Sunday, April 19, 2009

MKM @ Thingyan 2009

မင်္ဂလာရှိသောနှစ်ဖြစ်ပါစေ။
 MKM @ Singapore Thingyan 2009

T home သင်္ကြန်မှ မန်းတောင်ရိပ်ခို သီချင်းပါ။




Thingyan Songs - MyoKyawtMyaing



Photo credit: Soe Thiha, Native Myanmar Forum.
Video credit: myanmarvcd

မင်းမရှိတဲ့နေရာ




Friday, September 12, 2008

ချစ်သူ

မျိုးကျော့မြိုင် ရေးခဲ့တဲ့ ဒီ ချစ်သူ သီချင်းလေးကို ပထမဦးဆုံး ဆိုခဲ့တာ နေမျိုးဆေးပါ။ ဒီနောက်မှာ သူ ကိုယ်တိုင် ဆိုခဲ့ပြီး၊ ဖြူ ၊ အယ်လ်လွန်းဝါတို့က နောက်ပိုင်း ပြန်ဆိုခဲ့ကြပါတယ်။

ချစ်သူ
တေးရေး - မျိုးကျော့မြိုင်

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြဿနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဘယ်ချိန်ခါမဆို ကိုယ့်အနားမှာ အစဉ်ရှိတဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ် ဒီသီချင်းလေးနဲ့ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘ၀မျိုးမှာ အတူနေနိုင်ဖို့ ကိုယ်ကြိုးစားမယ်

ဒီသီချင်းလေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့ သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်း ပျော်တယ်
ကိုယ်ငိုရင် သူလည်း ငိုတယ်
တခါတလေများ အပြင်ပြသနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ
ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

Wednesday, September 10, 2008

အချစ်ကြောင့်

မျိုးကျော့မြိုင်နဲ့ ဒိုးလုံးရဲ့ စားသုံးကြည့်ထဲက သီချင်းလေးတစ်ပုဒ်ပါ။ နှလုံးသားအတွက်သီချင်း စုပေါင်းခွေမှာ ပြန်ဆိုထားပြီ ဖြူ ကလည်း သူ့ရဲ့ ပထမအခွေ ဖြူ မှာ ပြန်ဆိုထားပါတယ်။

အချစ်ကြောင့် - မျိုးကျော့မြိုင်

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး ဒီကမ္ဘာကြီးမှာ
အချစ်နာကျ အချစ်ဒဏ်များ ခံနိုင်ရည်မရှိပါ
ကိုယ့်ရဲ့ဘ၀ အဆိုးဆုံးက ဒီအချစ်ပါ
အိပ်လို့မရ စားလို့မရ အကြိမ်ကြိမ်သေဆုံးကာ

အချစ်ကြောင့်ပေါ့ နေ့ညတို့ ပျော်ခဲ့ဖူးသလို
အချစ်ကြောင့်ပေါ့ နှစ်လတို့ ငိုခဲ့ဖူးတာ
အသည်းကွဲကြ လွမ်ဆွေးကြ ဒီအချစ်ဟာ
ရှိလည်းကောင်း မရှိလည်းကောင်း ဒီကမ္ဘာကြီးမှာ

အိပ်မက်တွေမက်ခါ....
ကြီးပြင်းခဲ့ ဘ၀ရဲ့အစ ရင်ခုန်သံများဟာ
အခုများ ဘယ်အနားမှာ မရှိတော့ဘူး မရတော့ဘူး
တကယ်ကွာခြားလာ..

ကလေးလေးဘ၀ အချစ်သီချင်းများ ကိုယ်ချရေးကာ
အချစ်ဆိုတဲ့ စာသားတွေနဲ့ ကိုယ်ကြည်နူးလာ
လက်တွေ့ဘ၀တွေ့ရတဲ့ ဒီအချစ်ဟာ
အမည်းစက်များ လောကဓံကြား တရားခံဖြစ်လာ

ပျော်ရွှင်ခဲ့သော အချိန်တစ်ခုသာ
ချစ်သူအပြုံး အလှဆုံး ကိုယ်ထင်ခဲ့တာ
အဆင်မပြေခဲ့သော အချိန် ဒီအချစ်ဟာ
တစ်ယောက်နဲ့တစ်ယောက်
လှည့်မကြည့်လောက်အောင် ရွံ့မုန်းလာ

အိုး...အိပ်မက်တွေမက်ကာ
ချစ်သူ အပြုံး အလှဆုံး ဒီကမ္ဘာကြီးမှာ
တကယ်ကို အခုများ ဘယ်နားမှာ
တစ်ယောက်နဲ့တစ်ယောက်
လှည့်မကြည့်လောက်အောင် ရွံမုန်းလာ

အချစ်ကြောင့်ပေါ့
ကိုယ့်ရဲ့ဘဝ
အကြိမ်ကြိမ်သေခဲ့ဖူးတာ..
ကိုယ်
သေခဲ့ဖူးတာ ...


Sunday, September 7, 2008

ထစ်ချုန်းမိုး(ဇာတ်ဝင်တေးများ)

ထစ်ချုန်းမိုး (ဇာတ်ဝင်တေးများ)

၁။ ထစ်ချုန်းမိုး - ဇော်ဝင်းထွဋ်-မျိုးကျော့မြိုင်
၂။ အက်ဆစ်လိုအမုန်းများ - ဇော်ဝင်းထွဋ်
၃။ အနားမှာဘယ်သူရှိလဲ - ရင်ဂို
၎။ အစိမ်းရောင်နေ့ရက်များ - ဟယ်ရီလင်း
၅။ ၀ဋ်ကြွေး - ဇော်ဝင်းထွဋ်
၆။ မင်းနဲ့အတူ - မျိုးကျော့မြိုင်
၇။ မေ့ထားလိုက်- ရင်ဂို
၈။ အသွင်ပြောင်းမယ့်နေ့ - ဟယ်ရီလင်း
၉။ ထစ်ချုန်းမိုး - (ဗီဒီယိုအက်ဒစ်ဗာရှင်)

Download Album

Saturday, August 23, 2008

MKM's One Man Show VCD news

Rapper အဆိုတော်ကြီး မျိုးကျော့မြိုင် တစ်ယောက် One Man Show လုပ်ထားတဲ့အပေါ် စီးရီးအခြေအနေ ဘယ်လိုရှိနေပြီလဲ ဆိုတာ သိချင်တာကြောင့် မေးကြည့်ဖြစ်ခဲ့ရာက...

ကျွန်တော့် One Man Show က အဆိုတွေတော့ အကုန် ပြီးနေပြီ။ လုပ်စရာ ကျန်တာလေးတွေ လုပ်နေတာပေါ့။ ပြီးရင်တော့ EZY က ထုတ်မှာပေါ့။ ကျွန်တော်က ကျွန်တော့် အဆိုတွေတော့ ပြီးပြီ၊ အတီးလေး နည်းနည်း ကျန်သေးတာပေါ့။ အဲဒီမှာ SHOW အပြင် ကျွန်တော့်ရဲ့ အပြင်ရိုက်တဲ့ MTV တွေ ထပ်ဖြည့်ထားတာတွေလည်း ရှိသေးတာပေါ့။ သီချင်းက ရွေးထားတာ တော်တော်များတယ်။ (၂၈)ပုဒ်လောက် ရှိမယ်ထင်တယ်။ အဲဒါတွေ အကုန်လုံးက ရွေးထားပြီးသား တွေပါ။ ကျွန်တော့် One Man Show အခွေက ထွက်လာရင် ကျွန်တော့်အတွက် ဘာတွေ ထူးခြားလာနိုင်လည်း ဆိုတော့ ကျွန်တော်တစ်ခါမှ မလုပ်ခဲ့တော့ လုပ်ရမယ့် အချိန်တောင် တော်တော် နောက်ကျနေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ကျတော့ ခပ်အေးအေးပဲ နေတော့တာကိုး။ ဒါကြောင့်လည်း အခုမှ လုပ်ဖြစ်တာကိုး၊ ဘာတွေ ထူးခြားလာလည်း ဆိုရင်တော့ ထူးထူးခြားခြားကြီးတော့ မရှိပါဘူး။ ကိုယ်အသက် ကြီးလာတဲ့ အပေါ်မှာ One Man Show လုပ်တဲ့ အခါကျတော့ ပြောင်းလဲလာမှု ဘာတွေ့ရလဲ ဆိုရင် အဲဒါကျတော့ တစ်ခုတော့ ရှိတယ်။ ဘယ်လိုခေါ်မလဲ ဆိုတော့ အနုပညာသမားတိုင်း သိပါတယ်။ ကိုယ်က သီချင်းပေါ်ပဲဖြစ်ဖြစ်၊ ဂီတအနုပညာ လုပ်တဲ့အခါမှာ စိတ်နှစ်နေတဲ့အခါ ကျတော့ ကိုယ်ကသာ အသက်ကြီးလာတာ၊ လူတိုင်းက ကိုယ်နဲ့ သူငယ်တန်းကတည်းက အတူတူကြီးလာတဲ့ သူတွေလိုပဲ စိတ်ထဲမှာ ထားလို့ရတယ်။ အဲဒါက ကျွန်တော့် စိတ်ထဲမှာ ဖြစ်တဲ့ဟာလေ။ တချို့နေရာတွေမှာ လူကြီးလို နေရမယ့် သီချင်းတွေနဲ့ တွေ့ရတဲ့ အခါကျတော့ တကယ့်ကို သူငယ်တန်းကတည်းက ခင်တဲ့ သူငယ်ချင်းတွေလို ပြန်ဖြစ်သွားတယ်။ အဲဒါက အရွယ်နဲ့တော့ မဆိုင်ပါဘူး။ ဂီတပုံစံ ပြောင်းလဲလာမှုကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ပုံစံပဲ ကိုယ်ထူထောင် တော့တာပါ။ နိုင်ငံတကာမှာ ရှိနေတဲ့ သီချင်း ပုံစံတွေ ငယ်ငယ်ကဆိုရင် အရမ်း နားထောင်တာပေါ့။ အခုကျတော့ နည်းနည်းလေး ကြားလိုက်ရင်ကို သူတို့ ဘယ်လိုလုပ်ချင်လဲ၊ သူတို့ဘာလဲဆိုတာ ကိုယ့်ရဲ့ အိမ်နီးချင်းတွေလို တစ်ခါတစ်လေ ဖြစ်ဖြစ်နေတယ်။ အဲဒီတော့ ကိုယ့်သီချင်းကတော့ ဘယ်သူ့ဟာပဲဆိုဆို ကိုယ့်လိုပုံစံပဲ ပေါက်ရမယ် လုပ်ယူတာတော့ မဟုတ်ဘူး ဖြစ်နေတော့တာပေါ့နော်။ Hip Hop ပွဲတော်မှာ Rapper တစ်ယောက်အနေနဲ့ လာဆိုရတာ ဘယ်လိုနေလဲ ဆိုရင်တော့ ဒီဟာက စည်းစည်းလုံးလုံးနဲ့ အဲဒီလိုတွေ လာတယ်။ လာပြီးတော့လည်း ပရိသတ်တွေက မသိသေးတဲ့ လူသစ်တွေ ရှိရင်ရှိမယ်။ သိပြီးသားတွေလည်း ဖြစ်ရင်ဖြစ်မယ်။ အဲဒီလိုမျိုး စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် တွေ့ရတော့ ကျွန်တော် လာရတာကို ပျော်နေပြီလေ။ အဲဒီအတွက် ကျွန်တော် ဆိုရတာကိုကျတော့ အထူးတလည် ဘာမှ မပြင်ဆင်တော့ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး ပွဲကြီးမှာ ကြည့်နေရတာကို သဘောတွေ ကျနေပြီ။ Rapper တစ်ယောက် အနေနဲ့လို့ပဲ ပြောပြော၊ ဘယ်လိုပဲ ပြောပြောပေါ့နော်။ သီချင်းပေါ်မှာတော့ အဲဒီလိုမျိုးတော့ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ရန်ပုံငွေ ရှိုးတွေမှာ လိုက်ဆို ပေးဖြစ်နေတာက အဲဒီအတွက် စာသားနဲ့လည်း ရေးပြလို့ မရသေးဘူး။ စိတ်ထဲမှာလည်း အဲဒီအတွက် ဆိုဖို့ သီချင်းကို ဆိုပါဆိုလို့ ဆိုဖို့ မရဲသေးဘူး။ အခုဖြစ်ပျက်သွားတဲ့ ကိစ္စတွေပေါ့နော်။ အဲဒီဟာတွေပေါ်မှာ ကျွန်တော် နိုင်တဲ့ဘက်ကပေါ့နော်။ နိုင်သလောက်လေး လုပ်ပေးတဲ့ သဘောပါ။ ကျွန်တော် ဒီလိုမျိုးတွေဆို ပိုလုပ်ပေးချင်ပါတယ်။
Credit: Snap Shot Journal

Wednesday, June 25, 2008

ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ

ထွက်ခဲ့တဲ့ ခုနှစ် အတိအကျ မသိပေမဲ့ ၂၀၀၀ ခုနှစ်ကျော်လောက်မှာ ထွက်ခဲ့တယ် ထင်တဲ့ ဒီအခွေလေးကို ရှာတွေ့သလောက် ပြန်ပြီး share လုပ်လိုက်ပါတယ်။
အားလုံး ချစ်ခြင်းနဲ့ သင့်မြတ်နိုင်ကြပါစေ :)

ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ
ဟယ်ရီလင်း -လေတွေတိုက်တဲ့အချိန်
မျိုးကျော့မြိုင် - စိတ်တိုင်းမကျခြင်း
မျိုးကျော့မြိုင် - ချစ်ခြင်းနှင့် မသင့်မြတ်ကြသူများ
သီရိဂျေမောင်မောင် - မင်းနဲ့သာဆို
ထွန်းအိန္ဒြာဗို - အချစ်ရှိသောနေ့စွဲများ
ထွန်းအိန္ဒြာဗို - ငိုနေတဲ့အပြုံးများ
ဇော်ဝင်းထွဋ် - ကိုယ်ဘယ်လိုအရူးမျိုးလဲ

Saturday, May 31, 2008

မေ၃၁

မေ၃၁ မိုးတွေ ရွာသွန်းနေဆဲ
လမ်းမတစ်လျှောက် လမ်းလျှောက်နေလည်း
ကိုယ့်စိတ်က ဘာလိုလိုပဲ
ကိုယ့်စိတ်တွေဟာ ဟိုးအမြင့်ကြီးမှာ
မင်းမလိုချင်တဲ့ ကိုယ့်အချစ်တွေနဲ့
စိတ်ကူးလို့ရူးနေမိတယ် အချစ်ရယ်

လှလွန်းတဲ့ မင်းမျက်နှာလေး လှည့်လို့ ပြုံးပါဦး
မင်းမမြင်ချင်တဲ့ ကိုယ့်မျက်နှာဟာ မင်းကိုသိပ်တွေ့နေချင်တယ်
အနှောင့်အယှက်ပေးလွန်းတဲ့ ကိုယ့်ရဲ့အကြောင်းတွေ မစဉ်းစားနဲ့တော့
မင်းဦးနှောက်နုနုလေး ကိုယ့်ကြောင့် စိတ်ဆင်းရဲသွားရင်
မစဉ်းစားနဲ့ ကိုယ်ဘာပဲဖြစ်ဖြစ်

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ

အိပ်မက်တာတွေ အလကားဖြစ် မေ၃၁
လမ်းလျှောက်ရင်းနဲ့ စိတ်ညစ် မေ၃၁
ကိုယ့်ရဲ့အချစ်တွေအားလုံး မင်းလေးလွှင့်ပစ်သွားတုန်း
သည်းမည်း ဒီမိုးစက်တွေထဲ
မင်းလေးနားလည် မင်းလေးသိမယ်
လွှင့်ပစ်ထားတဲ့ အနှောက့်အယှက်များထဲ
ကိုယ့်အချစ်
မေ၃၁
ကိုယ်လေ မင်းအနား ဟိုဖက်ဝေးဝေး ရွာနေမိုးလေး
ကြင်နာခြင်းများ သည်းမည်း ဒီမိုးစက်လိုပဲ

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁

ကိုယ့်အပြစ်တွေ များလွန်းပါတယ်
ကိုယ့်ရဲ့အဖြေဟာ ဒါနောက်ဆုံး
ကြင်နာတတ်တဲ့ မင်းနှလုံးသားနဲ့ ကိုယ့်ကို အပြစ်ပေးပါဦး

မိုးတွေကြွေနေတဲ့ မေ၃၁
ကိုယ့်စိတ်တွေလေနေတဲ့ မေ၃၁
ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ
နားလည်စေချင်တယ် ကိုယ့်အချစ်တွေ
မင်းရဲ့အနားမှာ အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ