Tuesday, June 22, 2010

မျိုးကျော့မြိုင်နှင့် တွေ့ဆုံခြင်း 'ကျွန်တော်က သီချင်းဆိုရမှ မဟုတ်ပါဘူး စင်မြင့်ထက်မှာ ဆိုနေရတဲ့သူတွေကို ကူညီနေရလည်း ကျေနပ်တဲ့လူပါ'


 မြန်မာနိုင်ငံ၏ ဂီတရေစီးသည် အပြောင်းအလဲ အချိုးအကွေ့များ၊ ဖန်တီးမှုအသစ်များဖြင့် ခရီးဆက်လျက်ရှိကြသည်။ ထိုသို့ ဂီတအသွင်သစ်တစ်မျိုးကို ပရိသတ်များ ရှေ့ချပြသည့်အခါတိုင်းတွင် ဝေဖန်မှုများစွာကို ရင်ဆိုင်ရမည်မှာမလွဲပင် ဖြစ်ပေလိမ့်မည်။ ထိုဝေဖန်မှုများကို တွန်းလှန်ရင်း၊ ပရိသတ်၏ခြောက်သွေ့သော အားပေးသံများအား အားဖြည့် ပြန်လည်မွေးမြူရင်း  အီလက်ထရောနစ် ဂီတတစ်ခုကို မြန်မာနိုင်ငံ၌ မွေးဖွားပေးခဲ့သူ တစ်ဦးရှိပါသည်။ သူသည် ' ကျွန်တော့်နာမည် မျိုးကျော့မြိုင်ပါ။ ခုနစ်မိုင်မှာနေပါတယ်' ဆိုသော မိမိအကြောင်းရိုးရှင်းသော စာသားများဖြင့် ဂီတရသတစ်မျိုးကို ပေးစွမ်းတတ်သူ ၊ 'မယ်မဒီလေးလား မှားမိတယ် ' ဟူသည့် နူးညံ့ညင်သာသော ဖွဲ့နွဲ့မှုများ ရင်ခုန်ပျံ့လွင့်မှုများကို သံစဉ်များဖြင့်သယ်ဆောင်လာတတ်သူ၊ 'ရော့ခ်၊ ရောခ့် ..ရောခ့် အင်ရိုး' ဟူသော မြူးမြူးကြွကြွ တေးသီချင်းများဖြင့် စိတ်လန်းဆန်းမှုကို ဖန်တီးနိုင်သူစသည်ဖြင့် ဂီတရသမျိုးစုံကို ပေးစွမ်းနိုင်သည့် မျိုးကျော့မြိုင်ပင်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ထူးခြားသော သူ၏မင်္ဂလာသတင်းဖြင့် ပရိသတ်ရှေ့ပြန်ရောက်လာသူ မျိုးကျော့မြိုင်၏ ဘ၀အကွေ့မှ ပြောင်းလဲမှုများနှင့် သူ၏ဂီတများအကြောင်းကို ယခုလိုရှုမြင်နိုင်မှာ ဖြစ်ပါသည်။


မေး - ကိုမျိုးကျော့ရဲ့ One Man Show  ဖျော်ဖြေပွဲအယ်ဘမ်ကို ဘယ်တော့လောက် ပရိသတ် လက်ထဲထည့်ဖို့ စိတ်ကူးထားပါသလဲ။


ဖြေ-ပရိုဂျူဆာအနေနဲ့ အရိပ်အခြည် ကြည့်နေတယ်နဲ့ တူပါတယ်။ ဒီနှစ်မှာ ချက်ချင်းကြီးတော့ ထွက်ဖြစ်မှာ မဟုတ်သေးဘူး။


မေး - ဒီနှစ်ထဲထွက်မယ့် ကိုမျိုးကျော့စီးရီးကို အွန်လိုင်းကနေ ဖြန့်ချိမယ်ဆိုတာ ဘယ်လိုပုံစံမျိုးကို ဆိုလိုတာလဲ။


ဖြေ- အွန်လိုင်းကဖြန့်မယ်ဆိုတာက Audio ကို အွန်လိုင်းက တစ်နေရာမှာတင်ပေးပြီးFree Down loadလုပ် လို့ရအောင် ပေးထားမယ်။ ဗီစီဒီ၊ ဒီဗီဒီကျမှ ဖြန့်ပြီးရောင်းဖို့ အရင်က စိတ်ကူးထားတာပါ။ မသေချာသေးဘူး။ ဒါပေမယ့် ဒီနှစ်ထဲမှာတော့ ခွေထွက်နိုင်အောင် လုပ်နေတယ်။


မေး - ကိုမျိုးကျော့ရဲ့ ပစ္စုပ္ပန်စီးရီးက Lifestyle အပြောင်းအလဲနဲ့အတူ ပြောင်းလဲသွားတဲ့ခံယူချက်၊ ရှုထောင့်တွေကို တွေ့ မြင်ရမှာလား။


ဖြေ- အရင်က ကျွန်တော်က ကိုယ်လုပ်တဲ့ ဂီတအပေါ်ကို အရမ်းအချိန်ပေးခဲ့ပါတယ်။ သီချင်းတစ်ပုဒ်ကိုရေး ရင်ရော၊ ရေးပြီးတီးရင်ပါ ကိုယ်တိုင်လုပ်ရမှ၊ ပြီးလို့အချောဆိုလည်း ကိုယ်တိုင်ပဲ၊ အားလုံးပြီးသွားပြီဆိုရင် တစ် ပတ်လောက်ကားထဲမှာ အကျယ်ကြီး ဖွင့်ပြီးနားထောင်ကြည့်ရမှ၊ အဲလိုမျိုး သီချင်းအပေါ် အရမ်းခံစားခဲ့တဲ့ဘ၀။ ဒါပေမယ့် အိမ်ထောင်ပြုလိုက်တော့ လူ့ဘ၀ဆိုတာ ဂီတတစ်ခုတည်းနဲ့လည်း မပြီးသေးဘူး၊ မိသားစုဘ၀ ဆိုတာလည်း တည်ဆောက်ရမယ်။ ပြီးတော့ ကိုယ့်အသက်အရွယ်၊ ကိုယ်ဖြတ်သန်းထားတဲ့ အဟုန်နဲ့လုပ်ရမယ့် အရာတွေ၊ ဦးစားပေးရမယ့်အရာတွေ ကိုလည်း သိလာတယ်။ အဲဒီအတွက် ပစ္စုပ္ပန်စီးရီးကတော့ ကျွန်တော့ရဲ့ လက်ရှိအကြောင်းတွေ၊ ကျွန်တော့်သွားနေတဲ့ ဂီတတွေကိုပြထားပါတယ်။


မေး- အခုတစ်ကိုယ်တော်ခွေနဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ တစ်ကိုယ်တော်ရှိုးအကြား ကွယ်ပျောက်နေချိန်မှာ ဘာတွေကိုလုပ်ကိုင်ဖြစ်ခဲ့ပါသလဲ၊ 


ဖြေ- ရှိုးဆိုတာမျိုးတွေပဲ မလုပ်ဖြစ်တာပါ။ သီချင်းနဲ့ ပတ်သက်လို့ကတော့ ပုံမှန်ကိုယ့်ဘာသာကိုယ်လုပ် ဖြစ်ပါတယ်။


မေး- အခုနောက်ပိုင်းမှာ နည်းပညာတွေကို အဓိကသုံးစွဲပြီး အသံသွင်းတာကအစ အသံပြုပြင်တာမျိုးတွေကြောင့် ဂီတနယ်ပယ်မှာ ဘယ်လိုရလဒ်မျိုးတွေ ရရှိနိုင်တယ်လို့ မြင်မိပါသလဲ။


ဖြေ- ကျွန်တော်တို့ခေတ်၊ကိုညီထွဋ် တို့ခေတ်တုန်းကလည်း အသံမသွင်းခင်မှာ သီချင်းတွေကို တိပ်ခွေလေးနဲ့အကြမ်းဆိုတာ၊ တီးတာမျိုးတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့သီချင်းကို တကယ့်ပရိသတ် လက်ထဲပို့တော့မယ်ဆိုရင် ကိုယ့်သီချင်းကို ဘယ်လိုဖန်တီးမယ်၊ ဘယ်လိုတင်ပြမယ်၊ ဘယ်ဟာကို အရင်ပြမယ်ဆိုတဲ့ သီချင်းကို စနစ်တကျဖြစ်အောင် လုပ်ပေးတဲ့ အသံဖမ်းအင်ဂျင်နီယာနဲ့ တိုင်ပင်ပြီးလုပ် ကြတယ်။ ခုလည်းလုပ်တဲ့ လူတချို့ ရှိကြပါတယ်။ ဒါပေမယ့် ခုချိန်မှာ နည်းပညာတွေက အရမ်းတိုးတက်လာပြီး ကွန်ပြူတာရှိရင်ပဲ သီချင်းတီးလို့ ရတယ်။ တချို့ဆိုအသံသွင်းတာ လည်းကိုယ့်အိမ်မှာပဲ သွင်းလိုက်လို့ရတဲ့ အခါမျိုးမှာ အသံဖမ်းအင်ဂျင်နီယာနဲ့ တိုင်ပင်ပြီး သီချင်းတစ်ပုဒ်ကို စနစ်တကျ ဖန်တီးလုပ်ကိုင်တာမျိုးတွေ နည်းလာပါတယ်။ လူငယ်တွေမှာ ပါရမီတွေ ရှိကြပါတယ်။ မထင်ထားလောက်အောင် ဖန်တီးနိုင်မှုလည်းရှိတယ်။ အသစ်တွေ ဖော်ထုတ်နိုင်တယ်။ ဒါပေမယ့်ကိုယ့်သီချင်းတွေကို ပရိသတ် ရှေ့ပို့မယ်ဆိုရင်တော့ ညက်ညက်ကလေးနဲ့ တင်ပြချင်တဲ့ပုံသဏ္ဍာန်ကို ရောက်ဖို့အတွက် ကျွမ်းကျင်တဲ့အသံဖမ်း အင်ဂျင်နီယာတွေနဲ့ လုပ်သင့်ပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဂီတစစ်စစ်တစ်ခု ဖြစ်လာဖို့အတွက် စနစ်တကျလုပ်ရတာမျိုးပါ။ ဒီလိုမျိုးလုပ်ပါများလာရင် ဂီတလောကမှာ အပေါက်ကလေးတွေ ဖြစ်လာတာပေါ့။ မကြီးသေးခင်မှာ စနစ်တကျလုပ်ဖို့တော့ လိုပါတယ်။


မေး- ကိုမျိုးကျော့က စာသားတွေကိုအရမ်း ညက်ညောတာမျိုးတွေ အဓိက သုံးစွဲတာတွေ့ရပါတယ်။ ကိုမျိုးကျော့ရဲ့ သီချင်းရေးသားတဲ့ အခါမှာထားရှိတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။


ဖြေ- ကျွန်တော်အမြင်က ဂီတဆိုတာက တီးလုံးအနေအထားနဲ့ တင်ပြပုံကကြမ်းချင်ကြမ်းနေမယ်။ ဒါပေမယ့် ဒီဂီတကနေ လူတွေရဲ့စိတ်မှာ၊ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေ၊ ဖွင့်ထုတ်ချင်တဲ့ ခံစားမှုတွေကို တီးလုံးတွေ၊ စာသား တွေပေါ်ကနေ ပြန်ရရှိပြီး ကျေနပ်မှု တစ်ခုပေးရမယ်။ ဒါမှလည်း သူတို့အတွက် ဂီတကဖျော်ဖြေမှု ဖြစ်စေမယ်လို့ ထင်တယ်။ ဒါကြောင့် စကားလုံးတိုင်းမှာ အဓိပ္ပာယ်ထည့်နိုင်ပြီး နူးညံ့တာမျိုးကို ရွေးချယ်သုံးစွဲတာပါ။


မေး- အသက်အရွယ်၊ ကိုယ့်အနေအထားကြောင့် ရှိုးတွေ၊ စီးရီးထွက်ရှိမှုတွေမှာ ပိုမိုရွေးချယ်လာရတယ်လို့ ထင်ပါသလား။


ဖြေ - ကျွန်တော့်ပုံစံအတိုင်း သွားနေတာပဲ။ အဲဒီမှာမှ အသက်အရွယ်၊ ကိုယ့်အရှိန်နဲ့ ကိုယ်လုပ်သင့်တာကို ပြောင်းပြောင်း လုပ်သွားတဲ့သဘောပါ။ ကျွန်တော်က သီချင်းဆိုရမှ မဟုတ်ပါဘူး၊ စင်မြင့်ထက်မှာ ဆိုနေရတဲ့သူတွေကို ကူညီနေရလည်း ကျေနပ်တဲ့လူပါ။


မေး - ကိုမျိုးကျော့ပြောတဲ့ မျိုးကျော့ရဲ့ ဂီတပုံစံရဲ့ Goal က ဘယ်လိုပုံစံများလဲ။


ဖြေ - အသံနဲ့တင်မဟုတ်ဘဲ အရုပ် နဲ့ တင်ပြတာမျိုးလည်း ပါနိုင်ပါတယ်။

12 comments:

Anonymous said...

ပြောစရာတော့သိပ်မရှိပါဘူး
ဒါပေမယ့် ရော့ခ် ရော့ခ် ရော့ခ်အင် ရိုး ဆိုတာကိုတော့ပြောချင်ပါတယ်။
မျိုးကျော့မြိုင်ရဲ့သီချင်းက အဲဒီလိုမဟုတ်ဘူးထင်ပါတယ်။
ရက်ပ် ရက်ပ် ရက်ပ် အဲန် ရိုးလ် လို့ဆိုတာလို့ထင်ပါတယ်။
သူ့ရဲ့တတိယစီးရီးထဲက ပထမဆုံးသီချင်းပါ။
အခုနောက်တစ်ခါပြန်ဆိုမှပြောင်းသွားရင်တော့မသိဘူး။
မပြောင်းလောက်ဘူးနဲ့တူပါတယ်။

Unknown said...

ဟုတ်လို့လားဟ

Admin Uninesia said...

KEPADA YTH
SEGENAP BANGSA INDONESIA

INDONESIA SESUAI UNCLOS'82 DITETAPKAN SEBAGAI SATU-SATUNYA NEGARA KEPULAUAN TERBESAR DI DUNIA YANG DIKENAL DENGAN SEBUTAN "ARCHIPELAGIC STATES", SECARA GEOGRAFIS LUAS WILAYAH NEGARA KESATUAN REPUBLIK INDONESIA ADALAH 72 % LAUTAN DAN HANYA 28 % NYA SAJA DARATAN.

OLEH SEBAB ITU PEMBANGUNAN NKRI TIDAK AKAN DAPAT TERLAKSANA SECARA OPTIMAL JIKA SEBAGIAN BESAR PENDUDUKNYA TIDAK MENGUASAI BAHKAN TIDAK MENGERTI TENTANG KELAUTAN ATAU KEMARITIMAN, GAGASAN INI HANYA MAMPU DILAKUKAN OLEH KEPEMIMPINAN PRESIDEN SOEKARNO, SETELAH ITU KEPEMIMPINAN PRESIDEN SOEHARTO HINGGA SEKARANG GAGASAN ITU HANYA BERUPA RETORIKA-RETORIKA BELAKA, SEMENTARA IMPLEMENTASINYA BISA DIKATAKAN BERADA TITIK LEVEL NOL.

UNTUK ITULAH SUDAH MASANYA UNTUK GENERASI PENERUS BANGSA KEDEPAN, JIKA KITA BANGSA INDONESIA INGIN MAJU DAN BESAR, MAKA KUASAILAH LAUTAN KITA, JIKA KITA INGIN MENGUASAI LAUTAN KITA MAKA KUASAILAH ILMU DAN TEKNOLOGI KEMARITIMAN, JIKA KITA INGIN MENGUASAI ILMU DAN TEKNOLOGI KEMARITIMAN, MAKA BERGABUNG DAN PELAJARILAH BERBAGAI LITERATUR SERTA INFORMASI YANG TERSEDIA DI SITUS YANG TELAH KAMI SIAPKAN DI "PUSAT INFO MARITIM INDONESIA" DI NAME ADRESS : http://uninesianisme.blogspot.com/

DAN JIKA ANDA PUNYA IDE ATAU BAHAN LITERATUR, ATAU APAPUN BENTUKNYA GUNA KEPENTINGAN PEMBANGUNAN WAWASAN NUSANTARA SECARA UTUH DENGAN MENGUASAI GEO STRATEGIS NKRI, SILAHKAN DIPUBLIKASIKAN DAN ATAU MELALUI FASILITAS YANG KAMI MILIKI.

ATAS BANTUAN DAN KERJA SAMANYA, KAMI HATURKAN TERIMA KASIH.

ADMIN UNINESIA

Girl Cute! said...

thanks for share!


http://girlcute102.blogspot.com

Unknown said...

This is very nice informational blog..very helpful. Don't forget to visit my blog too digitalcamerasreviewz Thank you :)

Unknown said...

У ВАС ХОРОШИЙ БЛОГ!!!

ПОСМОТРИТЕ БЛОГИ МОЕГО ДРУГА, МОЖЕТ ОНИ ВАМ ПОНРАВЯТСЯ И ВЫ БУДЕТЕ ИХ ИНОГДА СМОТРЕТЬ В СВОБОДНОЕ ВРЕМЯ!

ДОБРО ПОЖАЛОВАТЬ НА ПРОСМОТР БЛОГОВ МОЕГО ДРУГА!!!

Блог Олега Гаврилина Блог о том, что мне интересно!

ПЛАНЕТА-СПОРТ Мировые новости спорта!

Кубок Гагарина Новости Континентальной Хоккейной Лиги-КХЛ!

МОИ ФОТОГРАФИИ Блог с моими фотографиями!

ВЕТЕРАНЫ ВОЙНЫ Моему деду не вернувшемуся с поля боя посвящается... Этот блог посвящен ветеранам войны оставшимся в живых, солдатам кто не вернулся с поля боя, солдатам которые до сих пор числятся без вести пропавшими, солдатам о которых не пишут в газетах, офицерам которые погибали вместе со своими солдатами…

И КОНЕЧНО МОИ БЛОГИ!

Адвокат СИКАЧЕНКО Дмитрий Васильевич в Google

Адвокат СИКАЧЕНКО Дмитрий Васильевич в Яндексе


С УВАЖЕНИЕМ, АДВОКАТ ДМИТРИЙ СИКАЧЕНКО!!!

Anonymous said...

интересно как то, всё закодировани, но на портале brazzers.su всё ясно и понятно.

Zak said...

Ого, сколько тут

блог о квантовой химии

Anonymous said...

花蓮民宿|花蓮民宿|花蓮民宿推薦|花蓮旅遊|花蓮民宿|花蓮旅遊包車|花蓮民宿|花蓮民宿|

qingblog said...
This comment has been removed by the author.
voyance loto said...

belle entrée en matière !

Fariza Barhaeva said...

152