တစ်လောက ဧရာဝတီကနေ ဆောင်းပါးဟောင်းလေးတစ်ခု ဖတ်ပြီး blogရေးဖို့ စိတ်ကူးတစ်ခုရလာတယ်။ ကျွန်တော်ဟာ မျိုးကျော့မြိုင် ခရေဇီလဲမဟုတ်၊ ရက်ပ်ပေါတစ်ကောင်လဲမဟုတ်၊ ဝေဖန်ရေးသမား စာရေးဆရာလဲမဟုတ်ပါဘူး။ ကျွန်တော် သိခဲ့ဖူးတဲ့ အရင်အချိန်က အကြောင်းတစ်ချို့.. ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ခေတ်ကာလတစ်ခုက အရိပ်တစ်ချို့အကြောင်း.. ကျွန်တော့်စိတ်ထဲရှိတာကို နဲနဲပါးပါး ပြောချင်လို့ပါ။ ဒါဂီတဝေဖန်ရေး ဆောင်းပါးမဟုတ်သလို၊ မြန်မာပြည်မှာ ဒီလမ်းကြောင်းကို ဘယ်သူစခဲ့တယ်.. ရက်ပ်/ဟစ်ဟော့ပ်ဘိုးအေ ဘယ်သူဘယ်ဝှါ ဆိုတာတွေ အငြင်းပွါးဖို့လည်း စိတ်မ၀င်စားပါဘူး။ လက်မခံနိုင်စရာ သဘောထား မတိုက်ဆိုင်မှုများရှိပါက လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်..
Following part is taken from MyanmarTimes Interview with Myo Kyawt Myaing.How would you define the word ‘music’?The word has different meanings. Everyone will define it based on their own perspective. For me as I am in the business of creating music, and I work using computer music languages, so for me it is very difficult to define the word.
What sort of difficulties did you face in the earlier part of your career in creating rap music?I was criticized for my first song
ကျွန်တော်မကောင်းဘူး (I am bad); some said it was melodically weak. But I always have confidence in my work, so I did not care about that too much.
Can we say that you are a pioneer of rap music in Myanmar?I wouldn’t use such words.
မိုးတွေရွာနေချိန်ခဏ ... မျိုးကျော့မြိုင်က သူ့ရဲ့ ပွဲဦးထွက်အခွေကို ဒီလိုကြော်ငြာခဲ့တယ်...
မြန်မာရက်ပ်သီချင်း နားထောင်ရအောင် ....
အဲသည့်အချိန် ကာလပိုင်းတုန်းက ရက်ပ်ဂီတဟာ ရန်ကုန်မြို့ပြယဉ်ကျေးမှုထဲက လူငယ်တစ်ချို့ရဲ့ ဇိမ်ခံသီချင်းသာသာပဲ ရှိပါသေးတယ်.. ၉၀နှစ်ဦးပိုင်းကနေစလို့ MTVတွေကြည့်၊ Yearbookသီချင်း စာအုပ်တွေဖတ်၊ စကော့ဈေးကိုပတ် ကျောင်းတွေပိတ်ထားလို့ သိပ်ကိုအားလပ်နေကြတဲ့ ကျွန်တော့်လို မျိုးဆက်သစ်ကလေးတွေဟာ ရက်ပ်သီချင်းနဲ့ အုပ်စုလိုက်အကတွေကို ယဉ်ပါးစပြုလာပေမယ့် လုံးဝကြီးလက်မခံကြသေးပါဘူး.. နောက်ပိုင်း သင်္ကြန်မဏ္ဍပ်တွေမှာ အရင်ကြားနေကျ ဒစ်စကို တီးလုံးတွေအစား
ဗန်နီလာရေခဲ... အမ်စီတူကြီး ... Rap Beatတွေ ၀င်လာပါတယ်.. အဲသည့်လို ဘန်တီရှပ်တွေ၊ ဂျင်းပန်အပြဲ၊ ကန်းထရီးဘုစွပ်နေကြတဲ့ ချာတိတ်တွေရဲ့ မြို့ပြလမ်းမကြီးပေါ်မှာ ဘက်ဂီပွပွ၊ ကပ်ဦးထုပ်နောက်ပြန်ဆောင်း၊ ဆံပင်တိုတိုညှပ် ဂျဲလ်နဲ့ထောင် နောက်စေ့မှာစာလုံး အုတ်ကွက် ဖော်စပြုချိန်မှာပဲ
အဲသည့်မျိုးကျော့မြိုင်ဆိုတဲ့လူ ပိုစတာဘုတ်တစ်ချို့ပေါ်မှာ ပြောလာတယ်..
မြန်မာရက်ပ်သီချင်း နားထောင်ရအောင်...တဲ့.. ဘာလဲ မြန်မာရက်ပ်သီချင်း? နောက်နေတာလား?
စစချင်း magazineကြော်ငြာတွေမှာ သတိထားမိလာတယ်... လူတစ်ယောက် ထီးဆောင်းပြီးရပ်နေ လူ၃ယောက် ထီးတစ်ချောင်းထဲနဲ့ လမ်းလျှောက်လာတာကို ကာတွန်းတစ်ကြောင်းမျဉ်းနဲ့ ဒီဇိုင်းဆွဲထားတာပါ.. ထုံးစံအတိုင်း အခွေမထွက်ခင် ဘားလမ်းဆိုင်တွေ လေထန်ကုန်းမှာ သီချင်းသံစကြားရတယ်..
မနက်ဖြန်အကြောင်းကိုတွေးမိတယ်... ညနေခင်းကို စောင့်ကြည့်တယ်... ဘာမှမထူး ... စက်နဲ့ကူထားတဲ့အသံတွေ နားထဲလှိမ့်ဝင်လာတယ်.. နဲနဲတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ..
TVမှာ ကြော်ငြာလာတော့ ကြားလိုက်တာက
ကားတိုက်မိခြင်း ... မျိုးကျော့မြိုင်နဲ့ လူတစ်ယောက်နဲ့ Mr Beanလို ကားသေးသေးလေး တစ်စင်းရယ် လက်စွဲကီးဘုတ်လေးကိုင်လို့ .. ဘယ်လိုRapperလဲ ... သူများတွေက ပွပွလျလျဝတ်တယ်.. သူက လယ်သာဂျက်ကက် တီရှပ်အနက် ဂျင်းပန်အမည်းအကျပ်နဲ့ (နောက်မှသိတာက ဒီလိုစတိုင်က Dr Dreတို့ N.W.Aတုန်းက G.Rapperတွေ ၀တ်တတ်ကြတဲ့ retroပုံစံ ဖြစ်နိုင်တယ်လို့ ထင်တယ်)
မှတ်မှတ်ရရ အခွေထွက်ပြီး နောက်တစ်ရက်မှာ ယင်းမာကနေ၀ယ်ဖြစ်တယ်.. လူတစ်ယောက် ကီးဘုတ်ထိုင်တီးနေတာလား ရုပ်ပြောင်ကောမစ်ပုံမျိုး အဖြူရောင်ကာဗာ ထူးခြားမှုမျိုးကို ကြည့်ပြီး ကားကက်ဆက်ထဲထည့် နားထောင်လိုက်တော့
မိုးကောင်းကင်မှာ သီချင်းကျ မျက်မှောင်ကြုတ်မိပြန်ရော.. ဒီသံစဉ်မျိုး ကြားဖူးသလိုပဲ... အင်း Enigma ရဲ့ Sadness ပုံစံမျိုး တုထားတာပဲ...
တစ်ခွေလုံးပြီးသွားတယ် ... နောက်ဆုံးသီချင်း
အချစ်များစွာအတွက်မှာ စကားပြောပုံနဲ့ ဆိုတာကလွဲရင် ကျန်တာအများစုက slow လေးတွေချည်းပဲ..စက်အကူနဲ့ မွမ်းမံထားလို့ သံစဉ်ဆန်းသလိုလို ရှိနေတာကလွဲရင် တကယ့် Rap Beatကို မကြားလိုက်ရဘူး.. Popဆန်တဲ့ အေးအေးလေးတွေဖြစ်တဲ့
ဘယ်လိုအရူးမျိုးလဲ? ...
ဝေးနေမယ့်အချိန် ...
ဝတ်ရည် ...
မင်းကိုချစ်လို့ သီချင်းတွေကတော့ နားဝင်လွယ်တယ် ..
ပါးစပ်နဲ့ပဲ ဆိုတီးထားတဲ့
အလုပ်သိပ်များနေတယ် ပုံစံကိုတော့ သဘောကျမိတယ် ...
တိတ်ဆိတ်သောညများ jazzလိုလို bluesလိုလိုကို နောက်မှ ကြိုက်တတ်လာတယ်...
အိပ်မက်မက်တယ် နဲ့
ရူးလိမ့်မယ် ကတော့ ကြားဖူးနေကျ ရိုးရိုးရော့ခ်သီချင်း ဆန်သလိုပဲ...
ညနက်နေပြီ ဆိုထားတဲ့အတိုင်းပဲ မျိုးကျော့မြိုင်အသံ မကောင်းပါဘူး.. သူပြောသလို အသံစုတ်ကြီးကို ကွန်ပြူတာစက်တွေနဲ့ ကူထားတယ်.. အဲသည်အခွေဟာ အဲသည့်တုန်းက လူသိမများခဲ့ဘူး.. စာနယ်ဇင်းတွေထဲမှာတောင် အရေးတယူလုပ်ပြီး သိပ်မဝေဖန်ကြသလိုပဲ.. ရက်ပ်မြူးဇစ်ကို နားထောင်ကြပါတယ်ဆိုတဲ့ လူငယ်အသိုင်းဝိုင်းထဲမှာတောင် မပေါက်ခဲ့ဘူး .. မြန်မာရက်ပ်သီချင်းဆိုတဲ့ ခေတ်တစ်ခုကို ပီပီပြင်ပြင် မရောက်ခဲ့ဘူး... အခုလို ဟစ်ဟော့ပ်တွေသာ ဖြစ်လာတယ်၊ မြန်မာပြည်မှာ ဘယ်တုန်းကမှ ရက်ပ်ခေတ်မစားခဲ့ဘူး... ပြီးတော့လဲ သူ့ရဲ့ဂီတကို ရက်ပ်ချည်းသက်သက်လို့ မခံစားမိဘူး..
ဒါပေမယ့် သူ့နောက်ပိုင်း မြန်မာ့ဂီတလောကထဲမှာ စက်ကိရိယာအကူ သုံးစွဲမှုတွေ ပိုများလာသလို နည်းပညာပိုင်း ပိုတိုးလာတယ်လို့ ယူဆမိတယ်.. သီချင်းကို လူတီးတာနဲ့ စက်တီးတာ ၀ိဝါဒကွဲပြားမှုတွေ ရှိလာတယ်... လူနည်းစုအနေနဲ့တော့ သူ့ရဲ့မိတ်ဆက်မှုကို အသိအမှတ် ပြုမိလောက်တယ်လို့တော့ ပြောရမယ်.. သူ့ပရိတ်သတ်ရှိခဲ့လိုသာ သူကလဲဆက်လုပ်ခဲ့ပြီး ခုချိန်မှာ ကျွန်တော့်နာမည်မျိုးကျော့မြိုင် ပါလို့ အခိုင်အမာရပ်တည်လာနိုင်တာပဲလေ...
ဘာပဲဖြစ်ဖြစ် မိုးတွေရွာနေချိန်ခဏ မြန်မာပြည်မှာ မြန်မာRapperတစ်ယောက်တော့ ရောက်လာခဲ့တယ်