Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Sunday, March 2, 2008

[Happiness is...] Song of the moment


မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်
နှုတ်ခမ်းပေါ်က နေ မင်း...ပြောပါဦး
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်
မျက်ရည်ဝဲရုံလေး...နဲ့တော့ မပြောနဲ့အချစ်ရယ်

ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်
ကိုယ်မယုံဘူးအချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်


လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်
အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့

မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်
အားတင်းထားပါ လူတိုင်းဘ၀ရဲ့အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ ဘာမှ စိတ်မချဘူး

မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ... ဒီဘ၀ အမြဲလှပနေမယ်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ... ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်


Dedicated especially to my love and my bro
Song text taken from Emotional Corner
Poem & Design: PT @ Lan-O-Lay

Saturday, February 23, 2008

လူဖြစ်ရတဲ့ ... အချိန်တွေကို ဖျက်ဆီးခဲ့


လူဖြစ်ရတဲ့ ....



ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ



Video credit : BurmeseClassic
Poem credit : Lan-O-Lay (Originally printed in ThaRaPhu Magazine Feb '04)

Thursday, August 30, 2007

ဟိုး ... အဝေးကြီး

starnmoonb

အဝေးကြီးကို လှမ်းမျှော်မိတယ်
အနီးနားမှာ ကိုယ်မပျော်ဘူး
အဖော်...မင်းမှ မရှိပါလား

အိပ်ပျော်စဉ် ခဏလေး ... အိပ်မက်က ဘ၀ပဲ
ခေါ်သံလိုလို ကြားမိခိုက်မှာ လန့်နိုးလာခဲ့ရတယ်

ဒီလိုနဲ့ပဲ ...
သူနဲ့ ကျနော်တို့ရဲ့ ကြားမှာ
နောက်ဆုံးပေါ် ကမ္ဘာကြီး ခြားနေလေရဲ့  ...