိုက်ရပါတယ်။ မနှစ် ဧပြီမှာ အင်တာဗျူးထဲမှာ ပြောထားတဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ တစ်ခြမ်းစီ လုပ်ထားတယ်ဆိုတဲ့ အယ်လ်ဘမ်လဲ ဒီနှစ်ထဲမှာပဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ မျိုးကျော့မြိုင်ရဲ့ သီချင်းအသစ်တွေလည်း နားမထောင်ရတာ တော်တော်တော့ ကြာနေပြီ။ ဒီ One Man Show ပြီးလို့ CD, VCD ထွက်လာမယ်ဆိုတော့ သွားမကြည့်လိုက်ရတဲ့ သူ့ရဲ့ Fan တွေအတွက် အဆင်ပြေတာပေါ့။

Rap Pionner မျိုးကျော့မြိုင်ရဲ့ One Man Show မတ်လ ၃၀ ရက်နေ့ မြရိပ်ညိုမှာ ကျင်းပမည်

လင်းပင်ဟိန်းရဲ့ 65 Entertainment နဲ့ ကိုကျော်ဇင်သိန်း Ezy Entertainment တို့စီစဉ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show နဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲ ကို မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီက Ginzapan မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ လင်းပင်ဟိန်း၊ ကိုကျော်ဇင်သိန်း နဲ့ ဥက္ကာဦးသာတို့က မျိုးကျော့မြိုင် အတွက် အမှတ်တရ စကားများ ပြောကြားပေးခဲ့ပြီး မျိုးကျော့မြိုင်ရဲ့ One Man Show မှာ ဥက္ကာဦးသာက နောက်ခံ Bassing တီးခတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါ One Man Show ကို မတ်လ ၃၀ ရက်နေ့ မြရိပ်ညို မှာ ကျင်းပမှာ ဖြစ်ပြီး မျိုးကျော့မြိုင်ရဲ့ စိတ်ကြိုက်သီချင်းများနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ One Man Show ကျင်းပတဲ့ နေ့မှာ ပရိသတ်များ အတွက် ထူးထူးခြားခြား အစီအစဉ်များ လုပ်ထားကြောင်း၊ အဆိုပါ One Man Show ကို လည်း ဗီစီဒီ၊ ဒီဗီဒီများ ထုတ်လုပ်ဖို့ အထိ ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့ပါတယ်။

Source: Popular Myanmar

အတည်တကျ ပြောလို့မရတဲ့ အချစ်

Click pix to read the interview



Sunday, March 2, 2008

[Happiness is...] Song of the moment


မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်
နှုတ်ခမ်းပေါ်က နေ မင်း...ပြောပါဦး
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်
မျက်ရည်ဝဲရုံလေး...နဲ့တော့ မပြောနဲ့အချစ်ရယ်

ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်
ကိုယ်မယုံဘူးအချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်


လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်
အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့

မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်
အားတင်းထားပါ လူတိုင်းဘ၀ရဲ့အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ ဘာမှ စိတ်မချဘူး

မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ... ဒီဘ၀ အမြဲလှပနေမယ်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ... ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်


Dedicated especially to my love and my bro
Song text taken from Emotional Corner
Poem & Design: PT @ Lan-O-Lay

Monday, February 25, 2008

Re-uploaded by request

It was a bit late to notice a request in the comment to re-upload an album from my old MyoKyawtMyaing.com post at the very beginning of the blog. Now the dead link fixed.

Saturday, February 23, 2008

လူဖြစ်ရတဲ့ ... အချိန်တွေကို ဖျက်ဆီးခဲ့


လူဖြစ်ရတဲ့ ....



ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ



Video credit : BurmeseClassic
Poem credit : Lan-O-Lay (Originally printed in ThaRaPhu Magazine Feb '04)