Showing posts with label Lyrics. Show all posts
Showing posts with label Lyrics. Show all posts

Friday, September 12, 2008

ချစ်သူ

မျိုးကျော့မြိုင် ရေးခဲ့တဲ့ ဒီ ချစ်သူ သီချင်းလေးကို ပထမဦးဆုံး ဆိုခဲ့တာ နေမျိုးဆေးပါ။ ဒီနောက်မှာ သူ ကိုယ်တိုင် ဆိုခဲ့ပြီး၊ ဖြူ ၊ အယ်လ်လွန်းဝါတို့က နောက်ပိုင်း ပြန်ဆိုခဲ့ကြပါတယ်။

ချစ်သူ
တေးရေး - မျိုးကျော့မြိုင်

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြဿနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဘယ်ချိန်ခါမဆို ကိုယ့်အနားမှာ အစဉ်ရှိတဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ် ဒီသီချင်းလေးနဲ့ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘ၀မျိုးမှာ အတူနေနိုင်ဖို့ ကိုယ်ကြိုးစားမယ်

ဒီသီချင်းလေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့ သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြသနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

Wednesday, September 10, 2008

အချစ်ကြောင့်

မျိုးကျော့မြိုင်နဲ့ ဒိုးလုံးရဲ့ စားသုံးကြည့်ထဲက သီချင်းလေးတစ်ပုဒ်ပါ။ နှလုံးသားအတွက်သီချင်း စုပေါင်းခွေမှာ ပြန်ဆိုထားပြီ ဖြူ ကလည်း သူ့ရဲ့ ပထမအခွေ ဖြူ မှာ ပြန်ဆိုထားပါတယ်။

အချစ်ကြောင့် - မျိုးကျော့မြိုင်

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာကြီးမှာ
အချစ်နာကျ အချစ်ဒဏ်များ ခံနိုင်ရည်မရှိပါ
ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက ဒီအချစ်ပါ
အိပ်လို့မရ စားလို့မရ အကြိမ်ကြိမ်သေဆုံးကာ

အချစ်ကြောင့်ပေါ့ နေ့ညတို့ ပျော်ခဲ့ဖူးသလို
အချစ်ကြောင့်ပေါ့ နှစ်လတို့ ငိုခဲ့ဖူးတာ
အသည်းကွဲကြ လွမ်ဆွေးကြ ဒီအချစ်ဟာ
ရှိလည်းကောင်း မရှိလည်းကောင်း ဒီကမ္ဘာကြီးမှာ

အိပ်မက်တွေမက်ခါ....
ကြီးပြင်းခဲ့ ဘ၀ရဲ့အစ ရင်ခုန်သံများဟာ
အခုများ ဘယ်အနားမှာ မရှိတော့ဘူး မရတော့ဘူး
တကယ်ကွာခြားလာ..

ကလေးလေးဘ၀ အချစ်သီချင်းများ ကိုယ်ချရေးကာ
အချစ်ဆိုတဲ့ စာသားတွေနဲ့ ကိုယ်ကြည်နူးလာ
လက်တွေ့ဘ၀တွေ့ရတဲ့ ဒီအချစ်ဟာ
အမည်းစက်များ လောကဓံကြား တရားခံဖြစ်လာ

ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ
ချစ်သူအပြုံး အလှဆုံး ကိုယ်ထင်ခဲ့တာ
အဆင်မပြေခဲ့သော အချိန် ဒီအချစ်ဟာ
တစ်ယောက်နဲ့တစ်ယောက်
လှည့်မကြည့်လောက်အောင် ရွံ့မုန်းလာ

အိုး...အိပ်မက်တွေမက်ကာ
ချစ်သူ အပြုံး အလှဆုံး ဒီကမ္ဘာကြီးမှာ
တကယ်ကို အခုများ ဘယ်နားမှာ
တစ်ယောက်နဲ့တစ်ယောက်
လှည့်မကြည့်လောက်အောင် ရွံမုန်းလာ

အချစ်ကြောင့်ပေါ့
ကိုယ့်ရဲ့ဘဝ
အကြိမ်ကြိမ်သေခဲ့ဖူးတာ..
ကိုယ်
သေခဲ့ဖူးတာ ...


Saturday, May 31, 2008

မေ၃၁

မေ၃၁ မိုးတွေ ရွာသွန်းနေဆဲ
လမ်းမတစ်လျှောက် လမ်းလျှောက်နေလည်း
ကိုယ့်စိတ်က ဘာလိုလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုးအမြင့်ကြီးမှာ
မင်းမလိုချင်တဲ့ ကိုယ့်အချစ်တွေနဲ့
စိတ်ကူးလို့ရူးနေမိတယ် အချစ်ရယ်

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကိုသိပ်တွေ့နေချင်တယ်
အနှောင့်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့အကြောင်းတွေ မစဉ်းစားနဲ့တော့
မင်းဦးနှောက်နုနုလေး ကိုယ့်ကြောင့် စိတ်ဆင်းရဲသွားရင်
မစဉ်းစားနဲ့ ကိုယ်ဘာပဲဖြစ်ဖြစ်

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

အိပ်မက်တာတွေ အလကားဖြစ် မေ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ၃၁
ကိုယ့်ရဲ့အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သည်းမည်း ဒီမိုးစက်တွေထဲ
မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောက့်အယှက်များထဲ
ကိုယ့်အချစ်
မေ၃၁
ကိုယ်လေ မင်းအနား ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သည်းမည်း ဒီမိုးစက်လိုပဲ

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁

ကိုယ့်အပြစ်တွေ များလွန်းပါတယ်
ကိုယ့်ရဲ့အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

Thursday, December 27, 2007

နေရာတိုင်းမှာ...မင်းရှိတယ်



ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ နှလုံးသားရဲ့ နေရာတိုင်းမှာ ...


ဒီသီချင်းကို စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ပထမဆုံး စဆိုခဲ့ပါတယ်။ မျိုးကျော့မြိုင်က ကမ်းစပ်က ခြေရာများ(၁)မှာ Lazy Club ၀ိုင်းနဲ့ Live Show ပြန်ဆိုခဲ့ပါတယ်။ သီချင်းကို Rapperကြီးက Alternative ပုံစံနဲ့ liveဆိုသွားတာပါ။ အမှန်အတိုင်း ပြောရရင် စစနားထောင်ချင်းမှာ နားသိပ်မ၀င်လှပါဘူး။ ဗိုလ်ထီးဆိုခဲ့တာကို ငယ်ငယ်ကထဲက ကြိုက်ခဲ့တာကိုး။ နောက်မှ တဖြေးဖြေး နားထောင်ရင်းနဲ့ နားစွဲသွားပါတယ်။ မျိုးကျော့မြိုင် ဆိုထားတာ emo-punk ဆန်တယ်လို့ ခံစားမိတယ်။

ဒီသီချင်းအကြောင်းကို အရင်က မျိုးကျော့မြိုင်ကာဗာတေးများ(၁) မှာ ရေးခဲ့ဖူးပါတယ်။ အခု နည်းနည်း ထပ်ဖြည့် ရေးချင်လို့ပါ။ တစ်နေ့က ဖိုင်တွေရှင်းရင်းနဲ့ အမ်ပီ၃ဖိုင်တစ်ခု သွားတွေ့ပါတယ်။ အဲဒီ့တော့မှ ဘိုဖြူပါ နေရာတိုင်းမှာကို ပြန်ဆိုထားဖူးတာ သိရပါတယ်။ ဒီဖိုင်လေးက ရှေ့ပိုင်းမှာ ဘိုဖြူ ဆိုသွားတာကို နောက်ကနေ စိုင်းထီးဆိုင် မူရင်းဗာရှင်နဲ့ ပြန်ဆက်ထားတာပါ။ ဘယ်ကနေ ရခဲ့တာမှန်းတော့ မမှတ်မိတော့ပါဘူး။ အသံ ကွာလတီကလဲ နဲနဲနိမ့်နေပါတယ်။ ဘာပဲဖြစ်ဖြစ်လေ...

ဝေဖန်စရာ မရှိပေမယ့် စိုင်းထီးဆိုင် - ဘိုဖြူ - မျိုးကျော့မြိုင် တွဲပြီး နားထောင်မိပါတယ်။ နှိုင်းယှဉ်တာ မဟုတ်သလို နှိုင်စရာလဲ မလိုပါဘူးလေ။ စာသားကအစ နုနုလှလှနဲ့ ဟိုးအရင်ကထဲက ကြိုက်ခဲ့တဲ့သီချင်း ... အခု တစ်ယောက် တစ်မျိုးစီ (၃)ယောက်စလုံး ဆိုထားတာကိုလည်း ကြိုက်မိတယ်။ စကားလုံးအနုလေးတွေ ရိုးရိုးရှင်းရှင်းလေး ဖွဲ့ဆိုထားတဲ့ ဒီသီချင်းလိုမျိုးကို ဘယ်လိုပဲ ပုံစံပြောင်းဆိုဆို ချစ်စရာ ကောင်းနေမှာပါပဲလေ..

နေရာတိုင်းမှာ - ဘိုဖြူ+စိုင်းထီးဆိုင်
နေရာတိုင်းမှာ - မျိုးကျော့မြိုင်


ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ
နေ၀င်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေ ခြုံလွှမ်းတဲ့ မနက်ခင်းမှာ အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ
လေပြေကလေး ဆော့ကစားတဲ့ ညချမ်းမှာ အချစ်ဆုံးရဲ့ အထိအတွေ့ကို ပြန်တွေ့ပြီ

ဘယ်ဆီကို ရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ် ...

လူတွေက ကိုယ်တို့နှစ်ယောက် ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ် အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ် ...

Friday, December 21, 2007

အချိန်နဲ့ နေရာ

မင်းပြောထားတဲ့အချိန်လေးတွေရောက်ဖို့
အဝေးကြီးထဲက မျှော်လင့်နေလို့
ခံစားချက်တွေ အလွန်အကျွံပါ အချစ်ရာ
နှလုံးသားထဲက တစ်ယောက်တည်းသူမို့
နေနဲ့ညတို့ စိတ်ကူးယဉ်လို့
ကိုယ့်အတွေးထဲတောင် ပျော်တာပါ အချစ်ရာ

ဘယ်အချိန်ဆုံမှာလဲ ဘယ်နေရာမှာတွေ့မလဲ
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ ဘယ်အချိန်ဆုံမှာလဲ
မရေရာပေမယ့်လည်း မျှော်လင့်ချက်အများကြီးနဲ့

ဘယ်လိုဖြစ်ဖြစ် မင်းနဲ့တွေ့နိုင်ဖို့ဆိုရင်
ဘယ်နေရာရောက်ရောက် အမြဲ ကိုယ်ကြိုးစားသွားမှာပါ

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ
(ဘယ်နေရာမှာတွေ့မလဲ)
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ဘယ်အချိန်ဆုံမှာလဲ
(ဘယ်အချိန်ဆုံမှာလဲ)
မရေရာပေမယ့်လည်း အိပ်မက်တို့အများကြီးနဲ့ ...



အချိန်နဲ့ နေရာ
ဆို - မျိုးကျော့မြိုင် + ကြည်လဲ့လဲ့ဦး
တေးရေး - ဆောင်းဦးလှိုင်
City FM Live Show (II) မှ

Saturday, November 17, 2007

မိန်းကလေးတစ်ယောက်ကို ချစ်မိရင်



မိန်းကလေးတစ်ယောက်ကို ချစ်မိရင် ...

ကျွန်တော်တို့များ သူများနဲ့ကို မတူဘူး ...
all right!


အိမ်ပြန်ချိန်လေး အတူလျှောက်လည်
နေ၀င်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့
အတူရှိတဲ့ဘ၀ ဘယ်လောက် ကောင်းလိုက်မလဲ

မိန်းကလေးတစ်ယောက်ကို ချစ်မိရင်
သူသွားတိုင်းလဲ ကိုယ်မလျှောက်တတ်
သူခိုင်းသလို ကိုယ်မနေတတ်

သူစားသလိုလဲ ကိုယ်မစားတတ်
သူကြိုက်တာတွေ ကိုယ်မကြိုက်တတ်
ဒါပေမယ့် ... ကျွန်တော်တို့ ပြောင်းလဲလိုက်ရတယ်

သူသွားသလိုပဲ ကိုယ်လိုက်သွား
သူစားတာပဲ ကိုယ်လိုက်စား
သူဖြစ်စေချင်သလို ဖြစ်လာဖို့ ကိုယ်အလေးထား
(မိန်းကလေးတစ်ယောက်ကို ချစ်မိရင်)
သူဝတ်စေချင်သလို ကိုယ်လိုက်ဝတ်
သူ့နှလုံးသားစကား အကြီးကြီးလား
သူ့အကြိုက်တွေပဲ ကိုယ့်စိတ်ကများ
သူ့အကြိုက်များပဲ ကိုယ့်စိတ်ကများ


အိမ်ပြန်ချိန်လေး အတူလျှောက်လည်
နေ၀င်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့
အတူရှိတဲ့ဘ၀ ဘယ်လောက် ကောင်းလိုက်မလဲ

ဒီလိုနဲ့ပဲ ကိုယ်လဲသူနဲ့ တဖြည်းဖြည်း တူလာရင်း ....
သူငယ်ချင်းတွေက ၀ိုင်းစကြ
မရှက်တတ်တော့ ကိုယ့်နှလုံးသားက

ကိုယ်သိပ်ချစ်သော မိန်းကလေးနဲ့
နီးစပ်ဖို့ပဲ ကိုယ့်စိတ်ကများ
(နီးစပ်ဖို့ပဲ ကိုယ့်စိတ်ကများ)

အိမ်ပြန်ချိန်လေး အတူလျှောက်လည်
နေ၀င်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့
အတူရှိတဲ့ဘ၀ ဘယ်လောက် ကောင်းလိုက်မလဲ

Thursday, November 8, 2007

ကိုယ့်အကြောင်းတွေသတိရရင်

ဒါဆိုလည်း ပြည့်စုံသွားအောင် ဖြည့်ပေးလိုက်မယ်နော် ... လိုနေတဲ့ သီချင်းတစ်ပုဒ် ...

ကိုယ်အကြောင်းတွေ သတိရရင်


လူ တွေ က သိပ်ပြောတယ်
ကြင် နာ သူ သူ့အကြောင်းလေး
အို အဆိုးတွေ အဆိုးတွေ အများကြီး
ကိုယ့်နား ထုံသွားအောင် ကိုယ်ကြားပြီး

ဘယ် အခါ ကိုယ်မမေ့သေးတဲ့
ကြင် နာ သူ သူ့အပြုံးလေး
ဟိုအပြုံး ဒီအပြုံးတွေ သတိရ
ဆင်ခြင်ဖို့ ဆိုတာ ဝေးလွန်းတယ် ကိုယ့်နှလုံးသား

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
ကိုယ်မသိဘူး မဆိုင်ပါဘူး မင်းလေး ... ကိုယ့်ကိုသတိရ .. ပြီးတာပဲ


သူ ပြန် လာမလားလို့
ကိုယ် အိမ် ရှေ့တံခါးလေး
အို အမြဲ ဖွင့်ထားတယ် လာခဲ့ပေါ့
ကိုယ့်အကြောင်းတွေ သတိရရင် လာခဲ့ပေါ့ ...

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
မလိုချင်ဘူး မဆိုင်ပါဘူး

မင်းလေး ... ကိုယ့်ကို ... သတိရ ... ပြီးတာပဲ

ပြီးတာပဲ... ပြီးတာပဲ... ပြီး .. တာ .. ပဲ .

မျိုးကျော့မြိုင် တစ်ကိုယ်တော် ပီယာနို၊ ရစ်သမ်ဂစ်တာနဲ့ အာကူးစတစ် ဆန်ဆန်ဆိုထားတဲ့ သီချင်းပါ.. နောက်မှ ခေါင်းစဉ်ပြောင်းပြီး ကဗျာဘွဲ့မှူးနဲ့ စုံတွဲပြန်ဆိုထားပေမယ့် ဒီဗားရှင်းလဲ တစ်မျိုးနားထောင်လို့ ကောင်းပါတယ်.. အခုတင်ထားတဲ့ ဖိုင်ဟာ ကွာလတီသိပ်မကောင်းလို့ အသံနဲနဲလေးတော့ စူးနေတယ်... မအိပ်ခင်လေး သတိရလို့ ရေးလိုက်တာပါ.. သတိရနေမိလို့... ကောင်းသောညပါ မနက်ခင်းလေးရေ..

Wednesday, October 10, 2007

ဖွင့် ... ကြည့် ... လိုက်


ဘလောဂ် မရေးဖြစ်တာတောင် နဲနဲကြာသွားတာပဲ ...
သီချင်းတွေလည်း သိပ်နားမထောင်ဖြစ်.. နားမ၀င်တာလဲ ကြာသွားတာပေါ့ ...
ဒီလိုနဲ့ နားမထောင်ဖြစ်တာ တော်တော်ကြာခဲ့တဲ့ အယ်လ်ဘမ်လေးတစ်ခု တလောက ရလိုက်တယ်..
ပျော်တာ... ဒါ အင်တာနက်ပေါ်မှာ ရှာမရတဲ့ ရှာပါးအခွေ... ကြာလဲကြာခဲ့ပြီလေ ..


ဒီအခွေဟာ ကျွန်တော်(၁၀)တန်းပြီးစအချိန်မှာ အဲဒီ့တုန်းက နာမည်ကြီးအဆိုတော်(၆)ယောက်ကို တစ်ယောက်တစ်ပုဒ်နှုန်း အုပ်စုသီချင်းတစ်ပုဒ်နဲ့အတူ စုစည်းထားတာပါ .. အမှတ်မမှားဘူးဆိုရင် နှင်းဆီလှိုင်းက စီစဉ်တယ်ထင်တာပဲ .. ဒီအခွေမှာ ဇော်ဝင်းထွဋ်၊ ရဲသွင်၊ ဟယ်ရီလင်း၊ ရင်ဂို၊ ချစ်ကောင်း အစရှိတဲ့ ရော့ခ်ကာတွေကြားမှာ မျိုးကျော့မြိုင်ဆိုတဲ့ ရက်ပ်ပါတစ်ယောက် ပါလာပါတယ်.. စုစည်းမှု အသွင်ဆန်းလို့ စိတ်ဝင်တစားရှိခဲ့မယ့် တကယ်တမ်းထွက်တော့ ကျွန်တော်ရန်ကုန်မှာ မရှိတော့ပါဘူး .. အခွေထွက်တဲ့အကြောင်း အလင်္ကာဂီတဂျာနယ်ကနေ ဖတ်မိတော့ အိမ်ကို တကူးတက ပို့ခိုင်းရပါတယ် ... စစချင်းမှာ အုပ်စုသီချင်းကိုလဲ သိပ်အာရုံမရလိုက်သေးဘူး ... တခြားသူတွေရဲ့ သီချင်းတွေကလည်း သူတို့လုပ်နေကျပုံစံ ပုံမှန်အတိုင်းပဲ စီးသွားပါတယ်.. မျိုးကျော့မြိုင် သီချင်းကျတော့ သတိထားမိသွားတယ် ... ရက်ပ်စာသားတွေကြားက ဆိုလိုတီးလုံးလေးကြောင့်လို့ ထင်ပါတယ်..


မျိုးကျော့မြိုင်ဟာ Rappingလုပ်တဲ့နေရာမှာ ကဗျာလင်္ကာတစ်ပုဒ်လို တချိန်လုံး ကာရန်တွေ အတင်းလိုက်ညှိနေစရာမလိုပဲ beatနဲ့လိုက်ပြီး flowကို အသံနဲ့ပြန်စီးလို့ရတယ်ဆိုတာ ဒီမှာလုပ်ပြခဲ့တယ်.. ဒီထဲက hoppingလုပ်ထားတာလေးတွေကို တော်တော် သဘောကျမိတယ်.. ဒီသီချင်းကို မျိုးကျော့မြိုင်ကိုယ်တိုင် နောက်ပိုင်းမှာ ခဏခဏပြန်ဆိုခဲ့ပါတယ် .. ဒါပေမယ့် ပထမဆုံးမူရင်းက တီးလုံးလေးတော့ ပါမလာတော့ပါဘူး .. တခြားဗာရှင်တွေမှာ တီးလုံးပုံစံ ပြောင်းပြီး သူဟာနဲ့သူ ကောင်းတာပါပဲ .. ဒီအခွေကသီချင်းကို ပြန်နားထောင်ရင်တော့ မူလမူရင်း ခံစားချက်လေးတစ်ခုကို အရင်ကအတိုင်း ပြန်ရလိုက်တယ်...လို့ ကျွန်တော်ထင်မိတယ် ...


မျက်လုံးတွေဖွင့်ကြည့် ... အရှေ့ကိုတွေ့မယ် အနောက်ဖက်ကိုတွေ့ဖို့ အနောက်ကိုလှည့်မှရတယ်
အောက်ကြည့် ... ခလုတ်တိုက်မိမယ် ခလုတ်မထိဆူးမငြိအောင် ထိန်းချုပ်ရတဲ့ ဘ၀ထဲ
မျက်လုံး ... ဆိုတာ အဖွင့်အပိတ်ရှိတယ် လျှပ်တပြက် အပြောင်းလဲစက္ကန့် ပိုင်းတွေကြားထဲ
ပိတ်လိုက် ... ဖွင့်လိုက် နေ့များထဲမှာကျင်လည် ညဘက်ရောက်တော့ အားလုံးမျက်စိမှိတ်မယ်
စဉ်းစား ... ဒါဟာအိပ်မက်တဲ့လား လှလှပပမက်ကြတဲ့အခါ မိုးလင်းကြမှာ ကြောက်တယ်
အတွေးသစ် ... စိတ်ဓါတ်အသစ်နဲ့ဆေးကြော မနက်မျက်နှာသစ်ရင် လူ့ဘ၀ကြီးကိုးငေးမော ... ပန်းတိုင်ရှိရာသွားနေကြတဲ့ လူ့ဘ၀ကြီးမှာမွေးတော့
ကြည့် ... သတင်းပို့ ဦးဏှောက်ထဲအထိရောက်ဖို့
စဉ်းစား ... ခွဲခြား အမှန်နဲ့အမှားများ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လား ..

မျက်လုံး ... ဆိုတာ အဖွင့်အပိတ်ရှိတယ် လျှပ်တပြက် အပြောင်းလဲစက်ကန့်ပိုင်းတွေကြားထဲ
ပိတ်လိုက် ... ဖွင့်လိုက် နေ့များထဲမှာကျင်လည် ညဘက်ရောက်တော့ အားလုံးမျက်စိမှိတ်မယ်
စားမယ် သွားမယ် အိပ်မယ် အချိန်တန်အိမ်ပြန်ရောက်မယ်
ကြည့် ... သတင်းပို့ ဦးဏှောက်ထဲအထိရောက်ဖို့
စဉ်းစား ... ခွဲခြား အမှန်နဲ့အမှားများ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လား ..

မျက်လုံးများ ဖွင့်လို့ ကြည့်ပါ ...
မျက်လုံးများအား ဖွင့် ကြည့် လိုက် ...
ရှေ့ကြည့် .. နောက်ကြည့် ... အောက်ကြည့် ... ဘေးကြည့် ..
မျက်လုံးတွေ မျက်လုံးတွေ ဖွင့်ကြည့် ... ဖွင့် ကြည့် လိုက် ...

ဟုတ်ကဲ့ လူဆိုတာမျိုးဟာ ကြည့်တတ် မြင်တတ်မှ အသက်ရှုဝတယ် မဟုတ်လားဗျာ ...
ဒါကြောင့် မျက်လုံးတွေ ဖွင့်ကြည့်လိုက်ကြပါ ... မျက်လုံးတွေ မြင်အောင်ကြည့် ဖွင့် ကြည့် လိုက် ...


မှတ်ချက်။ ဒီအခွေကို ဝေမျှပေးခဲ့တဲ့လေပြေကို ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် တစ်ခွေလုံးကို ဒီနေရာကနေ ဒေါင်းလုပ်ယူနိုင်ပါကြောင်း ...

Friday, October 5, 2007

မိုးကောင်းကင်မှာ

မိုးကောင်းကင်မှာ

(စကားပြော) ဘယ်သူမှ မသိမဲ့ နေရာလေး ဘယ်သူမှမရှိမဲ့ နေရာလေး ကိုယ်ရွေးလို့ အေးချမ်းလှတဲ့ ကိုယ့်ရဲ့နေ့များအချိန်တွေများအလယ် မွန်းကြပ်တဲ့စိတ်တွေ ကိုယ်ထားခဲ့တယ် ပေါ့ပေါ့လေးပါပဲ ဘယ်ကိုသွားသွား ဘယ်သူမှမရှိတဲ့ အချိန်တစ်ခုကို ပြောင်းပြီး တစ်ယောက်ထဲပဲ နေလာခဲ့တယ် ....

မွန်းကြပ်တဲ့စိတ်များ ကြမ်းတမ်းတဲ့ဘ၀များကို ကျော်ဖြတ်ခဲ့ ... စိတ်တစ်ခုနဲ့လျှောက်သွား အတိတ်ရဲ့ဆန္ဒကို ဖြည့်ဆည်းလို့....

ဘယ်သူ့မှ မသိမဲ့ နေရာလေး ဘယ်သူ့မှ မရှိမဲ့ နေရာလေး ကိုယ်ရွေးလို့
အေးချမ်းလှတဲ့ လေတွေကြား ကိုယ့်ရဲ့နေ့များ အချိန်တွေများအလည်

ပေါ့ပေါ့လေးပါပဲ ကိုယ်တစ်ယောက်ထဲ .... အဖော်ဆိုတဲ့အရာ ရှာလို့မတွေ့ ... တစ်ခါတစ်ခါလည်း ပျော်ချင်သေးတယ် ... ရှာဖွေဆဲ ရှာချင်သေးတယ် ...

ကိုယ့်အနားတိမ်ရိပ် (တို့အနားတိမ်ရိပ်)
တို့အနားကြယ်စု (ကိုယ့်အနားကြယ်စု)
ဟိုဒီပျံကာဝဲ တစ်ယောက်ထဲ
ကြယ်စုတွေကြား (ကြယ်စုတွေကြား)
တိမ်ရိပ်တွေအနား (တိမ်ရိပ်တွေအနား)
ငိုနေရင်လည်း ကိုယ်တစ်ယောက်ထဲ
ရယ်နေပြန်လည်း ကိုယ်တစ်ယောက်ထဲပဲ

အေးချမ်းတဲ့ဘ၀များ နူးညံ့တဲ့အချိန်များ အနေကြာခဲ့တယ်
ဆွဲအားမဲ့နေသလား ဘ၀တိုင်းရဲ့ ခရီးမှာ လိုအပ်ဆဲ


လေပြေများကြား တိမ်တွေရဲ့အလည် ရှာနေမိတယ် ကိုယ်စိတ်ကူးနဲ့
အရာရာပြည့်စုံ နေလာခဲ့လည်း ကြင်နာတဲ့ အပြုံးလေး ဘယ်မှာလဲ

တမ်းတဆဲပါကွယ် ဘယ်လိုဘ၀တိုင်း ... ပျိုရွယ်နေသေး ကြင်နာသူလေးရယ်
လာနေပါလို့ ခေါ်ချင်သေးတယ် လေပြေတွေကြား တိမ်တွေရဲ့အလည်

ကိုယ့်အနားတိမ်ရိပ် (တို့အနားတိမ်ရိပ်)
တို့အနားကြယ်စု (ကိုယ့်အနားကြယ်စု)
ဟိုဒီပျံကာဝဲ တစ်ယောက်ထဲ
ကြယ်စုတွေကြား (ကြယ်စုတွေကြား)
တိမ်ရိပ်တွေအနား (တိမ်ရိပ်တွေအနား)
ငိုနေရင်လည်း ကိုယ်တစ်ယောက်ထဲ
ရယ်နေပြန်လည်း ကိုယ်တစ်ယောက်ထဲပဲ


အေးချမ်းတဲ့ဘ၀များ နူးညံ့တဲ့အချိန်များ အနေကြာခဲ့တယ် ...

Saturday, September 15, 2007

မဖြစ်သင့်ဘူး

ကျွန်မ ကိုမျိုးကျော့မြိုင်ကို စစချင်း နားထောင်မိတုန်းက တော်တော်ငယ်ပါသေးတယ်။ ရက်ပ် ဆိုတာ ဘာမှန်းမသိတဲ့ အချိန်ကစလို့ နားထောင်ခဲ့ဖူးတာပါ။ “ရက်ပ်သီချင်းဆိုရင်လုံးဝမကြိုက် ” ဆိုတဲ့ သူ့ရဲ့ ခပ်ဆန်းဆန်း စာသားတွေကို ရင်းနှီးစပြူတဲ့ အချိန်ကစလို့ သူ့သီချင်းတွေကို ရူးသွပ်ခဲ့ရပါတယ်။ အဲဒီတုန်းက ဦးလေး က မှတ်ချက်ချတာကို သတိရပြီး ပြုံးမိတယ်။

နေပါဦး ... သူက ရက်ပ်သီချင်းဆိုရင် လုံးဝမကြိုက်ဆိုပြီး ဘာလို့ ရက်ပ်တွေ ဆိုနေတာတုန်း” တဲ့လေ...

သူ့သီချင်းလေးတွေ တော်တော်များများနဲ့ ကျွန်မ ကြီးပြင်းလာခဲ့သလို သူဖန်တီးတဲ့ အနုပညာတွေကိုလဲ ပိုလေးစားပြီး ပိုခံစားလို့ ရလာပါတယ်။ ကျွန်မရဲ့ အကြိုက်ဆုံးသီချင်းတွေထဲကမှ အကြိုက်ဆုံး တစ်ပုဒ်ဖြစ်တဲ့ “မဖြစ်သင့်ဘူး” ဆိုတဲ့ သီချင်းလေးကို ကျွန်မ လက်လှမ်းမိသလောက် ခံစားကြည့်နေ မိတယ်။

လူဖြစ်ရတဲ့ ဒုက္ခအခွေမှာ ဂစ်တာသံလေး နဲ့ အေးအေးလေး သီဆိုထားပါတယ်။ စာသားလေးရော သံစဉ်ပါ တော်တော်လေး စွဲလမ်းမိတဲ့ သီချင်းလေးပေါ့။ ကျွန်မစိတ်က ကျွန်မ အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို Remix လုပ်တာမျိုး၊ တခြားသူ တစ်ယောက်ယောက်က ပြန်ဆိုတာမျိုး သဘောမကျ တတ်ပါဘူး။ ဒီသီချင်းလေးကိုတော့ ကိုဥက္ကာဦးသာရဲ့ 2005 Remix အခွေမှာ ပြန်လည်ပါဝင်တဲ့ remix version လေးကိုပါ ကြိုက်နှစ်သက်မိ ပြန်ပါတယ်။ကျွန်မ နှစ်သက်တဲ့ ဂီတပညာရှင် နှစ်ယောက်ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်လို့ ပိုလို့တောင် စွဲစွဲလမ်းလမ်း နားထောင်မိသွားတယ်။

“မဖြစ်သင့်ဘူး” သီချင်းလေးမှာ လူတယောက်ဟာ အရာရာကို လွန်ဆန် ရုန်းကန်ရင်း မိမိကိုယ်ကို ပြန်သုံးသပ်ပြီး ငြင်းဆန်နေတယ်လို့ ခံစားမိပါတယ်။ သူမျှော်လင့် ခံစားရတဲ့ အရာတွေအားလုံး ဘာဆိုဘာမှ အရေးမပါ အရာမထင်တော့ပါလားလို့ သိလိုက်ရတဲ့ လူတစ်ယောက်ရဲ့ ခံစားမှု သံစဉ်တွေပါ။ သူ့ရဲ့ တုန်လှုပ်ထိပ်လန့်မှုတွေနဲ့ တဒင်္ဂ ရပ်တန့်ရင်း ပစ္စုပ္မန်ကာလမှာ ချောင်ပိတ်နေတဲ့သူ တစ်ယောက်ပါ။ ပြင်းထန်တဲ့ ခံစားမှုတွေကို သီချင်းစာသား ရှင်းရှင်းလေးနဲ့ သံစဉ်အေးအေးလေးသုံးပြီး ဖန်တီးသွားတာလဲ ပညာတစ်ခုပါလားလို့ မမီတဲ့ ဥာဏ်လေးနဲ့ တွေးနေမိပြန်ပါတယ်။

ကိုမျိုးကျော့ ပြောချင်တဲ့ ဘယ်အရာတွေဟာ မဖြစ်သင့်ဘူး ဆိုတာ ကို နားဆင်ကြည့်ကြပါဦး ...

img_8

ခံစားချက်များ မရှိချင်ဘူး
ဘာဖြစ်ချင်မှန်း မသိတော့ဘူး
စိတ်ကူးနဲ့ရူး မဖြစ်သင့်ဘူး
တကယ်ချစ်တာတစ်ခု မဖြစ်နိုင်ဘူး

အကြိမ်ကြိမ် ကိုယ့်ရဲ့ စိတ်တွေကြေမွ
ရင်ခုန်စရာရပ်ခဲ့ရပြီ ဒီဘဝ
အရင်လိုလေ အိမ်မက်လေးတွေ သိလား
ဒီတစ်ခါ ပြန်မမက်သင့်တော့တာ သိလား

အရာရာကို အရှုံးပေးထားတဲ့ စိတ်များ
ဘာကိုမှ မလုပ်တတ်တော့ပါ ဒီခဏ
အရင်လို ခံစားဖို့ ဖြစ်လာပြီလား
ဘာဆိုဘာမှ မသိတော့ပါအချစ်များ

မကြားချင်ဘူး သူ့သီချင်းသံများ
မရချင်ဘူး စိတ်ကူးယဉ်ဘဝ
အရင်ကအိမ်မက် အခုပြန်မက်နေရုံနဲ့
လူတယောက်ရဲ့ဘ၀ မပြည့်စုံဘူး

လိုချင်တာ ပေးအပ်ခဲ့တဲ့ ဒီခဏ
အရာရာကိုမင်း အသုံးပြုပါ ဒီခဏ
ကိုယ်လိုတာ ပြောလို့မဖြစ်တဲ့ ဒီဘဝ
ဒီတစ်ခါ နောက်ဆုံး ဖြစ်လိမ့်မယ် သိလား

အကြိမ်ကြိမ် ကိုယ့်ရဲ့စိတ်တွေ သေသွား
ရင်ခုန်စရာလဲမရှိတော့ပါ ဒီဘဝ
အရာရာဟာ အကောင်းတိုင်းမဖြစ်တာ သိလား
ခံနိုင်ရည်လုံးဝ မရှိတာ သိလား

Thursday, September 13, 2007

It's not a love song!

အဲလက်စ်၊ စိုင်းစိုင်း၊ ဇေယျသော်၊ ကောင်းမြတ်လေးတို့နဲ့ အတူဆိုထားတဲ့ မျိုးကျော့မြိုင်ရဲ့ “အချစ်သီချင်း” ကို လူဖြစ်ရတဲ့ဒုက္ခ အယ်လ်ဘမ် ထွက်ထွက်ချင်းလောက်မှာ Junction 8 City Mart မှာ စကြားဖူးပါတယ်။ ကြားကြားချင်း မတ်တပ်ရပ်လျက်သားကနေ နားထောင်မိပြီး သီချင်းအဆုံးမှာ ဆိုင်ကနေ ၀ယ်လိုက်ပြီး အပြန် ကားပေါ်မှာ အဲဒီသီချင်းကို ရှာပြီးနားထောင်ခဲ့တာ သတိရစရာပါ။ အဲဒီ album cover design က Digital 01010 တွေနဲ့ အစိမ်းရောင်လေးကို တော်တော်သဘောကျခဲ့တယ်။

Name is Love song .... but It's not a love song really!

အချစ်သီချင်း

Lil' KM: မွန်းကြပ်တဲ့ နေ့ရက်များမှာ ငါ့ကိုယ်ငါ ပြန်သုံးသပ်ခဲ့ ......
လွဲမှားစွာ ဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက် ......
ဟိုတုန်းက ပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ အတိတ်ဘ၀ ...
လမ်းများစွာ လျှောက်ကာသွားခဲ့ အဲဒီနေ့တွေ မေ့မရ ...
မေ့မရပါ အတိတ်ဘ၀ကို ငါ့ရဲ့စိတ်မှာ လွမ်းနေတုန်း....
လွမ်းနေတုန်း နှုတ်ဆက်သွားတာ အခုတော့ ငါ့မှာ လမ်းတွေဆုံး ...
လမ်းတွေဆုံး ချစ်သူလေးကို ငါ့ရဲ့ အနားမှာ ရှိချင်သေးလို့ ....
စိတ်ကူးယဉ် ငါ့ရဲ့အတွေးဟာ ကောင်းကင်ကြီးပြို မဲမှောင်မိုက်လို့.........

Sai Sai: ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကိုဆွဲကိုင်ထား ....
အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိလဲ သိချင်သား
ဟိုးအရင်ကလို မင်းရဲ့အနားမှာ ရှိချင်တာ
ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ
မိုးဆောင်းနွေ ပြက္ခဒိန်တွေ တစ်မျိုးပြောင်းနေ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ....အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ...လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး.............

Alex: အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
Lil' KM: လွမ်းစရာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကို

ZYT:လူတွေ လွမ်းဆွေးတွေးငေးပြေး ဟိုအဝေး ...
ဒါပေမဲ့လဲအချစ်နဲ့ကင်းကိုမကင်းနိုင်တော့လဲ စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတလျှောက်မှာ ရေတွက်လို့မရ
မာနတွေခ၀ါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘ၀ အချစ်ကြောင့်ပဲ စိတ်တွေပြောင်းသွား
အချစ်စိတ်နဲ့ အရာအားလုံးကို ထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့ အသက်ဆက်ရှင်နေရပါလား

MKM: အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလဲ ရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ တယောက်ထဲပဲ ၀မ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တခါတလေတော့လည်း စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်
စွဲလန်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်
အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘ၀မှာ တယောက်ထဲရှိမယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ
ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်

Alex: အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
MKM: လမ်းမှာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

ZYT:လူတွေ လွမ်း ဆွေး တွေး ငေး ပြေး ဟိုအဝေး ...
Lil' KM:လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက် ......
ဟိုတုန်းကပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ အတိတ်ဘ၀ ...
ZYT:အတိတ်ကိုတွေး စိတ်မှာဆွေးမိတယ် အဆိုးအကောင်းတွေ အကျိုးအကြောင်းတွေ လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး

အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
လွမ်းစရာတွေ့ရင် ရူးလောက်အောင် စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
လမ်းမှာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

နောင်တ တချို့နဲ့ မွန်းကြပ်ခဲ့တဲ့ နေ့ရက်တွေက အချိန်တိုင်း repeat လုပ်ပြီး နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ် ... အမှတ်တရ။

Tuesday, September 11, 2007

ကျေနပ်ဆဲပါ

အရင်တုန်းက စွဲလန်းတဲ့ အချစ်သီချင်းလေးတစ်ပုဒ်ကို အခု ခံစားလို့ မရတော့ဘူး။ နှမြောလိုက်တာ ... လူတစ်ယောက်ရဲ့ အချစ်အတွက် ရင်ခုန်စရာ အကောင်းဆုံးအချိန်တွေဟာ ကိုယ့်ဘက်ကသာ စိတ်ကူးနဲ့ ရူးနေရတဲ့ အချိန်တွေ ထင်ပါရဲ့ ...
အပြုံးတစ်ချက်ဟာ အိပ်မက်များစွာကို ဖန်တီးပေးနိုင်စေခဲ့တယ်။ မျက်နှာလေး မြင်ရဖို့အရေး မိုင်ပေါင်းများစွာ၊ အခက်အခဲပေါင်းစွာ၊ လှောင်ရီသံများစွာကို ကျော်ဖြတ်စေနိုင်တယ်။ စကားတစ်ခွန်းဟာ မျှော်လင့်ချက်တွေကို ရှင်သန်စေနိုင်တယ် ... ဆုံးရှုံးရမှာကို တွေးကြောက်ရင်း အလွန်နုဖတ်နေတဲ့ ခံစားမှုတွေနဲ့ပေါ့ ...

ကျေနပ်ဆဲပါ

ဆူညံလွန်းတဲ့ မြို့ထဲမှာ လျှောက်သွားရင်း သတိတွေရ၊ ခြေလှမ်းများက ခဏရပ်တန့်ပြီး၊
ကိုယ့်လက်ထဲက မင်းရဲ့ဓါတ်ပုံ အမှတ်တရ မဟုတ်တဲ့ တစ်ဖက်သတ်မို့ ရင်မှာလေ ၀မ်းနည်းမိ... ။
တယ်လီဖုန်းလေး ဘေးချပြီးတောမနေပါနဲ့ မိန်းကလေးရယ်၊
မင်းအသံကိုလေ ကိုယ်လေ အစွဲအလန်းကြီး၊

ကိုယ်ဟာ မင်းအတွက် အနှောက်အယှက်ဖြစ်မယ့် အမြင်ကပ်ဆုံး ကိုယ်ပဲမို့
ပြောသမျှ ကိုယ်လေကျေနပ်မိ ...။


လမ်းဖြတ်ကူးတာ စိတ်မချလွန်းလို့ လိုက်ခဲ့မိတယ် မိန်းကလေးရယ်၊ မျက်နှာလေးက တကယ်ကိုရှုံ့မဲ့ပြီး၊
လူတွေကြားထဲ မအော်ပါနဲ့ မြင်ကွင်းထဲက ရှောင်ပါ့မယ် စိတ်ချမ်းသာဖို့ ကိုယ်လေဆုတောင်းမိ...။
နူးညံ့လွန်းတဲ့ မင်းစိတ်ကလေးဟာ ကိုယ်နဲ့တွေ့မှ ကြမ်းတမ်းလာ၊ မရည်ရွယ်ပါဘူး သေချာစဉ်းစားကြည့်၊
မုန်းလို့ပဲရှိရှိ ဘယ်လိုပဲသိသိ၊ ကိုယ်လေ တကယ်ကို ကျေနပ်မိ ...။

အချစ် ... ဘယ်လို မင်းအတွက်ချစ်လဲ၊ ဘယ်လောက်မုန်းထားပြီလဲ၊ ဒီအချစ်တွေ အပြစ်လား
ဘယ်လိုမင်းရဲ့ ရင်ထဲ ပုံစံအမျိုးမျိုး မြင်လဲ၊ ကိုယ်...ကျေနပ်ဆဲ ...

လမ်းဖြတ်ကူးတာ စိတ်မချလွန်းလို့ လိုက်ခဲ့မိတယ် မိန်းကလေးရယ်၊ မျက်နှာလေးက တကယ်ကိုရှုံ့မဲ့ပြီး၊
လူတွေကြားထဲ မအော်ပါနဲ့ မြင်ကွင်းထဲက ရှောင်ပါ့မယ်၊ စိတ်ချမ်းသာဖို့ ကိုယ်လေဆုတောင်းမိ...။
နူးညံ့လွန်းတဲ့ မင်းစိတ်ကလေးဟာ ကိုယ်နဲ့တွေ့မှ ကြမ်းတမ်းလာ၊ မရည်ရွယ်ပါဘူး သေချာစဉ်းစားကြည့်၊
မုန်းလို့ပဲရှိရှိ ဘယ်လိုပဲသိသိ၊ ရင်မှာ ကိုယ်လေ တကယ်ကို ကျေနပ်မိ ...။


အချစ် ... ရင်မှာ မုန်းဖို့အပြစ်လား၊ ဒါဟာ အချစ်ရဲ့ အစလား၊ ရင်ခုန်သံများ ကြားတယ်
ကိုယ်လေ မင်းနောက်မှာ အမြဲ၊ ရှင်သန်ရသမျှ ဘ၀ထဲ ကိုယ်မျှော်လင့်ဆဲ ...
(ကိုယ်ဟာမကောင်းဘူး မင်းအတွက် ... ကိုယ်ဟာ အနှောက်အယှက် မင်းအတွက်)

အချစ် ... ဘယ်လို မင်းအတွက်ချစ်လဲ၊ ဘယ်လောက်မုန်းသွားပြီလဲ၊ ဒီအချစ်တွေ အပြစ်လား
ဘယ်လိုမင်းရဲ့ ရင်ထဲ ပုံစံအမျိုးမျိုး မြင်လဲ၊
ကိုယ်...ကျေနပ်ဆဲပါကွယ်။

အချစ် ... ရင်မှာ မုန်းဖို့ အပြစ်လား၊ ဒါဟာ အချစ်ရဲ့ အစလား၊ ရင်ခုန်သံများ ကြားတယ်။
ကိုယ်လေ မင်းနောက်မှာ အမြဲ၊ ရှင်သန်ရသမျှ ဘ၀ထဲ ကိုယ်မျှော်လင့်ဆ
ဲပါကွယ်ဲ ...

အချစ် ကိုယ်ဟာ မကောင်းဘူး မဟုတ်လား ... တကယ်ကို အနှောင့်အယှက်တွေလား ...
ဒီအိပ်မက်....ဆိုးတွေကြား၊
ဘယ်လိုမင်းရဲ့ ရင်ထဲ ပုံစံအမျိုးမျိုး မြင်လဲ၊ ကိုယ်လေ ...ကျေနပ်ဆဲပါကွယ်။

(မုန်းလို့ပဲရှိရှိ ဘယ်လိုပဲ သိသိ ကိုယ်လေ တကယ်ကို ကျေနပ်မိ)

Monday, September 10, 2007

ကာရံလေး

မယ်မဒီလေးလား မှားမိတယ်...
သူကကွယ် သိပ်ချော ချောလွန်းတယ်...
ကေသာလေးက ပိတုန်းရောင်ခြယ်
လှနိုင်လွန်းတဲ့ ကာရံလေးရယ်...

အကြင်နာကြည့်တဲ့ သူ့မျက်လုံးတွေ
မြင်သူတကာတိုင်းလည်း စွဲကျန်လိမ့်မယ်...
မှုံမခြယ်ဘဲနဲ့ လှတဲ့အလှကို
ကဗျာတွေ ဖွဲ့လည်း မမီနိုင်ဘူးကွယ်...

မြင်သူတကာတိုင်း လည်ပြန်ကာငေး
အခြေမခိုင်နိုင် ယိုင်လဲနေ
ကိုယ်တစ်ယောက်လည်း ဒီလိုပါပဲ သိပ် သိပ် သိပ် သိပ် သိပ်ချစ်နေပြီကွယ်...
ကျတော် ကြိုက်တဲ့ ကာရံလေး mp3 ကို ဒီမှာ တင်ထားပေးပါတယ်... ကြိုက်ကြမယ်လို့ ထင်ပါတယ်...

Sunday, September 9, 2007

တစ်မိနစ် နောက်ကျ



နောက်ကျတယ် ဆို တာ အချိန်ကို မလေးစားလို့ ပါ လို့ ပြောတတ်ကျပေမယ့် လူတိုင်း နောက်ကျဖူးကြမှာပါ။ မကြာခဏ နောက်ကျဖူးသူ ဖြစ်တဲ့အတိုင်း ကျွန်တော့် နာရီကို ဆယ်မိနစ်ထိအောင်မှ ပဲ မြန်ထားခဲ့ဖူးပါတယ်။ လူတစ်ကိုယ် အတွေးတစ်မျိုးစီမဟုတ်လား အချို့ ကတော့လည်း ဒါဟာ မိမိကိုယ်ကို လှည့်ဖျားခြင်းတစ်မျိုးလို့  ဆိုကြပါတယ်။ ကိုယ့်ဟာနဲ့ ကိုယ်ကျတော့လည်း ဟုတ်နေတာပါပဲ။
ထုံးစံအတိုင်းပဲ နာရီကို မြန်ထားပေမယ့်လည်း ကျွန်တော်ကတော့ နောက်ကျတတ်မြဲ နောက်ကျ တတ်ဆဲပါပဲ။ ဒါကြောင့် အခုဆိုရင် နာရီမပတ်တာ တော်တော်တောင်ကြာပြီထင်ပါတယ်။

အဲ့ဒီလို အချိန်မှာ ကိုမျိုးကျော့ ရဲ့  သီချင်းလေးကို နားထောင်လိုက်ရတော့ တော်တော်ကို ကြိုက်သွားမိပါတယ်။ အမယ် ငါနဲ့ တော်တော်တူသားပေါ့။ အဲ့ဒီကတည်း က တူလိုက်တာ ခုချိန်ထိပါပဲ။ ဖြစ်တတ်တဲ့ သဘောလေးတွေဆိုတော့လည်း ဆက်ဖြစ်နေသေးတဲ့သဘောပါပဲ။
ခုချိန်ထိတော့ ဘ၀မှာ ကြီးကြီးမားမား အခက်အခဲ ဖြစ်လောက်အောင် နောက်မကျဖူးပေမယ့်။ နောက်ကျတတ်မှုကြောင့် အခက်အခဲတစ်ချို့  ကြုံတွေ့ ဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီသီချင်းလေးကို နားထောင်မိတိုင်း ခံစားမိတိုင်း နောက်ကျတတ်တဲ့ အကျင့်ကြောင့် ညိုနေတတ်တဲ့ မျက်နှာလေး။ စူနေတတ်တဲ့ နုတ်ခမ်းလေး။ မျက်ရည်တွေ ၀ိုင်းနေတတ်တဲ့ မျက်ဝန်းလေး အမောတကော ပြန်ချော့ခဲ့ရတဲ့ အချိန်တွေကို သတိရရင်း ..
ဒီသီချင်းမျိုးလေး ရေးပေး သီဆိုပေးခဲ့တဲ့ ကိုမျိုးကျော့ရဲ့  ဖန်တီးမှု
အနုပညာကို ဦးညွှတ်လျှက်


တစ်မိနစ် နောက်ကျ [vcd@youtube]

တေးရေး တေးဆို- မျိုးကျော့မြိုင်

တစ်မိနစ်နောက်ကျ သွားပြီ
ကားကြီးထွက်လို့ သွားပြီ
လက်ကလေးပြလို့  နုတ်ဆက်
အနမ်းများလေထဲလွင့်လို့ ထားခဲ့ ....

မင်းလေးမရှိတဲ့လမ်းဆီ
လျှောက်လို့ မတတ်တဲ့ခြေထောက်တွေ
တကယ်အသုံးမကျတဲ့ ကိုယ်လေ
ဘယ်နားရောက်ရောက်လွဲနေတယ်

တကယ် အချစ် လာပြီးတည့်လှည့်ပါ ကိုယ့်ကို
ဆယ်မိနစ်မြန်ထားတဲ့ ကိုယ်နာရီလည်း
တကယ်တမ်းသုံးလို့ မရဘူးကွယ်

နောက်ကျတတ်တဲ့အကြောင်းကို
သီချင်းတစ်ပုဒ် လုပ်ဆိုဖူးတာ
နိမိတ်ပဲလားတော့မသိတယ် ပိုပြီးနောက်ကျလို့ ရယ်

ချစ်ခဲ့ကြတဲ့ နှစ်တွေ မင်းစိတ်ဆိုးတာများနေ
ဒီတခေါက် အဝေးကြီးသွားမှာ
ကြိုသိလို့  ဂရုစိုက်မိကာမှပဲ
ပိုနောက်ကျသွားတယ် အချစ်ကလေး
တစ်မိနစ် တစ်မိနစ်ဆိုရုံလေး .....

တကယ်ချစ် လာပြီးတည့်လှည့်ပါ ကိုယ့်ကို
ဆယ်မိနစ်မြန်ထားတဲ့ ကိုယ်နာရီလည်း
တကယ်တမ်းသုံးလို့ မရဘူးကွယ် ...

သိပ်ချစ်တတ်တာအဟုတ်ပါ
မင်းချိန်းတဲ့အချိန်နောက်ကျလို့ 
သူများ ဦးသွားလိမ့်မယ်
ဆိုပြီးမစနဲ့ အချစ်ရယ်

ခဏလောက် စောင့်နေကြည့်ပါ
ဒါ နောက်ဆုံး တောင်းပန်ခြင်းပါ
အခုကတည်းကစောင့်မယ်
အပြန်ခရီးရောက်တဲ့ အထိတိုင်
အရင်ဆုံးကိုယ်ရောက်နှင့်ဖို့ကွယ်အချစ်ကလေး

ဒီ လမ်းမကြီးရဲ့ ဘေးမှာ စောင့်နေ
ဘယ်တော့မင်းပြန်လာမလဲလေ
ဘယ်တော့မင်းပြန်လာမလဲလေ ........






credited to mgcho for vcd@youtube

Wednesday, September 5, 2007

အရာရာဟာပြောင်းလဲခဲ့ပြီ

သံစဉ် / စာသား - မျိုးကျော့မြိုင်
တေးဆို - မျိုးကျော့မြိုင် ၊ ဇမ်နူး

မင်းရဲ့ အိမ်မက် ကိုယ်ရဲ့ညတွေကို အဖော်လုပ်ဆဲ မင်းရဲ့စကားနဲ့
စိတ်ညစ်တဲ့ရက်တွေကို ကယ်တင်ခဲ့ ဒီလိုပဲ ကိုယ့်ဘ၀နေ့ရက်
နေရာတိုင်း မင်းရဲ့အကြောင်းတွေ အစုံပါပဲ
မဟောင်းသွားတဲ့ အဖြစ်အပျက် အချိန်တွေထဲ
တကယ်ပါပဲ မနေ့ တစ်နေ့ကလို မြင်ယောင်ဆဲ

မင်းအကြောင်းရေးတဲ့ ကိုယ့်သီချင်းများကြားထဲမှာ နေနေဆဲ
အခုထိဇွဲနဲ့ အချစ်ရဲ့ဖိစီးမှုကိုခံနေဆဲ တစ်ခါတလေလည်း
ကိုယ့်ဘ၀ ဓာတ်ပျက် ဘာကိုမှခံစားချက်မရှိတော့သလို
အနာဂတ်ထဲ အစားထိုးမရတဲ့နေရာအတွက်
ဘယ်လိုမှ ဖျက်လို့မပျက်တဲ့ ဒဏ်ရာတွေနဲ့

ဟေး အရာရာဟာ ပြောင်းလဲခဲ့ပြီ အချိန်တွေဟာ အသစ်ဖြစ်ခဲ့ပြီ
ပိုင်ဆိုင်တဲ့နေ့သစ်များဆီ ဟေး အရာရာဟာ ပြန်စလို့မရပြီ
အရာရာပြန်ဖျက်လည်းမရပြီ ပိုင်ဆိုင်တဲ့ဘ၀လမ်းဆုံးထိ

အစွန်းရောက် အမှတ်တရ တကယ်ပဲများလွန်းလှတဲ့ ကိုယ့်ဘ၀ထဲ
မင်းအတွက် ကိုယ့်အတွက် ထာဝစဉ်နေသွားမယ့်
လက်တွေ့ဘ၀ရဲ့ နေရာတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်နဲ့
ရှေ့ကိုဆက် ဒီလိုပဲ ကိုယ်တို့နှစ်ယောက်ရဲ့ဘ၀ဟာ အတူတူပဲ
နှလုံးသားကို ဦးစားပေးတဲ့ဒုက္ခထဲ အရာရာဟာပြီးဆုံးလိုက်ရပြီ
အရှုံးတရားနဲ့ မင်းအကြောင်း သတင်းကောင်း
ကိုယ်လေ အမြဲတမ်းကြားချင်နေပါတယ် နှစ်လ နေ့ရက်
ဒီလိုပဲ တဖြည်းဖြည်း အေးသွားလိမ့်မယ်ထင်ပါတယ်
ဒါပေမယ့် အောက်မေ့ သတိရ တစ်ခါတစ်လေလည်း
မင်းအကြောင်း ပြောမိတဲ့အချိန်တွေထဲ ဘ၀တစ်ကွေ့မှာ
အမှတ်တရတွေ အများကြီးနဲ့ ကိုယ်လေသိပ်ချစ်ခဲ့ဖူးတယ်
မင်းတစ်ယောက်တည်း

ဟေး နေ၀င်ချိန်ခရီးလေးရောက်ပြီ ပျော်စရာတွေဝေးသွားခဲ့ပြီ
ရင်ခုန်ခြင်းအဆုံးသတ်ခဲ့ပြီ ဟေး
ပြန်မြင်ယောင်ခွင့်လည်းဝေးပြီ ပြန်လိုချင်လို့လည်းမရပြီ
မျိုသိပ်ရင်း ဘ၀လမ်းဆုံးအထိ

(လား လာ လာ လာ)၂

အရာရာဟာပြောင်းလဲခဲ့ပြီ - မျိုးကျော့မြိုင် feat ဇမ်နူး

credit to မမေ

အချစ်ရှိသောနေ့စွဲများ

ဒီသီချင်းကို ဇမ်နူးက r&b ပုံစံအဖြစ် ပြန်ဆိုထားတာလေးကို အရမ်းကို ကြိုက်နှစ်သက်ပါတယ်။
အောက်ပါ စာသားကို ဇမ်နူးဆိုထားတဲ့ ဗီစီဒီကိုကြည့်ပြီး ပြန်ရိုက်ထားတာပါ။
မျိုးကျော့မြိုင်ရဲ့ မူရင်းစာသားနဲ့က နည်းနည်းကွာမကွာတော့ မသိပါဘူး။

အချစ်ရှိသောနေ့စွဲများ
မနေ့ကအကြောင်း ပြန်စဉ်းစား
မနက်ဖြန်ရောက်ဖို့ အင်အားများ
ပေးဆပ်ခြင်းထဲ ပျက်စီးသွား

တွေ့မြင်တုန်းခဏ သူ့အပြုံးများ
နေ့စဉ်ရက်ဆက် ကိုယ်သိမ်းထား
အထီးကျန်တဲ့ည စကားလုံးများ
ချစ်သူတို့အတွက် စတေးမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
နောက်ကျတဲ့အသည်းက အသိရယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား

မျက်ရည်တို့က နိဂုံးလား
အချစ်တွေအဆုံးမဲ့ ရင်ထဲထား
အတ္တတရားရဲ့ အပြစ်ပဲလား
ဆောက်တည်ခဲ့သမျှ ပြိုလဲသွား ... ဟား ...

ရယူခြင်းအတွက် ကိုယ်အတွေးများ
မှားတယ်လို့လည်း ဆိုဦးမလား
မျက်ရည်ကြားက ကိုယ့်အပြုံးများ
ချစ်သူလေး သိနိုင်ဦးမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
ခြားနားခဲ့လွန်းတဲ့ အဖြစ်တွေ
အတွေးလေးနဲ့ ခွင့်ပြုတော့လေ

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
အေးချမ်းတဲ့ မင်းတစ်ယောက်သိရင်
အနှောင့်အယှက်များ ဖြစ်နေမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
နောက်ကျတဲ့အသည်းက အသိရယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား

အချစ်ရှိသောနေ့စွဲများ - မျိုးကျော့မြိုင်
အချစ်ရှိသောနေ့စွဲများ - ဇမ်နူး

သီချင်းများတင်ပေးသော မမေကို ကျေးဇူးတင်ပါတယ်။

Thursday, August 30, 2007

မင်းမရှိလို့ မဖြစ်ဘူး


အွန်လိုင်းပေါ်မှာ အတည်အတံ့ ကျနော် ရေးခဲပါတယ်။ အပျော်သဘောမျိုးတွေပဲ
ရေးလေ့ ရှိပါတယ်။ သို့ ပေမယ် နှစ်သက်လွန်းတဲ့ မျိုးကျော့မြိုင် နဲ့ ပတ်သက်တဲ့
ဘလော့မှာ အတည့်အတံ့ ခံစားချက်လေးနဲ့ ရေးမယ်လို့  ဆုံးဖြတ်ပြီးရေးလိုက်ပါတယ်။

ကိုမျိုးကျော့ နဲ့ အသက်သိပ်မကွာလှတဲ့ ကျနော်အဖို့  ကိုမျိုးကျော့သီချင်းတွေ ထွက်ခါစကတည်းက ခုချိန်ထိ တကယ်ကို ခံစားခဲ့ရ။ ခံစားနေဆဲ ဆက်လက်ပြီးလည်း ခံစားနားဆင်နေရဦးမှာပါ။

ကိုမျိုးကျော့ သီချင်းပေါင်းများစွာ အနက်က ပထမဆုံး ထူးထူးခြားခြားလေး
စိတ်ထဲစွဲနေတဲ့ သီချင်းလေးကတော့ မျိုးကျော့မြိုင် ကိုယ်တိုင်ရေး
တေးတပုဒ်ဖြစ်တဲ့

မင်းမရှိလို့ မဖြစ်ဘူး .. ဆိုတဲ့ သီချင်းလေးပါ

ကျနော့ အတွက်ကတော့ အဲ့ဒီသီချင်းဟာ တကယ့်ကို ခံစားမှုအပြည့်နဲ့
အကြိမ်ပေါင်းများစွာ သီဆို နားဆင်ခံစား ရတဲ့ တေးတပုဒ်ပါပဲ။ဘယ်အချိန်မဆို ပြန်လည်ခံစားတိုင်း ရင်ခုန်ခဲ့ရတယ်ဆိုရင် မမှားပါဘူး။

သူ့ ပခုံးလေးထက် မှီခဲ့ ဖူးတဲ့ ကျနော်ကတော့
ကိုမျိုးကျော့ ရဲ့ မင်းမရှိလို့  မဖြစ်ဘူးဆိုတဲ့ သီချင်းလေးကို
နားဆင်ခံစားရင်း ကိုယ့်ဘ၀အတွက် အားပေးမယ့်
အလိုအပ်ဆုံး အပြုံးလေး ကို မပြောင်းလဲဘဲရင်မှာစွဲနေရင်း

အခုသီချင်းစာသားလေးကို တင်ပေးလိုက်ပါတယ်

ဖတ်ရှခံစားနိုင်ကြပါစေလို့ ......



မင်းမရှိလို့ မဖြစ်ဘူး [vcd@youtube]

တေးရေး - တေးဆို မျိုးကျော့မြိုင်

မျက်လုံးလေးမှိတ် သူ့ စကားလေး ကိုယ်ရင်ခုန်ခဲ့ဖူးတယ်
ဘေးနားမှေးစက် သူ့ အနမ်းလေး ဘယ်အခါမှ မမေ့ဘူးကွယ်
နေ့ ရက်တွေ စောင့်လို့ နေ အတွေးညတွေ အိမ်မက်ရှည်

လမ်းလေးလျောက်လို့  သူ့ပခုံးလေးထက် ကိုယ်လေမှီခဲ့ဖူးတယ်
လမ်းများပျောက်လို့  ရင်ဆိုင်အားပေးလည်း ကိုယ်လေငိုခဲ့ဖူးတယ်
အယုအယတွေ အချော့အမော့တွေ တမ်းတနေ လိုအပ်ချက်လေး

မင်းမရှိလို့ မဖြစ်ဘူးသိလား
ကိုယ့်ဘ၀အတွက် အလိုအပ်ဆုံးသိလား
မင်းမရှိလို့  တကယ် မဖြစ်ဘူးသိလား
မပြောင်းလဲဘဲ ရင်မှာစွဲနေမလား ရင်မှာစွဲနေမလား




credited to nicejulia for vcd@youtube

ပေါ့ပေါ့လေးပါပဲ


ငါဘာရေးရမလဲ ... ငါတွေးနေမိတယ်... ငါတစ်ခုခုကို ရေးချင်နေမိတယ်....
ကြည့်မနေပဲ ငါဘာတွေ မြင်နေမိတာလဲ... နားထဲမှာလည်း ငါကြားယောင်နေတယ်...
ငါ့ရဲ့အတွေးတွေ ငါ့စိတ်ထဲမှာ တစ်ခုခုချရေးလိုက်မိတော့တယ်...
ပေါ့ပေါ့လေးပါပဲ

မိုက်ကရိုဖုန်းကို ရှေ့ချပြီး
သီချင်းဆိုဖို့ ကြိုးစားရင်း
အနာဂတ်ကို လှမ်းကြည့်လိုက်တယ်
ခံစားချက်တွေရေးထားတဲ့
ငါ့ရဲ့စာသားတွေကြားမှာ
ကိုယ်တိုင်ပျောက်ဆုံးသွားပြီလား
ဘေးမှာ အဖော်တွေ ရှိသေးရဲ့လား

တစ်ခါတစ်လေမှာ ကိုယ်ဟာ ကဗျာလိုလိုစာလိုလို ရေးထားတဲ့စာသားတွေထဲမှာ ကိုယ်တိုင် ပျောက်ဆုံးနေတတ်တယ်.. သံစဉ်မပီသတဲ့ သီချင်းအပိုင်းအစတွေကြားထဲမှာ ကိုယ်တစ်ယောက်ထဲ...

ညမအိပ်တဲ့ အကြောင်းတွေ စဉ်းစားရင်း
မနက်လင်းထိ စောင့်ခဲ့တယ်
လိုနေတယ် တစ်ခုခုတော့
ဘယ်သီချင်းထဲက ရမလဲ ငါမသိဘူး
သီချင်းတွေ လိုက်နားထောင်ကြည့်တယ်
တစ်ပုဒ်တော့မှတ်မိတယ်
ကိုယ်ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ

ဒီတစ်ညလုံး ကိုယ်အိပ်မရခဲ့ဘူး ... မိုးလင်းခါစအချိန်ပိုင်းလေးမှာပဲ ကိုယ်ဒီစာကိုရေးခဲ့တယ်...
မှတ်မှတ်ရရ သီချင်းတစ်ချို့ ရေးခဲ့ဖူးတယ်... တစ်ချို့သီချင်းလေးတွေ မှတ်မှတ်ရရ ရှိခဲ့ဖူးတယ်..
ကိုယ့်ကိုကိုယ် ဘာလိုချင်မှန်းမသိတဲ့ အချိန်တွေမှာ ဒီသီချင်းတွေလိုက်နားထောင်မိတယ်..
သီချင်းတစ်ပုဒ်ကတော့ အမြဲတမ်း သတိရလို့နေမယ်.. Forget.Me.Not !!


အချစ်ကို တွေ့ခဲ့ရတယ်
ကိုယ့်စိတ်နဲ့မဖြစ်ဘူး
ပူလောင်စေတယ်၊ ဝေခွဲလို့မရဘူး
သံယောဇဉ်ဖြစ်တယ်၊ သနားတယ်
ငါဘာလုပ်ရမလဲ ...
မေ့လိုက်တယ်
အပြုံးတွေ အချစ်တွေ
မေ့လိုက်တယ် ...
ငါရက်စက်ခဲ့တယ်

အချစ်တွေများစွာ ငါတွေ့ခဲ့ဖူးတယ် ... အချစ်ဆိုတာဘာလဲ? ငါမသိသေးဘူး ...
တစ်ချို့ပြောတာ ပေးဆပ်ခြင်းတဲ့ ... တစ်ချို့ကျတော့ ရယူမှု ပိုဆိုင်လိုခြင်းသာ ...
ပေးဆပ်ခြင်းနဲ့ ရယူလိုမှုမပါတဲ့ အချစ်တစ်ခုကိုငါ တွေ့ခဲ့ရတယ်... ငါမပိုင်ဆိုင်တဲ့အချစ်ပဲ..
သနားတာ ရက်စက်မှု သံယောဇဉ်တွေ အပြုံးတွေ ငါ့စိတ်ထဲ ငါမေ့လိုက်ချင်တော့တယ် ...


ကိုယ်တနေရာရာကို ထွက်သွားချင်တယ်
လေထဲမှာလွင့်နေတဲ အတွေးတွေကို စီးမျောရင်း
ဖြည်းဖြည်းလေး အဆုံးမသတ်ချင်တဲ့နောက်မှာ
အမြင့်မားဆုံးလျင်မြန်မှုနဲ့ ဇာတ်သိမ်းချင်တယ်
နောက်ဆုံးငါမြင်လိုက်တယ် တံခါးပေါက်တစ်ခု ပွင့်နေတယ်
ပေါ့ပေါ့လေးပဲ ... ငါထွက်သွားလိုက်တယ်

အရာရာကိုအရှုံးပေးပြီး အဝေးဆုံးကို ထွက်ပြေးသွားချင်မိတဲ့စိတ်မျိုး ခဏခဏ ဖြစ်တတ်တယ်.. လွင့်မျောနေ ငါ့ရဲ့စိတ်တွေ ထိန်းမရ ချုပ်မရ .. နယ်လွန်တိုက်စားခြင်းတွေ သွေးသားထဲအထိ တိုးဝင်လို့လာတယ် .. ငါလေ တမြေ့မြေ့နဲ့ လောင်ကျွမ်းနေရမယ့်အစား အမြင့်မားဆုံးတောက်ပခဲ့ပြီး အမြန်ဆုံးကြွေကျသွားတဲ့ ကြယ်လေးတစ်ပွင့်ကို အားကျမိတယ်.. ဘ၀ရဲ့ နောက်ဆုံးထွက်ပေါက်ကို ငါလှမ်းကြည့်တယ်... လျှောက်ရမှာက ဒီတစ်လမ်းထဲပဲ .. ဘာကြောင့်ဝေးနေရတာလဲ...
ငါ့ရဲ့တံခါးကိုသာ ဖွင့်လိုက်ပါတော့ ... ခွင့်မလွှတ်နိုင်လည်း ခွင့်ပြုပါ... ငါသွားပါရစေ...

အခြံအရံ နတ်သမီးတို့ များစွာ
ပူလောင်နေတဲ့ ငါ့ရဲ့ဘေးမှာ
အတူတူထိုင်ကာ လေခြင်းတိုးသံ
ကိုယ့်ရဲ့အကြောင်းတွေလား
ငါဟာဘယ်သူလဲ မသိပါ
အတူတူပျော်နေတဲ့ ဒီညမှာ
အခြွေအရံတွေဘေး ခြံရံထား
ငါဟာ ပေါ့ပေါ့လေးပါလား

နောက်ဆုံး..ဖြူရော်ရော် အမြင်အာရုံ ၀ိုးတ၀ါးကြားမှာ နားထဲ ကြားတစ်ချက် မကြားတစ်ချက်နဲ့ ...
ဒါ...လက်ထပ်ပွဲလား.. အသုဘပဲလား.. ဒီလိုပွဲမျိုးတွေမှာ ကြားရတတ်တဲ့ဂီတ.. ပီယာနိုတီးသံ ...
ဒါ...သတို့သမီး လှမ်းလျှောက်ထွက်လာတာလား... ခေါင်းတလားကိုပဲ သယ်လာကြတာများလား ...
ဒါ...ငါမမြင်ရတဲ့ ငါပဲလား.. ငါမသိနိုင်တဲ့ ငါပဲလား.. ငါဘယ်သူလဲ.. ငါဘာလဲ.. ငါမသိနိုင်တော့ ...
မျက်စိမှိတ်လိုက်ရင် အရာအားလုံး ရပ်တန့် မှောင်မိုက် ပြီးဆုံးပြီ နတ်သမီးရေ... ပေါ့ပေါ့လေးပါလား ...


Although Myo Kywat Myaing has mostly written his own songs, this melody is originally sampled from "Sleeping With An Angel" by The Real McCoy.

I've been around, been in the lost and found
Then I found myself in your eyes ...

I've been in love, and I've seen it all fall apart
I hurt so bad, and I hurt somebody real bad
I didn't think I could ever feel love again ...

I'm sleeping with an angel. She makes me feel so good.
Sleeping with an Angel. I didn't know I could.
But I've done too many wrongs, sung too many songs,
to be sleeping with an angel, sleeping with an angel.

And in your eyes I see the light ...
of a million candles burning bright...
And in your eyes I see the light ...
of a million candles burning bright...

ဝင်သက်ထွက်သက် (သို့မဟုတ်) အပြာရောင်နေ့ရက်များ



အပြာရောင်နေ့ရက်များ (၀င်သက်ထွက်သက်)
ရေး/ဆို - မျိုးကျော့မြိုင်
Original Song: I'll Be Missing You by Puff Daddy & Faith Evans (feat: 112)

ဟေ့ ရင်မှာ မင်းအတွက် အမြဲခံစား ... ကိုယ့်ဘ၀တကယ်ကို မွန်းကျပ်နေ ... မခံနိုင်တော့ဘူး သိရဲ့လား

ဟေ့ ဆုံးဖြတ်ခက်တဲ့ နေ့တွေလည်း ... ပင်လယ်ပြင်လို ရင်မှာ လှုပ်ခတ်ဆဲ
ဝေဒနာဆုံတဲ့ ငါ့ဘ၀အား ... ဘယ်သူခေါ်ဆောင်ကာ ပစ်ချထားခဲ့
ဒီနှလုံးသားက မင်းကိုလွမ်း ... ရေဆာရေငတ်သလို မင်းရဲ့ အနမ်း
မင်းမရှိပေမယ့်လည်း ရှိသလိုပဲ ... ဒီမျက်လုံးများက စောင့်ကြည့်ဆဲ
မင်းဟာ ကိုယ့်ဘ၀ထဲက ထွက်ခွာမသွား ... ဒီစိတ်တံခါး အမြဲဖွင့်ထား
အပြာရောင် နေ့တွေများ ... အပြာရောင် တေးစာသား ... စောင့်ကြည့်ရတဲ့ နေ့ရက်များ
ရင်မှာ ပြာလဲ့လဲ့ ဂြိုဟ်တစ်ခုလို ... ပန်းချီကားတစ်ချပ်ကို ရေးဆွဲသလို
အပြာရောင်တွေနဲ့ မွှန်းခြယ်မလား ... လူ့ဘ၀မကုန်ခင် နေ့ရက်များ ...

ဝင်သက်ထွက်သက်များ ရွှေ့လျားသော မင်းအရိပ်
ဘာတွေကို ချိုးဖောက် ဘယ်ခြေလှမ်း ပြောင်းမလဲ ... အမြဲ ငါ စောင့်ကြည့်နေ
နေ့တိုင်း မင်းစရိုက်များ စကားလုံးတိုင်းပြောသမျှ
ဘယ်လိုပိုင်စားပြီး ဘယ်လိုကူးပြောင်းမလဲ ... အမြဲ ငါ စောင့်ကြည့်နေ

ဘယ်လိုလဲ ....
တယ်လီဖုန်းဆက်လဲ မင်းကမထူး ... ညာနေတာ သိလျက်နဲ့ ကိုယ်ဟာ အရူး
ကိုယ်မမြင်တာတွေကို မင်းသိမလား ... လိုတာထက်ပိုပြီး မင်းသိမလား
ကိုယ့်ရင်ထဲက အချစ်စိတ်များ ... အို ပေါ့ပေါ့လေးပဲ မင်းတွက်ထား
ရှင်သန်စရာဟာ မရှိလောက်အောင်မို့ ... ဒီတစ်ခါ တကယ်ကို ပြီးကြပါစို့
အို လုံးဝ နောက်ပြန်လှည့်မကြည့်ကြေး ... လူဆိုတာ ကိုယ့်အကြောင်း ကိုယ်ပဲတွေး
ရင်မှာ အပြာရောင် မီးတောက်များ ... အနီထက်ပြင်းတဲ့အား ပူလောင်မှုများ
လျှို့ ဝှက်စွာသိမ်းထားခဲ့ အချစ်ဒေါသ ... ကိုယ် အခြေအနေမှန်ကို သိလိုက်မှ
ဝေဒနာတွေဟာ အမှုန့်ဖြစ်သွား ... လူ့ဘ၀မကုန်ခင် နေ့ရက်များ

ဝင်သက်ထွက်သက်များ (no no ... ) ရွှေ့လျားသော မင်းအရိပ် (ဘာမှားသလဲ)
ဘာတွေကို ချိုးဖောက် ဘယ်ခြေလှမ်း ပြောင်းမလဲ ... အမြဲ ငါ စောင့်ကြည့်နေ (yeah..)
နေ့တိုင်း မင်းစရိုက်များ စကားလုံးတိုင်းပြောသမျှ (uh ... huh...)
ဘယ်လိုပိုင်စားပြီး ဘယ်လိုကူးပြောင်းမလဲ ... အမြဲ ငါ စောင့်ကြည့်နေ
ပြောစမ်း ဘာမှားသလဲ....
မင်းရဲ့သံသယ အမုန်းတွေဖြစ်သွားသလားကွာ ... လောင်ကျွမ်း အပြာရောင်မီးတောက်

(ခြေလှမ်းပြောင်းလဲသမျှ ... စကားလုံးတိုင်းပြောသမျှ ... လှုပ်ရှားခြင်းပြုသမျှ ... ကတိများမင်း ဖျက်သမျှ) repeat

ဟောဒီသီချင်းဟာ မင်းကို စိတ်နာနာနဲ့ ဆိုတဲ့သီချင်း ကိုယ့်စိတ်ထဲမှာ နာကျင်သလို ဒီသီချင်းလေးကြားရင် မင်းရဲ့ နာကျင်မှုတွေ ဝေးပါစေ ...

Saturday, August 25, 2007

ပျော်ရွှင်မှုဆိုတာ ...

happiness

ကျွန်မရဲ့ personal blog မှာ မျိုးကျော့မြိုင်ရဲ့ သီချင်းနဲ့ စာသားတွေ အများကြီး တင်ဖြစ်ခဲ့ပါတယ်။ ပထမဆုံး တင်ဖြစ်တဲ့ သီချင်းလေးကို MyoKyawtMyaing Blog မှာ ပထမဆုံး post အနေနဲ့ ပြန်တင်လိုက်ပါတယ်။ ဒီ ပျော်ရွှင်မှုဆိုတာ ဆိုတဲ့ သီချင်းက မျိုးကျော့မြိုင်ရဲ့ ဒုတိယ single album “ ကမ္ဘာကြီးအပြင်ဘက် ” ထဲက သီချင်းဖြစ်ပြီး အဲဒီအခွေအတွက် ကျွန်မ အကြိုက်ဆုံး သီချင်းဖြစ်ပါတယ်။ မျိုးကျော့မြိုင်က ဒီသီချင်းကို version အမျိုးမျိုးနဲ့ ပြန်ဆိုခဲ့ပေမဲ့ ပထမဦးဆုံး ဆိုခဲ့တဲ့ version ကို အကြိုက်ဆုံးပါပဲ။


ပျော်ရွှင်မှုဆိုတာ ....

မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်

နှုတ်ခမ်းပေါ်က နေ...ပြောပါ
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်

မျက်ရည်ဝဲရုံလေး...နဲ့တော့ မပြောနဲ့အချစ်ရယ်

ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်

ကိုယ်မယုံဘူး အချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်


မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ဒီဘ၀ အမြဲလှပနေမယ်

ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်

လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်

အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့


မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်

အားတင်းထားပါ လူတိုင်းဘ၀ရဲ့ အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ဘာမှ စိတ်မချဘူး

happiness?

ပျော်ရွှင်မှုဆိုတာ ... အခြေအနေနဲ့ အချိန်အခါကိုလိုက်လို့ အရာအားလုံး ဖြစ်နိုင်ပါတယ်။ ဒီပို့စ်ကို ရေးနေတုန်းတော့ ပျော်ရွှင်မှု ဆိုတာ မျိုးကျော့မြိုင်ရဲ့ ”ပျော်ရွှင်မှုဆိုတာ” သီချင်းကို နားထောင်နေတာပဲ ဖြစ်မှာပါလေ ....