Monday, November 5, 2007

VIRUS !


အစီအစဉ်မကျ ဖွင့်ထားတဲ့ Winamp Playlist ကနေ နားမထောင်တာကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ် ပွင့်လာတယ်။ ဒါ လူသိသိပ်မများတဲ့ မျိုးကျော့မြိုင်ရဲ့ အပိုင်းအစတစ်ခုပေါ့။ သီချင်းလေးပုဒ်ထဲပါတဲ့ mini-demo album လေးတစ်ခု ထွက်ဖူးတယ်။ အဲဒီ့အခွေထဲက ၀င်သက်ထွက်သက် (အပြာရောင်နေ့ရက်များ)က နောက်ပိုင်းမှာ နာမည်ကြီးသွားပြီး ဒီသီချင်းကတော့ ငုပ်သွားတယ်။ မြူးကြွတဲ့သံစဉ်ကြောင့် ကျွန်တော်ကတော့ ဒီဗိုင်းရပ်စ်ကို ဟို.. စိတ်နာနာနဲ့ ဆိုခဲ့တဲ့ သီချင်းထက် ပိုနှစ်သက်တယ်။ အခုလို အမှတ်တမဲ့ ပြန်ကြားလိုက်မိတော့ repeatလုပ်ရင်းနဲ့ တခြားသူတွေလည်း နားထောင်ရအောင် blogပေါ်တင်ပေးလိုက်ပါတယ်။


VIRUS


ဗိုင်းရပ်စ် ... တစ်ကမ္ဘာလုံးကိုကူးစက် ...
ဗိုင်းရပ်စ် ... တစ်ကမ္ဘာလုံးကိုပျံ့နှံ့ ...
ဗိုင်းရပ်စ် . ဗိုင်းရပ်စ် .. ဗိုင်းရပ်စ် ...


Credit goes to Kalvin for converting this mp3 from tape.


4 comments:

မေ said...

ွအဲဒီ အခွေ စနားထောင်တော့ စိတ်ကူးလေးယဉ်ကြည့်ဘူးလား နဲ့ တစ်မိနစ်နောက်ကျကို ပိုကြိုက်တယ်။ နောက်မှ ၄ပုဒ်လုံး သဘောကျတာ။

မေ said...

sorri :D
စိတ်ကူးလေးယဉ်ကြည့်ဘူးလားမဟုတ်ဘူး။ မွှားလို့၊ သတိရရင် ပြီးတာပဲ သီချင်းကိုပြောတာ။ ကဗျာဘွဲ့မှူးနဲ့ ပြန်ဆိုထားတာလေ။

byteklay said...

သတိရရင်ပြီးတာပဲ ဟုတ်လို့လား? ဒီအခွေမှာ ကဗျာဘွဲ့မှုး မပါဘူးလို့ထင်တယ်။ အဲဒါ သူတို့နှစ်ယောက်ပေါင်း ထုတ်တဲ့အခွေ မဟုတ်ဘူးလား?

မေ said...

သတိရ ပြီးတာပဲနဲ့ ကိုယ့်အကြောင်းတွေ သတိရရင် သီချင်းက တူတူပဲ မဟုတ်ဘူးလား။ မျိုးကျော့မြိုင် duet မဆိုခင် တစ်ယောက်ထဲ အရင်ဆိုတဲ့ ဗားရှင်းမှာ သီချင်းနာမည်ကို ကိုယ့်အကြောင်းတွေ သတိရရင်လို့ ပေးခဲ့တယ် ထင်ပါတယ်။ အပေါ်က ကော်မန့်မှာ သီချင်းနာမည် နည်းနည်းလွဲသွားတယ်။