Tuesday, March 18, 2008

Myo Kyawt Myaing One Man Show



ကျတော်ရဲ့ crazy ဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ ပထမဆုံး One Man Show ဖျော်ဖြေပွဲကို မတ်လ ၃၀-ရက်နေမှာ ရန်ကုန်မှာ ကျင်းပမယ်တဲ့ဗျာ... မန္တလေးမှာပါ လုပ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ... ဝင်ကြေးက ၄၀၀၀-ကျပ်ကနေ ၄၅၀၀-ကျပ် အတွင်းဖြစ်လိမ့်မယ်တဲ့... ပရိတ်သတ်များ မမျှော်လင့်ထားတဲ့ ဖျော်ဖြေမယ့် ပုံစံမျိုး တင်ဆက်ဖို့ ကြိုးစားထားပြီး ပရိတ်သတ် အံ့သြသွားအောင် မျိုးကျော့မြိုင်နဲ့ အတူ ကူညီသီဆို ဖျော်ဖြေ ပေးမယ့် သူများကို ကြိုတင် ကြေညာထားမှာ မဟုတ်ကြောင်းကို အသစ်ထွက်ရှိလာတဲ့ Bi Weekly Eleven Journal ပါ သတင်းအရ သိရပါတယ်...

ကိုမျိုးကျော့မြိုင်ရဲ့ One Man Show အကောင်းဆုံးဖြစ်အောင် ဖျော်ဖြေနိုင်ပြီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...


Monday, March 17, 2008

မျိုးကျော့မြိုင်ရဲ့ One Man Show သတင်း

Interview တွေမှာ ပါတဲ့ စီစဉ်နေတာ ကြာလှပြီဖြစ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show ကို မတ်လ ၃၀ မှာ ဒီတစ်ခါတော့ တကယ်လုပ်ဖြစ်တော့မယ်ဆိုတာ ပေါ်ပြူလာဂျာနယ် ကနေ ဖတ်လိုက်ရပါတယ်။ မနှစ် ဧပြီမှာ အင်တာဗျူးထဲမှာ ပြောထားတဲ့ ထွန်းအိန္ဒြာဗိုလ် နဲ့ တစ်ခြမ်းစီ လုပ်ထားတယ်ဆိုတဲ့ အယ်လ်ဘမ်လဲ ဒီနှစ်ထဲမှာပဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ။ မျိုးကျော့မြိုင်ရဲ့ သီချင်းအသစ်တွေလည်း နားမထောင်ရတာ တော်တော်တော့ ကြာနေပြီ။ ဒီ One Man Show ပြီးလို့ CD, VCD ထွက်လာမယ်ဆိုတော့ သွားမကြည့်လိုက်ရတဲ့ သူ့ရဲ့ Fan တွေအတွက် အဆင်ပြေတာပေါ့။

Rap Pionner မျိုးကျော့မြိုင်ရဲ့ One Man Show မတ်လ ၃၀ ရက်နေ့ မြရိပ်ညိုမှာ ကျင်းပမည်

လင်းပင်ဟိန်းရဲ့ 65 Entertainment နဲ့ ကိုကျော်ဇင်သိန်း Ezy Entertainment တို့စီစဉ်တဲ့ မျိုးကျော့မြိုင်ရဲ့ One Man Show နဲ့ ပတ်သက်ပြီး စာနယ်ဇင်း ရှင်းလင်းပွဲ ကို မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီက Ginzapan မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ လင်းပင်ဟိန်း၊ ကိုကျော်ဇင်သိန်း နဲ့ ဥက္ကာဦးသာတို့က မျိုးကျော့မြိုင် အတွက် အမှတ်တရ စကားများ ပြောကြားပေးခဲ့ပြီး မျိုးကျော့မြိုင်ရဲ့ One Man Show မှာ ဥက္ကာဦးသာက နောက်ခံ Bassing တီးခတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါ One Man Show ကို မတ်လ ၃၀ ရက်နေ့ မြရိပ်ညို မှာ ကျင်းပမှာ ဖြစ်ပြီး မျိုးကျော့မြိုင်ရဲ့ စိတ်ကြိုက်သီချင်းများနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။ One Man Show ကျင်းပတဲ့ နေ့မှာ ပရိသတ်များ အတွက် ထူးထူးခြားခြား အစီအစဉ်များ လုပ်ထားကြောင်း၊ အဆိုပါ One Man Show ကို လည်း ဗီစီဒီ၊ ဒီဗီဒီများ ထုတ်လုပ်ဖို့ အထိ ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့ပါတယ်။

Source: Popular Myanmar

အတည်တကျ ပြောလို့မရတဲ့ အချစ်

Click pix to read the interview



Sunday, March 2, 2008

[Happiness is...] Song of the moment


မျက်လုံးတွေထဲ မင်းပြောတဲ့ စကားသံများရယ်
နှုတ်ခမ်းပေါ်က နေ မင်း...ပြောပါဦး
ဘာကြောင့်တွေ့တိုင်း ရှောင်တိမ်းလို့ သွားမလဲကွယ်
မျက်ရည်ဝဲရုံလေး...နဲ့တော့ မပြောနဲ့အချစ်ရယ်

ထာဝရအတွက် နှုတ်ဆက်တဲ့ စကားသံများရယ်
ကိုယ်မယုံဘူးအချစ်လေး တကယ်ယုံလို့မရ
ဘယ်သောအခါများ ရင်ထဲက အဖြစ်အပျက်တွေ
အခါခါ ရမ်းနေတဲ့ သူ့ခေါင်းထဲ ရှိပါ့မလဲကွယ်


လိုအပ်ချက်များ မင်းအတွက်ရှိလိမ့်မယ်
အခက်အခဲတွေကြား တစ်ချိန်မှာ ပြည့်စုံလာမယ်
ပျော်မြူးနေတဲ့ မင်းအပြုံးလေး မဲ့သွားအောင်
ခံစားမှုများ ကိုယ်ဘာမှ မပြခဲ့

မပြေလည်တဲ့ အရာတွေ တို့နှစ်ယောက်အတူတူ ဖြေရှင်းမယ်
အားတင်းထားပါ လူတိုင်းဘ၀ရဲ့အဓိပ္ပါယ်ပဲ
မသေချာတဲ့နေရာ မင်းထွက်သွားမှာ ကိုယ်စိုးတယ်
ကိုယ့်အချစ်ထက် ပိုလို့ ဘာမှ စိတ်မချဘူး

မျှော်လင့်ခြင်းတွေဟာ ကိုယ့်ရဲ့နေ့တွေကို တည်ဆောက်တယ်
မင်းလေးပြုံးရင် ... ဒီဘ၀ အမြဲလှပနေမယ်
ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ညတွေမှာ အိပ်မက်ဆဲ
မင်းလေးမရှိရင် ... ဒီအိပ်မက်တို့ ပျောက်ကွယ်မယ်


Dedicated especially to my love and my bro
Song text taken from Emotional Corner
Poem & Design: PT @ Lan-O-Lay

Monday, February 25, 2008

Re-uploaded by request

It was a bit late to notice a request in the comment to re-upload an album from my old MyoKyawtMyaing.com post at the very beginning of the blog. Now the dead link fixed.

Saturday, February 23, 2008

လူဖြစ်ရတဲ့ ... အချိန်တွေကို ဖျက်ဆီးခဲ့


လူဖြစ်ရတဲ့ ....



ငယ်ရွယ်သူတွေဟာ နုပျိုတဲ့အချိန်တွေကို ဖျက်ဆီးခဲ့ကြတာပါပဲ



Video credit : BurmeseClassic
Poem credit : Lan-O-Lay (Originally printed in ThaRaPhu Magazine Feb '04)

Thursday, December 27, 2007

နေရာတိုင်းမှာ...မင်းရှိတယ်



ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ နှလုံးသားရဲ့ နေရာတိုင်းမှာ ...


ဒီသီချင်းကို စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ပထမဆုံး စဆိုခဲ့ပါတယ်။ မျိုးကျော့မြိုင်က ကမ်းစပ်က ခြေရာများ(၁)မှာ Lazy Club ၀ိုင်းနဲ့ Live Show ပြန်ဆိုခဲ့ပါတယ်။ သီချင်းကို Rapperကြီးက Alternative ပုံစံနဲ့ liveဆိုသွားတာပါ။ အမှန်အတိုင်း ပြောရရင် စစနားထောင်ချင်းမှာ နားသိပ်မ၀င်လှပါဘူး။ ဗိုလ်ထီးဆိုခဲ့တာကို ငယ်ငယ်ကထဲက ကြိုက်ခဲ့တာကိုး။ နောက်မှ တဖြေးဖြေး နားထောင်ရင်းနဲ့ နားစွဲသွားပါတယ်။ မျိုးကျော့မြိုင် ဆိုထားတာ emo-punk ဆန်တယ်လို့ ခံစားမိတယ်။

ဒီသီချင်းအကြောင်းကို အရင်က မျိုးကျော့မြိုင်ကာဗာတေးများ(၁) မှာ ရေးခဲ့ဖူးပါတယ်။ အခု နည်းနည်း ထပ်ဖြည့် ရေးချင်လို့ပါ။ တစ်နေ့က ဖိုင်တွေရှင်းရင်းနဲ့ အမ်ပီ၃ဖိုင်တစ်ခု သွားတွေ့ပါတယ်။ အဲဒီ့တော့မှ ဘိုဖြူပါ နေရာတိုင်းမှာကို ပြန်ဆိုထားဖူးတာ သိရပါတယ်။ ဒီဖိုင်လေးက ရှေ့ပိုင်းမှာ ဘိုဖြူ ဆိုသွားတာကို နောက်ကနေ စိုင်းထီးဆိုင် မူရင်းဗာရှင်နဲ့ ပြန်ဆက်ထားတာပါ။ ဘယ်ကနေ ရခဲ့တာမှန်းတော့ မမှတ်မိတော့ပါဘူး။ အသံ ကွာလတီကလဲ နဲနဲနိမ့်နေပါတယ်။ ဘာပဲဖြစ်ဖြစ်လေ...

ဝေဖန်စရာ မရှိပေမယ့် စိုင်းထီးဆိုင် - ဘိုဖြူ - မျိုးကျော့မြိုင် တွဲပြီး နားထောင်မိပါတယ်။ နှိုင်းယှဉ်တာ မဟုတ်သလို နှိုင်စရာလဲ မလိုပါဘူးလေ။ စာသားကအစ နုနုလှလှနဲ့ ဟိုးအရင်ကထဲက ကြိုက်ခဲ့တဲ့သီချင်း ... အခု တစ်ယောက် တစ်မျိုးစီ (၃)ယောက်စလုံး ဆိုထားတာကိုလည်း ကြိုက်မိတယ်။ စကားလုံးအနုလေးတွေ ရိုးရိုးရှင်းရှင်းလေး ဖွဲ့ဆိုထားတဲ့ ဒီသီချင်းလိုမျိုးကို ဘယ်လိုပဲ ပုံစံပြောင်းဆိုဆို ချစ်စရာ ကောင်းနေမှာပါပဲလေ..

နေရာတိုင်းမှာ - ဘိုဖြူ+စိုင်းထီးဆိုင်
နေရာတိုင်းမှာ - မျိုးကျော့မြိုင်


ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ
နေ၀င်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေ ခြုံလွှမ်းတဲ့ မနက်ခင်းမှာ အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ
လေပြေကလေး ဆော့ကစားတဲ့ ညချမ်းမှာ အချစ်ဆုံးရဲ့ အထိအတွေ့ကို ပြန်တွေ့ပြီ

ဘယ်ဆီကို ရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ် ...

လူတွေက ကိုယ်တို့နှစ်ယောက် ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ် အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ် ...

Sunday, December 23, 2007

ဟိုးအရင်က သီချင်းလေးတစ်ပုဒ်


ဘာရယ်တော့ မဟုတ်ပါဘူး ... သီချင်းလေးတစ်ပုဒ် အမှတ်ရမိလိုက်လို့ပါ ... စကားမစပ်
မျိုးကျော့မြိုင်ရယ်လို့ ရက်ပ်ပါတစ်ယောက် အဆိုတော်မဖြစ်ခင်တုန်းကပေါ့ ... ကျနော်လဲငယ်ငယ်က
မျိုးကျော့မြိုင့်ကို တေးရေးတစ်ယောက်အနေနဲ့ သတိထားမိဖူးတယ်... သူများအခွေတစ်ချို့မှာ
အခု သူအရင်က ရေးဖူးတဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်နားထောင်ချင်တယ်.. ရှာတယ်မတွေ့
နွဲ့ယဉ်ဝင်းရဲ့သား မျိုးမျိုးရဲ့ ပထမဆုံးစီးရီးထဲက သီချင်းလေးတစ်ပုဒ်ပါ ... အခွေနာမည်က “မေ”
မျိုးမျိုးအခွေမှာ ရေးပေးဖူးတဲ့ ပျော်ရမယ် သီချင်းကို မျိုးကျော့မြိုင် ပြန်ဆိုထားသေးတယ်... အခု
ပြန်နားထောင်ချင်တယ်.. သိရင်.. ရှိရင်.. တွေ့ရင်.. ပြောကြပါနော်... သီချင်းလေးက “Orchard ည”
ညလေးတစ်ညအကြောင်း... မျိုးကျော့မြိုင် ရေးခဲ့တဲ့သီချင်း... ပီယာနိုလေးနဲ့ အနှေးသွားလေး..
မြို့လေးတစ်မြို့ရဲ့ လမ်းမကြီးတစ်ခုပေါ်မှာ ... ....

Orchard ည ...
Orchard ည ...
Orchard ည ...

Friday, December 21, 2007

အချိန်နဲ့ နေရာ

မင်းပြောထားတဲ့အချိန်လေးတွေရောက်ဖို့
အဝေးကြီးထဲက မျှော်လင့်နေလို့
ခံစားချက်တွေ အလွန်အကျွံပါ အချစ်ရာ
နှလုံးသားထဲက တစ်ယောက်တည်းသူမို့
နေနဲ့ညတို့ စိတ်ကူးယဉ်လို့
ကိုယ့်အတွေးထဲတောင် ပျော်တာပါ အချစ်ရာ

ဘယ်အချိန်ဆုံမှာလဲ ဘယ်နေရာမှာတွေ့မလဲ
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ ဘယ်အချိန်ဆုံမှာလဲ
မရေရာပေမယ့်လည်း မျှော်လင့်ချက်အများကြီးနဲ့

ဘယ်လိုဖြစ်ဖြစ် မင်းနဲ့တွေ့နိုင်ဖို့ဆိုရင်
ဘယ်နေရာရောက်ရောက် အမြဲ ကိုယ်ကြိုးစားသွားမှာပါ

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ
(ဘယ်နေရာမှာတွေ့မလဲ)
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ဘယ်အချိန်ဆုံမှာလဲ
(ဘယ်အချိန်ဆုံမှာလဲ)
မရေရာပေမယ့်လည်း အိပ်မက်တို့အများကြီးနဲ့ ...



အချိန်နဲ့ နေရာ
ဆို - မျိုးကျော့မြိုင် + ကြည်လဲ့လဲ့ဦး
တေးရေး - ဆောင်းဦးလှိုင်
City FM Live Show (II) မှ