Thursday, December 27, 2007

နေရာတိုင်းမှာ...မင်းရှိတယ်



ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ နှလုံးသားရဲ့ နေရာတိုင်းမှာ ...


ဒီသီချင်းကို စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင် ပထမဆုံး စဆိုခဲ့ပါတယ်။ မျိုးကျော့မြိုင်က ကမ်းစပ်က ခြေရာများ(၁)မှာ Lazy Club ၀ိုင်းနဲ့ Live Show ပြန်ဆိုခဲ့ပါတယ်။ သီချင်းကို Rapperကြီးက Alternative ပုံစံနဲ့ liveဆိုသွားတာပါ။ အမှန်အတိုင်း ပြောရရင် စစနားထောင်ချင်းမှာ နားသိပ်မ၀င်လှပါဘူး။ ဗိုလ်ထီးဆိုခဲ့တာကို ငယ်ငယ်ကထဲက ကြိုက်ခဲ့တာကိုး။ နောက်မှ တဖြေးဖြေး နားထောင်ရင်းနဲ့ နားစွဲသွားပါတယ်။ မျိုးကျော့မြိုင် ဆိုထားတာ emo-punk ဆန်တယ်လို့ ခံစားမိတယ်။

ဒီသီချင်းအကြောင်းကို အရင်က မျိုးကျော့မြိုင်ကာဗာတေးများ(၁) မှာ ရေးခဲ့ဖူးပါတယ်။ အခု နည်းနည်း ထပ်ဖြည့် ရေးချင်လို့ပါ။ တစ်နေ့က ဖိုင်တွေရှင်းရင်းနဲ့ အမ်ပီ၃ဖိုင်တစ်ခု သွားတွေ့ပါတယ်။ အဲဒီ့တော့မှ ဘိုဖြူပါ နေရာတိုင်းမှာကို ပြန်ဆိုထားဖူးတာ သိရပါတယ်။ ဒီဖိုင်လေးက ရှေ့ပိုင်းမှာ ဘိုဖြူ ဆိုသွားတာကို နောက်ကနေ စိုင်းထီးဆိုင် မူရင်းဗာရှင်နဲ့ ပြန်ဆက်ထားတာပါ။ ဘယ်ကနေ ရခဲ့တာမှန်းတော့ မမှတ်မိတော့ပါဘူး။ အသံ ကွာလတီကလဲ နဲနဲနိမ့်နေပါတယ်။ ဘာပဲဖြစ်ဖြစ်လေ...

ဝေဖန်စရာ မရှိပေမယ့် စိုင်းထီးဆိုင် - ဘိုဖြူ - မျိုးကျော့မြိုင် တွဲပြီး နားထောင်မိပါတယ်။ နှိုင်းယှဉ်တာ မဟုတ်သလို နှိုင်စရာလဲ မလိုပါဘူးလေ။ စာသားကအစ နုနုလှလှနဲ့ ဟိုးအရင်ကထဲက ကြိုက်ခဲ့တဲ့သီချင်း ... အခု တစ်ယောက် တစ်မျိုးစီ (၃)ယောက်စလုံး ဆိုထားတာကိုလည်း ကြိုက်မိတယ်။ စကားလုံးအနုလေးတွေ ရိုးရိုးရှင်းရှင်းလေး ဖွဲ့ဆိုထားတဲ့ ဒီသီချင်းလိုမျိုးကို ဘယ်လိုပဲ ပုံစံပြောင်းဆိုဆို ချစ်စရာ ကောင်းနေမှာပါပဲလေ..

နေရာတိုင်းမှာ - ဘိုဖြူ+စိုင်းထီးဆိုင်
နေရာတိုင်းမှာ - မျိုးကျော့မြိုင်


ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ
နေ၀င်ချိန် အိပ်တန်းတက် ငှက်ကလေးတွေ အချစ်ဆုံးရဲ့ သတင်းစကားကို ဆောင်ခဲ့ပြီ

နေခြည်တွေ ခြုံလွှမ်းတဲ့ မနက်ခင်းမှာ အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ
လေပြေကလေး ဆော့ကစားတဲ့ ညချမ်းမှာ အချစ်ဆုံးရဲ့ အထိအတွေ့ကို ပြန်တွေ့ပြီ

ဘယ်ဆီကို ရောက်လို့လေ ဘယ်လောက်ပဲ ဝေးရလည်း ဘယ်တော့မှ အထီးကျန်မဆန်ခဲ့
ရင်ထဲက တမ်းတလိုက်ရုံလေးနဲ့ ကိုယ့်ဘ၀ရဲ့ နေရာတိုင်းမှာ မင်းရှိတယ် ...

လူတွေက ကိုယ်တို့နှစ်ယောက် ခွဲရလို့ အကုန်ဝိုင်းပြီး သနားကြတယ် အချစ်ကလေးရယ်
ဒီကမ္ဘာမှာ ကိုယ်တို့လောက်နီးကပ်တာ ဘာတစ်ခုမှ မရှိတော့တာ မသိဘူးရယ် ...

Sunday, December 23, 2007

ဟိုးအရင်က သီချင်းလေးတစ်ပုဒ်


ဘာရယ်တော့ မဟုတ်ပါဘူး ... သီချင်းလေးတစ်ပုဒ် အမှတ်ရမိလိုက်လို့ပါ ... စကားမစပ်
မျိုးကျော့မြိုင်ရယ်လို့ ရက်ပ်ပါတစ်ယောက် အဆိုတော်မဖြစ်ခင်တုန်းကပေါ့ ... ကျနော်လဲငယ်ငယ်က
မျိုးကျော့မြိုင့်ကို တေးရေးတစ်ယောက်အနေနဲ့ သတိထားမိဖူးတယ်... သူများအခွေတစ်ချို့မှာ
အခု သူအရင်က ရေးဖူးတဲ့ သီချင်းလေးတစ်ပုဒ်ကို ပြန်နားထောင်ချင်တယ်.. ရှာတယ်မတွေ့
နွဲ့ယဉ်ဝင်းရဲ့သား မျိုးမျိုးရဲ့ ပထမဆုံးစီးရီးထဲက သီချင်းလေးတစ်ပုဒ်ပါ ... အခွေနာမည်က “မေ”
မျိုးမျိုးအခွေမှာ ရေးပေးဖူးတဲ့ ပျော်ရမယ် သီချင်းကို မျိုးကျော့မြိုင် ပြန်ဆိုထားသေးတယ်... အခု
ပြန်နားထောင်ချင်တယ်.. သိရင်.. ရှိရင်.. တွေ့ရင်.. ပြောကြပါနော်... သီချင်းလေးက “Orchard ည”
ညလေးတစ်ညအကြောင်း... မျိုးကျော့မြိုင် ရေးခဲ့တဲ့သီချင်း... ပီယာနိုလေးနဲ့ အနှေးသွားလေး..
မြို့လေးတစ်မြို့ရဲ့ လမ်းမကြီးတစ်ခုပေါ်မှာ ... ....

Orchard ည ...
Orchard ည ...
Orchard ည ...

Friday, December 21, 2007

အချိန်နဲ့ နေရာ

မင်းပြောထားတဲ့အချိန်လေးတွေရောက်ဖို့
အဝေးကြီးထဲက မျှော်လင့်နေလို့
ခံစားချက်တွေ အလွန်အကျွံပါ အချစ်ရာ
နှလုံးသားထဲက တစ်ယောက်တည်းသူမို့
နေနဲ့ညတို့ စိတ်ကူးယဉ်လို့
ကိုယ့်အတွေးထဲတောင် ပျော်တာပါ အချစ်ရာ

ဘယ်အချိန်ဆုံမှာလဲ ဘယ်နေရာမှာတွေ့မလဲ
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ ဘယ်အချိန်ဆုံမှာလဲ
မရေရာပေမယ့်လည်း မျှော်လင့်ချက်အများကြီးနဲ့

ဘယ်လိုဖြစ်ဖြစ် မင်းနဲ့တွေ့နိုင်ဖို့ဆိုရင်
ဘယ်နေရာရောက်ရောက် အမြဲ ကိုယ်ကြိုးစားသွားမှာပါ

ဘယ်အချိန်ဆုံမှာလဲ (ဘယ်အချိန်ဆုံမှာလဲ)
ဘယ်နေရာမှာတွေ့မလဲ
(ဘယ်နေရာမှာတွေ့မလဲ)
ယုံကြည်သူရင်ထဲ မျှော်လင့်ချက်ကြီးလွန်းခဲ့
ဘယ်နေရာမှာတွေ့မလဲ (ဘယ်နေရာမှာတွေ့မလဲ)
ဘယ်အချိန်ဆုံမှာလဲ
(ဘယ်အချိန်ဆုံမှာလဲ)
မရေရာပေမယ့်လည်း အိပ်မက်တို့အများကြီးနဲ့ ...



အချိန်နဲ့ နေရာ
ဆို - မျိုးကျော့မြိုင် + ကြည်လဲ့လဲ့ဦး
တေးရေး - ဆောင်းဦးလှိုင်
City FM Live Show (II) မှ

Saturday, November 17, 2007

မိန်းကလေးတစ်ယောက်ကို ချစ်မိရင်



မိန်းကလေးတစ်ယောက်ကို ချစ်မိရင် ...

ကျွန်တော်တို့များ သူများနဲ့ကို မတူဘူး ...
all right!


အိမ်ပြန်ချိန်လေး အတူလျှောက်လည်
နေ၀င်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့
အတူရှိတဲ့ဘ၀ ဘယ်လောက် ကောင်းလိုက်မလဲ

မိန်းကလေးတစ်ယောက်ကို ချစ်မိရင်
သူသွားတိုင်းလဲ ကိုယ်မလျှောက်တတ်
သူခိုင်းသလို ကိုယ်မနေတတ်

သူစားသလိုလဲ ကိုယ်မစားတတ်
သူကြိုက်တာတွေ ကိုယ်မကြိုက်တတ်
ဒါပေမယ့် ... ကျွန်တော်တို့ ပြောင်းလဲလိုက်ရတယ်

သူသွားသလိုပဲ ကိုယ်လိုက်သွား
သူစားတာပဲ ကိုယ်လိုက်စား
သူဖြစ်စေချင်သလို ဖြစ်လာဖို့ ကိုယ်အလေးထား
(မိန်းကလေးတစ်ယောက်ကို ချစ်မိရင်)
သူဝတ်စေချင်သလို ကိုယ်လိုက်ဝတ်
သူ့နှလုံးသားစကား အကြီးကြီးလား
သူ့အကြိုက်တွေပဲ ကိုယ့်စိတ်ကများ
သူ့အကြိုက်များပဲ ကိုယ့်စိတ်ကများ


အိမ်ပြန်ချိန်လေး အတူလျှောက်လည်
နေ၀င်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့
အတူရှိတဲ့ဘ၀ ဘယ်လောက် ကောင်းလိုက်မလဲ

ဒီလိုနဲ့ပဲ ကိုယ်လဲသူနဲ့ တဖြည်းဖြည်း တူလာရင်း ....
သူငယ်ချင်းတွေက ၀ိုင်းစကြ
မရှက်တတ်တော့ ကိုယ့်နှလုံးသားက

ကိုယ်သိပ်ချစ်သော မိန်းကလေးနဲ့
နီးစပ်ဖို့ပဲ ကိုယ့်စိတ်ကများ
(နီးစပ်ဖို့ပဲ ကိုယ့်စိတ်ကများ)

အိမ်ပြန်ချိန်လေး အတူလျှောက်လည်
နေ၀င်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော မိန်းကလေးနဲ့
အတူရှိတဲ့ဘ၀ ဘယ်လောက် ကောင်းလိုက်မလဲ

Friday, November 9, 2007

MKM & Cover Songs (2)

MKM & Cover Songs (1) ရဲ့ အဆက်လို့ပြောလို့ရပါတယ်။ ၁ နဲ့ ၂ ကြား အချိန်နည်းနည်းတော့ ခြားသွားတယ်။

AP1364A
တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

ရှေ့ဆက်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲ
မင်းနဲ့လဲ ကိုယ်မခွဲနိုင်ဘူးကွယ်
ကိုယ့်ဘ၀ထဲ မင်းတစ်ယောက်သာ အဖော်ရှိတယ်
ကိုယ့်ဘက်လဲ တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

စိုးလွင်လွင် အမှတ်တရ နှစ်ခွေ ရှိတဲ့ထဲမှာ ဒီအခွေဟာ သိပ်မပေါက်ခဲ့ဘူးလို့ ထင်ပါတယ်။ ဒီထဲမှာ ကိုမျိုးကျော့က စိုးလွင်လွင်ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ် သီချင်းကို ပြန်ဆိုထားပါတယ်။ ကျွန်မ အထင်ကတော့ ကိုမျိုးကျော့ ပြန်ဆိုဖို့ ဒီထက် ကောင်းတဲ့ သီချင်းတွေ ရှိဦးမှာပါ။ ဒီသီချင်းကိုတော့ ကျွန်မ ကြိုက်ပေမဲ့ နားထောင်ရတာ နည်းနည်း ပျင်းဖို့ ကောင်းတယ်လို့ ခံစားရပါတယ်။

AP1307AAP1307B
မောင်တို့ချယ်ရီမြေ

အို မောင့် နော်ဇာကုံး ဂမုန်းခိုင်ရေ
ဟင်းးးးး ဟာ .....
ဆောင်ပို့မယ် မောင်တို့ ချယ်ရီမြေ
အတူတူလိုက်မလား သွားမယ်မေ အချစ်ရေ ...

Hip Hop တွေ Pop သီချင်းတွေ ကြားမှာ ၀င်းဦးရဲ့ နာမည်ကြီး ခေတ်ဟောင်းရုပ်ရှင်တေးတစ်ပုဒ်ကို ပြန်ဆန်းသစ်ပြီး ဆိုထားတဲ့ ဒီသီချင်းဟာ ကိုမျိုးကျော့ရဲ့ ပြန်ဆိုတေးတွေထဲမှာ နာမည်ကြီးတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ မောင်တို့ချယ်ရီမြေဆိုတဲ့ album title ကြားကာစက ခေတ်ဟောင်းသီချင်းတွေ ပြန်ဆိုထားတဲ့ အခွေလို့ ထင်ခဲ့မိတယ်။ နောက် နားထောင်ကြည့်တော့မှ စိုင်းစိုင်းတို့၊ Big Bag တို့၊ Theory တို့တွေလဲပါပြီး ဒီတစ်ပုဒ်ပဲ ပြန်ဆန်းသစ်ပြီး ဆိုထားတယ်ဆိုတာ သိရတယ်။ တေးရေးကတော့ အလင်္ကာကျော်စွာ ရွှေပြည်အေးဆိုတာကို music video အရ သိရပါတယ်။ ၀င်းဦးရဲ့ နာမည်ကြီး သီချင်းကို ကိုမျိုးကျော့ ဆိုသွားတဲ့ပုံကို သိပ်သဘောကျပါတယ်။ အဲလို အဟောင်းတွေကို ကိုယ့်ပုံစံနဲ့ကို ပြန်ဆန်းသစ်ပြီး အသစ်ဖြစ်သွားအောင် ဆိုတတ်တာ သူ့ရဲ့ ပင်ကိုစတိုင်လ်နဲ့ အရည်အချင်း ပါပဲ။ မြို့ရိုးပုံစံ နောက်ခံ setting နဲ့ အဲဒီ Live Show video က ကြည့်လို့ကောင်းလို့ Youtube ကရှာပြီး တင်လိုက်ပါတယ်။




AP1309AAP1309B
အချစ်တံတိုင်း

မင်းရဲ့အချစ်တံတိုင်းကြီးနဲ့ ကိုယ့်ကို ကာရံထား
ကိုယ့်ကို ထွက်ခွင့်မပေးပါနဲ့
ထွက်ပေါက်မရှိ မင်းရဲ့ အချစ်များနဲ့
ကိုယ်တစ်သက်လုံး အကျဉ်းကျခံမယ်

ချစ်ကောင်းရဲ့ fan တစ်ယောက်မဟုတ်ပေမဲ့ CK Vs. New Generations ဆိုပြီး Live Show လေးခွေတွဲ ထွက်တော့ အဆိုတော်အစုံပါတာမို့ စိတ်ဝင်စားပြီး နားထောင်ဖြစ်ပါတယ်။ ကိုမျိုးကျော့က အချစ်တံတိုင်း သီချင်းကို ဥက္ကာဦးသာနဲ့တွဲပြီး ပီယာနိုလေးနဲ့ ဆိုထားပါတယ်။ အရှေ့ပိုင်း ၁မိနစ်ခွဲစာ ချစ်ကောင်း စကားပြောထားတာပါ မဖြတ်မတောက်ပဲ ဒီတိုင်းပဲ တင်လိုက်ပါတယ်။ နောက်ဆုံးပိုင်းကိုတော့ နှစ်ယောက် အတူတူ ဆိုသွားပါတယ်။ အရင်ဆိုထားတဲ့ version ကို သေချာ မကြားဖူးပေမဲ့ ဒီသီချင်းကတော့ ကျွန်မ နားထောင်နေကျ အကြိုက်ဆုံး list ထဲမှာ မပါပါဘူး။ ဒါပေမဲ့ ဥက္ကဦးသာ piano တီးပြီး ကိုမျိုးကျော့ ဆိုထားတဲ့ သီချင်းတော်တော်များများကို သဘောကျပါတယ်။

Thursday, November 8, 2007

Interview @ Planet (Mar 2007)


မတ်လ(၂၄)ရက်နေ့က အင်းလျားလိတ်မှာ ပြုလုပ်တဲ့ Summer Festival ပွဲတော်မှာ သီဆိုဖျော်ဖြေဖို့ ရောက်လာတဲ့ ကိုမျိုးကျော့မြိုင်နဲ့ တွေ့ခဲ့ရပါတယ်။ စင်ပေါ်မတက်ရသေးခင် အေးအေးဆေးဆေး စောင့်ဆိုင်းနေတဲ့ သူ့ဆီကိုသွားပြီးတော့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

အစ်ကို့ရဲ့ လတ်တလော လုပ်ကိုင်နေတာလေးတွေက စပြီးပြောပေးပါဦး။
အခု စိုင်းစိုင်း Birthday ဟာကို Mix Down နဲ့ Master မနေ့တစ်နေ့ကပဲ ပြီးသွားလို့ အပ်လိုက်ပြီ။ ပြီးတော့ ကျားပေါက်ရဲ့ အင်္ဂလိပ်သီချင်းတွေ Mix Down ဆွဲနေတာပေါ့။ ကျွန်တော်နဲ့ မထွန်းအိန္ဒြာဗို အတွဲခွေကတော့ ပြီးသွားလို့ ပေးထားတာကြာပြီ။ ဒါပေမယ့် ခုထိ ဘာမှတော့ မပြောသေးဘူးလေ။ ကျွန်တော့်ရဲ့ ငါးပုဒ်တွဲ သီချင်းတွေကိုလည်း MTV လုပ်ထားပါတယ်။

အစ်ကိုက သီချင်းဆိုတာထက် အင်ဂျင်နီယာပိုင်းကို ပိုပြီးလုပ်ဖြစ်နေပါသလား။
ဆိုတာက ဆိုပါတယ်။ ဆိုနေပါတယ်။ ဒါပေမယ့် အခုခေတ် ခွေ အခြေအနေနဲ့ဆိုတော့ ကျွန်တော်က သူများကို ပိုလုပ်ပေးတာများတယ်။ သီချင်းတီးပေးတာတို့၊ ထွန်းထွန်းတို့ ဘာတို့ကို လုပ်ပေးတာတို့ အဲလိုမျိုးတွေ ပိုများတာပေါ့။ ကျွန်တော့် အရွယ်နဲ့ကျတော့ ဘယ်လိုဖြစ်သွားပြီလဲ ဆိုတော့ ပရိုဂျူဆာက ၁၀-ပုဒ် ၁၅-ပုဒ် လာလုပ်ပါ ဆိုတာထက်လေ၊ ကိုယ့်ဟာကိုယ် ပျော်သလောက်ပဲ ကိုယ်လုပ်တာမျိုး၊ ကိုယ်က နေရာတကာ ပါချင်တာကိုး။ ပါချင်တော့ ကိုယ်လုပ်နိုင်သလောက် သူများကိုလုပ်ပေးရတာ ပို enjoy ဖြစ်လာတာပေါ့။

သီချင်းတွေကို တစ်ပုဒ်ထက်တစ်ပုဒ် ကောင်းသထက် ကောင်းလာအောင် ဘယ်လို ကြိုးစားအားထုတ် ရပါသလဲ။
အဲဒါတော့ ပြောလို့တော့မရဘူး၊ ကြိုးစားအားထုတ်တယ်လည်း မဟုတ်ဘူးပေါ့။ လူတစ်ယောက်ရဲ့ Talent နဲ့ ဆိုင်တာပေါ့နော်။ အဲဒါ ထွက်ချင်မှလည်း ထွက်တယ်၊ ကြိုးစားလို့လည်း မရနိုင်ဘူး။ မထင်မှတ်ဘဲ ဖြစ်တာတွေလည်းရှိတယ်။

ဖီလင်လာမှ လုပ်လို့ရတဲ့ သဘောလား။
မဟုတ်ပါဘူး။ နေ့တိုင်းလည်း ကိုယ်က ဒီပေါ်မှာ attach ဖြစ်နေရတာပေါ့။ occupied ဖြစ်နေတော့ တခါတလေ ကိုယ်ကိုယ်နှိုက်က သိနေတာပေါ့။ အဲဒီ ကိုယ်တစ်ခု တင်ပြတော့မယ်ဆိုတာကြီးက မိုက်နေတာပေါ့။ ဒါနဲ့ မနီးစပ် နေရင်တော့ အဲဒီဘက်က အထူးအဆန်းတော့ ထွက်မှာမဟုတ်ဘူး။

အစ်ကို့သီချင်းတွေထဲမှာ မထင်မှတ်ဘဲ ပေါက်သွားတဲ့ သီချင်းတွေ ရှိသလား။
မထင်မှတ်ဘဲနဲ့ ပေါက်သွားတဲ့သီချင်းတွေမရှိပါဘူး။ ကျွန်တော်က Plan လုပ်တာကိုး၊ ကိုယ်က အိုင်ဒီယာတစ်ခု ထွက်လာတယ်၊ အဲဒီ အိုင်ဒီယာကို ဘယ်မှာသုံးမလဲဆိုတာကို Plan လုပ်ထားပြီးသား။ အဲဒီ အိုင်ဒီယာကို သုံးပြီ ဆိုတဲ့အခါ ကျရင်လည်း ကျွန်တော်က ဇာတ်လမ်းအစကနေ ဇာတ်လမ်းအဆုံးအထိ စဉ်းစားထားပြီးသား။ ဇာတ်လမ်းအစပဲ အရင်ပြပေးတဲ့ ကိစ္စတွေ ရှိတယ်ပေါ့နော်။ ဥပမာ - လူဖြစ်ရတဲ့ဒုက္ခဆိုရင် ကျွန်တော် အစပေါ့နော်… လူ့ရဲ့ သံသရာအစပေါ့။ ခုန်ချတယ်ဆိုတာ လူတွေက တကယ်တမ်းခုန်ချတာမဟုတ်ဘူးလေ။ fly လုပ်တာပေါ့။ ခရီးသွားတာပေါ့၊ အဲဒီသဘောပေါ့၊ လာဦးမှာပေါ့။ ကျွန်တော်က အဲလိုတွေးထားတာပေါ့။

အစ်ကိုက အလုပ်တွေကို အရမ်းစိတ်တိုင်းကျဖြစ်မှ လွှတ်တတ်တဲ့သူမျိုးလား။
ဟုတ်တယ်။ ကျွန်တော်က အရွယ်ရလာတော့ ပိုခေါင်းမာလာတာပေါ့။ နည်းနည်းဆိုရင်.. သိပ်မကောင်းဘူးလို့ ထင်ရင် ကိုယ် မလုံတော့ဘူး။ အဲဒါကို မပြချင်ဘူး လူတွေကို။ ငယ်ငယ်ကတည်းက အဲဒီလိုပဲသွားတယ်။ ဒါကြောင့်လည်း အခွေတွေ ကျဲတာပေါ့။ ကြာတယ်.. တချို့ဟာတွေလည်း မကြာသင့်ပဲ ကြာသွားတာတွေလည်း ရှိတယ်။ တချို့ဟာတွေကတော့ လက်တွေ့ကျကျ လုပ်နေရတဲ့ဟာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ခုနကပြောသလိုပဲ ကျွန်တော်တို့ကတော့ စိတ်တိုင်းကျမှ လွှတ်တာ။

ခုနကပြောသလို စိုင်းစိုင်းတို့တွေကို လုပ်ပေးတဲ့အခါမျိုး သူများတွေအတွက် လုပ်ပေးတဲ့အခါတွေမှာရော ကိုယ်စိတ်တိုင်းမကျပဲ ပေးလိုက်ရတာမျိုး ရှိလား။
အဲလိုတော့ မရှိပါဘူး။ ဥပမာ စိုင်းစိုင်းက ကျွန်တော့်ကို လာပေးတယ်ဆိုတာကလည်း ကျွန်တော်နဲ့ ကိုက်မယ့်ဟာမျိုးပဲပေါ့။ ကျွန်တော်နဲ့ မကိုက်ဘူးလို့ ယူဆတဲ့ဟာတွေဆိုရင်လည်း၊ ကျွန်တော်တို့က အချင်းချင်းဖြစ်နေတာကိုး၊ မိုးမိုးဆီကို သွားခိုင်းတာပေါ့နော်။

အခုနောက်ပိုင်း Technical ပိုင်းမှာ ပိုပြီးအားသန်နေတာလား။
အဲဒီလိုလည်းမဟုတ်ပါဘူး။ Technical ပိုင်းချည်းလည်း မဟုတ်ဘူး၊ သီချင်းတွေလည်း ရေးနေပါတယ်။ နည်းနည်း.. Background မှာ ပိုနေချင်တာပေါ့။ အောင်မြင်တယ်ဆိုတာထက်လေ၊ အဲဒီ အောင်မြင်တာကို ထိန်းရတာ အရမ်းမောတယ်။ Background မှာဆိုတော့ ဘာမဆို လုပ်ပေးလို့ရတယ်။ အဲတော့ ကောင်းတာပေါ့။

အစ်ကိုက အရင်တုန်းက လုပ်ခဲ့တဲ့ အခွေတွေလည်း အရမ်းအောင်မြင်ခဲ့တယ်နော်။ အခုအချိန်မှာ အဲဒီအခွေတွေကို ပြန်ကြည့်တဲ့အခါ ဘယ်လိုမြင်လဲ
အင်း ကျွန်တော်က ဂီတသက်တမ်း ၁၈ နှစ်ရှိပါပြီ။ ပြန်ကြည့်လိုက်တော့ .. ကျွန်တော်လား ကြည်နူးတာပေါ့။ ပီတိဖြစ်တာ ပေါ့နော်။ ကျွန်တော်တို့ ခုဆိုရင် နိုင်ငံခြားခရီးသွားနေရတယ်။ အဲလို ဖျော်ဖြေပွဲရှိတယ်ဆိုရင် ကျွန်တော်တို့ထက် တခါတလေ ဒီမှာ တကယ့်ကို Talent ဖြစ်တဲ့ လူငယ်တွေ ရှိတယ်။ သူတို့ကို သွားစေချင်တယ်လေ။

လူငယ်တွေကို နေရာပေးချင်တဲ့သဘောလား။
နေရာရယ်လို့မဟုတ်ဘူး၊ ကျွန်တော်က ဒီလိုဆိုလိုတာ။ ကျွန်တော်တို့ သွားတယ်ဆိုတာ လေ့လာတာတွေက များနေပြီလေ။ ကျွန်တော်တို့မှာ enough ဖြစ်တယ်.. ကျွန်တော်လိုချင်တဲ့ဟာ ရှိနေပြီပေါ့နော်။ ကျွန်တော်ကျတော့ ကိုယ့်ထက်ငယ်ရင် ပြောပြတတ်တယ်၊ ဆိုးတာရော၊ ကောင်းတာရော၊ ဖြစ်သင့်တဲ့ဟာတွေ ပြောပြတတ်တယ်။ အဲတော့ ... အဲဒီဟာတွေကို သူတို့ မြင်စေချင်တယ်၊ music နဲ့ပတ်သက်တဲ့ဟာတွေ၊ ပြီးတော့ သူတို့ကို ပါလာစေချင်တယ်။ အဲဒီလို သဘောပါ။ လူငယ်တွေကို ဦးစားပေး ဘာညာ သဘောမျိုး မဟုတ်ပါဘူး။ လူကြီးဆိုတာကတော့ လူငယ်တွေကို ဦးစားပေးသွားကြတာပဲလေ .. နောက်တော့။

အစ်ကို အသက်ဘယ်လောက် ရှိပါပြီလဲ။
၃၆ ပြည့်တော့မယ်။ မပြည့်သေးဘူး။ ဧပရယ် ၂၉ မှာပြည့်မယ်။

အတွေ့အကြုံလည်း အရမ်းများပြီဆိုတော့ ကိုယ့်လိုမျိုး တစ်ယောက်ယောက်ကို ပြုစုပျိုးထောင်ချင်တာ မျိုးမရှိဘူးလား၊ ဆိုလိုတာက ကိုယ်ပိုင် သားသမီးတွေလိုမျိုးပေါ့။
ကျွန်တော်က ဒီလိုမျိုးပါ.. ကိုယ့်လို တစ်ယောက်ပေါ့နော်။ ကိုယ့်လိုလူပေါ့။ ကိုယ်က တဖြည်းဖြည်း အရွယ်ရောက်လာပြီ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် နှမြောတတ်လာပြီ။ ကိုယ့်လိုလူမျိုးတစ်ယောက် ပျိုးထောင်ပေးချင်တယ်။ ဒါပေမယ့် ကျွန်တော်က အဆင့်ကျော်ပြီး တွေးတဲ့သဘောမှာ ရှိတယ်။ အဲဒီလို ပျိုးထောင်ဖို့ဆိုတာ ကူညီမယ့် မိန်းကလေးလိုတာပေါ့။ သဘောကတော့။ ကျွန်တော်က အဆင့်ကျော်ပြီး တွေးတဲ့အတွက်၊ အဲဒီလိုမျိုး အရွယ်တော့ ရောက်သွားတယ်။ မိန်းကလေးကြောင့် စိတ်လှုပ်ရှားမှု အရမ်းဖြစ်စေတာမျိုးတော့ သိပ်မရှိတော့ဘူး၊ ဒီအရွယ်ကျတော့လေ။ အဲလိုတော့လုပ်ချင်ပါတယ်။ ကိုယ့်လိုတော့ ရှိချင်ပါတယ်။ ကောင်းချင်လည်းကောင်းမယ်၊ ဆိုးချင်လည်းဆိုးမယ်ပေါ့လေ။

အိမ်ထောင်လုံးဝမပြုတော့ဘူးလား။
အဲလိုတော့ မဟုတ်ပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာကလည်း ကိုယ်က အစစအရာရာ Plan လုပ်ဖို့ လိုတာပေါ့လေ။

အခု မြန်မာ နှစ်သစ်ကူးတော့မယ်ဆိုတော့ အစ်ကို ပရိသတ်တွေကို နှုတ်ခွန်းဆက်စကားလေး ပြောပေးပါဦး..
ပရိသတ်တွေအတွက် နှစ်သစ်ကူးမှာဗျာ… လူတွေကို ချစ်စေချင်တယ်၊ လူတွေကိုလည်း ချစ်ချင်တယ်..။ လူတွေကို အတတ်နိုင်ဆုံး ကိုယ်က ကောင်းနေရင်ပဲဖြစ်ဖြစ် ဆိုးနေရင်ပဲဖြစ်ဖြစ် လူတွေကိုတော့ ကျွန်တော် မေတ္တာပို့တတ်ပါတယ်။ ကျွန်တော်က အမြဲတမ်း အဲလိုပဲလေ။ ငယ်ငယ်တုန်းက အဆိုတော် ဘာကြောင့် လုပ်ချင်တာလဲ။ ကျွန်တော် လူတွေကို ကိုယ့်မှာရှိတာကို တင်ပြချင်တယ်။ အပန်းဖြေတာပဲ ဖြစ်ဖြစ်။ အမြဲတမ်း ရောရောနှောနှော ပတ်သက်နေချင်တာ၊ ဘယ်နေရာကမဆိုပေါ့နော်။ အဲလိုမျိုးပေါ့။ အဲလိုဆိုတော့ လူတွေကိုလည်း ချစ်ချင်တယ်၊ လူတွေချစ်တာကိုလည်း ခံချင်တယ်ပေါ့နော်။

ဟုတ်ကဲ့ပါ.. ကျေးဇူးတင်ပါတယ်အစ်ကို။

သူနဲ့ပြောဖြစ်ခဲ့တာတွေကတော့ ဒီလောက်ပါပဲ။ စင်မြင့်ထက်မှာ သူသီချင်းဆိုတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တွေ့မြင်ရတယ်။ တစ်ကိုယ်တည်း လှိမ့်နေပေမယ့် လူကြီးဆန် ရင့်ကျက်တည်ငြိမ်နေတဲ့ အဆိုတော်ကြီးက "မင်းအတွက်" သီချင်းကိုဆိုရင်း သူ့ဇာတ်လမ်းတွေကို သမိုင်းကြောင်းပြန်နေတော့ ပရိသတ်တွေက သဘောကျနေကြရော..။ လေးစားလောက်စရာ ၀ါရင့် အနုပညာရှင်တစ်ယောက်ရဲ့ အနုပညာ လက်ရာတွေကို ဖြည်းဖြည်းနဲ့မှန်မှန် တွေ့မြင်နေကြရဦးမှာပါ ဆိုတာကို သူ့စကားတွေအရ တွေ့မြင်နိုင်ပါတယ်။ ဂီတလောကရဲ့ တခြားဘက် မျက်နှာစာမှာပါ အားဖြည့်ဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ယောက်နဲ့ ပြောခဲ့တဲ့စကားတွေကို ဒီလောက်နဲ့ ပရိသတ်တွေ ကျေနပ်နိုင်ကြမယ်လို့ မျှော်လင့်မိရင်း...။

From Planet News:Posted on Mar 26 07 - 06:38 PM | Save as PDF

ကိုယ့်အကြောင်းတွေသတိရရင်

ဒါဆိုလည်း ပြည့်စုံသွားအောင် ဖြည့်ပေးလိုက်မယ်နော် ... လိုနေတဲ့ သီချင်းတစ်ပုဒ် ...

ကိုယ်အကြောင်းတွေ သတိရရင်


လူ တွေ က သိပ်ပြောတယ်
ကြင် နာ သူ သူ့အကြောင်းလေး
အို အဆိုးတွေ အဆိုးတွေ အများကြီး
ကိုယ့်နား ထုံသွားအောင် ကိုယ်ကြားပြီး

ဘယ် အခါ ကိုယ်မမေ့သေးတဲ့
ကြင် နာ သူ သူ့အပြုံးလေး
ဟိုအပြုံး ဒီအပြုံးတွေ သတိရ
ဆင်ခြင်ဖို့ ဆိုတာ ဝေးလွန်းတယ် ကိုယ့်နှလုံးသား

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
ကိုယ်မသိဘူး မဆိုင်ပါဘူး မင်းလေး ... ကိုယ့်ကိုသတိရ .. ပြီးတာပဲ


သူ ပြန် လာမလားလို့
ကိုယ် အိမ် ရှေ့တံခါးလေး
အို အမြဲ ဖွင့်ထားတယ် လာခဲ့ပေါ့
ကိုယ့်အကြောင်းတွေ သတိရရင် လာခဲ့ပေါ့ ...

ဘယ်နေရာမှာရှိလိမ့်မလဲ ကိုယ်ကိုယ်တိုင်လဲမသိတယ်
ဒီတစ်နေ့လုံး ဒီတစ်ညလုံး မင်းရဲ့အကြောင်းကိုတွေးရင်း
ဘယ်သူနဲ့မင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ
မလိုချင်ဘူး မဆိုင်ပါဘူး

မင်းလေး ... ကိုယ့်ကို ... သတိရ ... ပြီးတာပဲ

ပြီးတာပဲ... ပြီးတာပဲ... ပြီး .. တာ .. ပဲ .

မျိုးကျော့မြိုင် တစ်ကိုယ်တော် ပီယာနို၊ ရစ်သမ်ဂစ်တာနဲ့ အာကူးစတစ် ဆန်ဆန်ဆိုထားတဲ့ သီချင်းပါ.. နောက်မှ ခေါင်းစဉ်ပြောင်းပြီး ကဗျာဘွဲ့မှူးနဲ့ စုံတွဲပြန်ဆိုထားပေမယ့် ဒီဗားရှင်းလဲ တစ်မျိုးနားထောင်လို့ ကောင်းပါတယ်.. အခုတင်ထားတဲ့ ဖိုင်ဟာ ကွာလတီသိပ်မကောင်းလို့ အသံနဲနဲလေးတော့ စူးနေတယ်... မအိပ်ခင်လေး သတိရလို့ ရေးလိုက်တာပါ.. သတိရနေမိလို့... ကောင်းသောညပါ မနက်ခင်းလေးရေ..

Tuesday, November 6, 2007

မျိုးကျော့မြိုင် (၂) VIRUS


Virus သီချင်းကို ပြန်ကြားတော့ အဲဒီ သီချင်းပါတဲ့ အခွေကို သတိရလို့ သီချင်းတွေ ပြန်ရှာကြည့်ပါတယ်။ စက်ထဲမှာ ရှိတဲ့ သီချင်း ၃ပုဒ်လုံး Kalvin tape ကနေ mp3 ပြောင်းထားလို့ ရှိနေတာပါ။ နောက်တစ်ပုဒ်ကတော့ သူ့ Hard Disk ပျက်တဲ့ထဲ ပါသွားလို့ မရှိတော့ဘူး။ ရှားပါးတဲ့ album လေးမို့ သီချင်းတွေ ပြန်တင်ပေးလိုက်ပါတယ်။ သီချင်းများအားလုံးအတွက် Kalvin ၊ Album cover နဲ့ သီချင်း list အတွက် လိုတရကို ကျေးဇူးတင်ပါတယ်။

Monday, November 5, 2007

VIRUS !


အစီအစဉ်မကျ ဖွင့်ထားတဲ့ Winamp Playlist ကနေ နားမထောင်တာကြာပြီဖြစ်တဲ့ သီချင်းတစ်ပုဒ် ပွင့်လာတယ်။ ဒါ လူသိသိပ်မများတဲ့ မျိုးကျော့မြိုင်ရဲ့ အပိုင်းအစတစ်ခုပေါ့။ သီချင်းလေးပုဒ်ထဲပါတဲ့ mini-demo album လေးတစ်ခု ထွက်ဖူးတယ်။ အဲဒီ့အခွေထဲက ၀င်သက်ထွက်သက် (အပြာရောင်နေ့ရက်များ)က နောက်ပိုင်းမှာ နာမည်ကြီးသွားပြီး ဒီသီချင်းကတော့ ငုပ်သွားတယ်။ မြူးကြွတဲ့သံစဉ်ကြောင့် ကျွန်တော်ကတော့ ဒီဗိုင်းရပ်စ်ကို ဟို.. စိတ်နာနာနဲ့ ဆိုခဲ့တဲ့ သီချင်းထက် ပိုနှစ်သက်တယ်။ အခုလို အမှတ်တမဲ့ ပြန်ကြားလိုက်မိတော့ repeatလုပ်ရင်းနဲ့ တခြားသူတွေလည်း နားထောင်ရအောင် blogပေါ်တင်ပေးလိုက်ပါတယ်။


VIRUS


ဗိုင်းရပ်စ် ... တစ်ကမ္ဘာလုံးကိုကူးစက် ...
ဗိုင်းရပ်စ် ... တစ်ကမ္ဘာလုံးကိုပျံ့နှံ့ ...
ဗိုင်းရပ်စ် . ဗိုင်းရပ်စ် .. ဗိုင်းရပ်စ် ...


Credit goes to Kalvin for converting this mp3 from tape.