Monday, March 17, 2008

မျိုးကျော့မြိုင်ရဲ့ One Man Show သတင်း

Interview တွေမှာ ပါတဲ့ စီစဉ်နေတာ ကြာလှပြီဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show ကို မတ်လ ၃၀ မှာ ဒီတစ်ခါတော့ တကယ်လုပ်ဖြစ်တော့မယ်ဆိုတာ ပေါ်ပြူလာဂျာနယ် ကနေ ဖတ်လိုက်ရပါတယ်။ မနှစ် ဧပြီမှာ အင်တာဗျူးထဲမှာ ပြောထားတဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ တစ်ခြမ်းစီ လုပ်ထားတယ်ဆိုတဲ့ အယ်လ်ဘမ်လဲ ဒီနှစ်ထဲမှာပဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ မျိုးကျော့မြိုင်ရဲ့ သီချင်းအသစ်တွေလည်း နားမထောင်ရတာ တော်တော်တော့ ကြာနေပြီ။ ဒီ One Man Show ပြီးလို့ CD, VCD ထွက်လာမယ်ဆိုတော့ သွားမကြည့်လိုက်ရတဲ့ သူ့ရဲ့ Fan တွေအတွက် အဆင်ပြေတာပေါ့။

Rap Pionner မျိုးကျော့မြိုင်ရဲ့ One Man Show မတ်လ ၃၀ ရက်နေ့ မြရိပ်ညိုမှာ ကျင်းပမည်

လင်းပင်ဟိန်းရဲ့ 65 Entertainment နဲ့ ကိုကျော်ဇင်သိန်း Ezy Entertainment တို့စီစဉ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show နဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲ ကို မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီက Ginzapan မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ လင်းပင်ဟိန်း၊ ကိုကျော်ဇင်သိန်း နဲ့ ဥက္ကာဦးသာတို့က မျိုးကျော့မြိုင် အတွက် အမှတ်တရ စကားများ ပြောကြားပေးခဲ့ပြီး မျိုးကျော့မြိုင်ရဲ့ One Man Show မှာ ဥက္ကာဦးသာက နောက်ခံ Bassing တီးခတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါ One Man Show ကို မတ်လ ၃၀ ရက်နေ့ မြရိပ်ညို မှာ ကျင်းပမှာ ဖြစ်ပြီး မျိုးကျော့မြိုင်ရဲ့ စိတ်ကြိုက်သီချင်းများနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ One Man Show ကျင်းပတဲ့ နေ့မှာ ပရိသတ်များ အတွက် ထူးထူးခြားခြား အစီအစဉ်များ လုပ်ထားကြောင်း၊ အဆိုပါ One Man Show ကို လည်း ဗီစီဒီ၊ ဒီဗီဒီများ ထုတ်လုပ်ဖို့ အထိ ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့ပါတယ်။

Source: Popular Myanmar

No comments: