Monday, April 14, 2008

မျိုးကျော့မြိုင်သင်္ကြန်

သင်္ကြန်နားနီးလို့ DJ Remix သီချင်းသံတွေကြားရင် ၂၀၀၀မတိုင်ခင် နှစ်များက ထွက်ခဲ့ဘူးတဲ့ မျိုးကျော့မြိုင်ရဲ့ Remix ခွေများကို သတိရမိပါတယ်။ ဒီလို မြန်မာ သီချင်း Remix တွေကို မျိုးကျော့မြိုင်ရဲ့ အပိုင်းအစ ဆိုတဲ့ ခွေမှာ စနားထောင်ဘူးပြီး သဘောကျခဲ့ပါတယ်။ အဲဒီနောက် သင်္ကြန်နားနီးလာပြီဆိုရင် မျိုးကျော့မြိုင်ရဲ့ Remix တွေ ထွက်လာတတ်ပါတယ်။ အပိုင်းအစ (၁) ကနေပြီး အပိုင်းအစ (၁.၅) ၊ နောက် သက္ကရာဇ် ၂၀၀၀ ရီမစ်စ် ခွေတွေ ထွက်လာပြီး မျိုးကျော့မြိုင်ရဲ့ Remix သီးသန့်ခွေတွေကို နားမထောင်ရတာ တော်တော်ကြာ ရှိနေပါပြီ။ ခုနောက်ပိုင်း DJ တွေ မတိုင်ခင် ဟိုးအရင်ကတည်းက ဆန်းသစ်တဲ့ မျိုးကျော့မြိုင်ရဲ့ Remix သီချင်းတွေကို အားလုံး ပြန်နားထောင်ကြည့်လို့ရအောင် ဒီကနေ ဝေမျှလိုက်ပါတယ်။

အားလုံး သင်္ကြန်ပွဲတော်ကို ပျော်ရွှင်ဘေးရန်ကင်းစွာ ဆင်နွှဲနိုင်ကြပြီး
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။



No comments: