Thursday, November 8, 2007

ကိုယ့်အကြောင်းတွေသတိရရင်

ဒါဆိုလည်း ပြည့်စုံသွားအောင် ဖြည့်ပေးလိုက်မယ်နော် ... လိုနေတဲ့ သီချင်းတစ်ပုဒ် ...

ကိုယ်အကြောင်းတွေ သတိရရင်


လူ တွေ က သိပ်ပြောတယ်
ကြင် နာ သူ သူ့အကြောင်းလေး
အို အဆိုးတွေ အဆိုးတွေ အများကြီး
ကိုယ့်နား ထုံသွားအောင် ကိုယ်ကြားပြီး

ဘယ် အခါ ကိုယ်မမေ့သေးတဲ့
ကြင် နာ သူ သူ့အပြုံးလေး
ဟိုအပြုံး ဒီအပြုံးတွေ သတိရ
ဆင်ခြင်ဖို့ ဆိုတာ ဝေးလွန်းတယ် ကိုယ့်နှလုံးသား

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
ကိုယ်မသိဘူး မဆိုင်ပါဘူး မင်းလေး ... ကိုယ့်ကိုသတိရ .. ပြီးတာပဲ


သူ ပြန် လာမလားလို့
ကိုယ် အိမ် ရှေ့တံခါးလေး
အို အမြဲ ဖွင့်ထားတယ် လာခဲ့ပေါ့
ကိုယ့်အကြောင်းတွေ သတိရရင် လာခဲ့ပေါ့ ...

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
မလိုချင်ဘူး မဆိုင်ပါဘူး

မင်းလေး ... ကိုယ့်ကို ... သတိရ ... ပြီးတာပဲ

ပြီးတာပဲ... ပြီးတာပဲ... ပြီး .. တာ .. ပဲ .

မျိုးကျော့မြိုင် တစ်ကိုယ်တော် ပီယာနို၊ ရစ်သမ်ဂစ်တာနဲ့ အာကူးစတစ် ဆန်ဆန်ဆိုထားတဲ့ သီချင်းပါ.. နောက်မှ ခေါင်းစဉ်ပြောင်းပြီး ကဗျာဘွဲ့မှူးနဲ့ စုံတွဲပြန်ဆိုထားပေမယ့် ဒီဗားရှင်းလဲ တစ်မျိုးနားထောင်လို့ ကောင်းပါတယ်.. အခုတင်ထားတဲ့ ဖိုင်ဟာ ကွာလတီသိပ်မကောင်းလို့ အသံနဲနဲလေးတော့ စူးနေတယ်... မအိပ်ခင်လေး သတိရလို့ ရေးလိုက်တာပါ.. သတိရနေမိလို့... ကောင်းသောညပါ မနက်ခင်းလေးရေ..

3 comments:

မေ said...

မျိုးကျော့မြိုင် (၂) Virus ကို ပြည့်စုံသွားအောင် လုပ်ပေးတာ ကျေးဇူးပါပဲ။ ကဗျာဘွဲ့မှူးနဲ့ ဗားရှင်းထက် ပိုကြိုက်တယ်။

Anonymous said...

ဒီသီချင်းနာမည်က သတိရရင်ပြီးတာပဲ မဟုတ်ဘူးလား။ မှားနေတယ်ထင်တယ်နော်။

byteklay said...

ဗိုင်းရပ်စ်(၂)ထဲမှာ သီချင်းနာမည်က ကိုယ့်အကြောင်းတွေ သတိရရင် လို့စဆိုခဲ့ပြီး ကဗျာဘွဲ့မှူးနဲ့ထုတ်တဲ့အခွေကျမှ သတိရရင် ပြီးတာပဲ လို့ပြောင်းဆိုခဲ့တ ဖြစ်ပါတယ်။ မမှားဘူး ထင်တယ်နော်။