Friday, December 21, 2007

အချိန်နဲ့ နေရာ

မင်းပြောထားတဲ့အချိန်လေးတွေရောက်ဖို့
အဝေးကြီးထဲက မျှော်လင့်နေလို့
ခံစားချက်တွေ အလွန်အကျွံပါ အချစ်ရာ
နှလုံးသားထဲက တစ်ယောက်တည်းသူမို့
နေနဲ့ညတို့ စိတ်ကူးယဉ်လို့
ကိုယ့်အတွေးထဲတောင် ပျော်တာပါ အချစ်ရာ

ဘယ်အချိန်ဆုံမှာလဲ ဘယ်နေရာမှာတွေ့မလဲ
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ ဘယ်အချိန်ဆုံမှာလဲ
မရေရာပေမယ့်လည်း မျှော်လင့်ချက်အများကြီးနဲ့

ဘယ်လိုဖြစ်ဖြစ် မင်းနဲ့တွေ့နိုင်ဖို့ဆိုရင်
ဘယ်နေရာရောက်ရောက် အမြဲ ကိုယ်ကြိုးစားသွားမှာပါ

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ
(ဘယ်နေရာမှာတွေ့မလဲ)
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ဘယ်အချိန်ဆုံမှာလဲ
(ဘယ်အချိန်ဆုံမှာလဲ)
မရေရာပေမယ့်လည်း အိပ်မက်တို့အများကြီးနဲ့ ...



အချိန်နဲ့ နေရာ
ဆို - မျိုးကျော့မြိုင် + ကြည်လဲ့လဲ့ဦး
တေးရေး - ဆောင်းဦးလှိုင်
City FM Live Show (II) မှ

No comments: