Showing posts with label like. Show all posts
Showing posts with label like. Show all posts

Monday, September 24, 2007

ကြိုက်တယ်

.. တစ်မိနစ်နောက်ကျသွားပြီ. ရထားကြီးထွက်လို့သွားပြီ. လက်ကလေးပြလို့ နှုတ်ဆက်အနမ်းများလေထဲ လွှင်လို့ထားခဲ့ လျှောက်လို့မတက်တဲ့ ခြေထောက်တွေ ဘယ်နားရောက်ရောက်လွှဲနေ.. အချစ်လာပြီး တည့်လှည့်ပါ ကိုယ်ကို ဆယ်မိနစ်မြန်ထားတဲ့ ကိုနာရီလည်း .. တစ်ကယ်သုံးလို့မရဘူး.. ချစ်ခဲ့ကြတဲ့နှစ်တွေ. မင်းစိတ်ဆိုးတာများနေ.တစ်ကယ်အသုံးမကြတဲ့ကိုယ်လေ ဘယ်နားရောက်ရောက်လွှဲနေ.. အချစ်လာပြီး တည့်လှည့်ပါ ကိုယ်ကို..

အဲဒီသီချင်းကို အရမ်းကြိုက်တယ်. ဘာလိုကကြိုက်မှန်းတော့ မသိဘူးဗျ. ကိုမျိုးကျော့မြိုင်ရဲ့သီချင်းတွေ တော်တော်များကို ဘာမှန်းမသိဘဲနဲ့ကို ကြိုက်နေတာဗျ. ဟိုတုန်းကတည်းကပါ။..
သူသီချင်းတွေက ခံစားချက်ရှိတယ်. ပြီးတော့သီချင်းသံတွေက. အရမ်းနားထောင်လို့ကောင်းတယ်. ကျွန်တော်ထင်တယ် အဲဒီလို့မျိုး သီချင်းသံထွက်လာအောင် လုပ်နိုင်တဲ့ အနုပညာရှင်တွေ မြန်မာပြည်မှာ တော်တော်ရှားအုန်းမယ် ထင်တယ်။ သံစဉ်တွေက စိတ်အစဉ်အတိုင်း လိုက်ပါစီးမျှော်နိုင်တယ်လို့ ထင်တယ်။
ဒီလို့အနုပညာတွေကို ဖန်းတီးနိုင်ဖို့ဆိုတာ တစ်ကယ်နှစ်နှစ်ကာကာ ခံစားထားမှ ရနိုင်တယ်လို့ ထင်တာပဲ။ပညာရပ်တစ်ခုကို နှစ်နှစ်ကာခံစားထားတဲ့လူတွေကို အစောကတည်းက လေးစားတယ် ဒါအပြင် သီချင်းတွေကို နားထောင်ရတာဟာ စိတ်ရဲ့ထွက်ပေါက်ကို ဖြစ်စေတယ်လို့ ခံစားမိတယ်။ ဒါကြောင့် တစ်ခွန်းတည်း ပြောမယ် ကြိုက်တယ်...