Thursday, September 13, 2007

It's not a love song!

အဲလက်စ်၊ စိုင်းစိုင်း၊ ဇေယျသော်၊ ကောင်းမြတ်လေးတို့နဲ့ အတူဆိုထားတဲ့ မျိုးကျော့မြိုင်ရဲ့ “အချစ်သီချင်း” ကို လူဖြစ်ရတဲ့ဒုက္ခ အယ်လ်ဘမ် ထွက်ထွက်ချင်းလောက်မှာ Junction 8 City Mart မှာ စကြားဖူးပါတယ်။ ကြားကြားချင်း မတ်တပ်ရပ်လျက်သားကနေ နားထောင်မိပြီး သီချင်းအဆုံးမှာ ဆိုင်ကနေ ၀ယ်လိုက်ပြီး အပြန် ကားပေါ်မှာ အဲဒီသီချင်းကို ရှာပြီးနားထောင်ခဲ့တာ သတိရစရာပါ။ အဲဒီ album cover design က Digital 01010 တွေနဲ့ အစိမ်းရောင်လေးကို တော်တော်သဘောကျခဲ့တယ်။

Name is Love song .... but It's not a love song really!

အချစ်သီချင်း

Lil' KM: မွန်းကြပ်တဲ့ နေ့ရက်များမှာ ငါ့ကိုယ်ငါ ပြန်သုံးသပ်ခဲ့ ......
လွဲမှားစွာ ဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက် ......
ဟိုတုန်းက ပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ အတိတ်ဘ၀ ...
လမ်းများစွာ လျှောက်ကာသွားခဲ့ အဲဒီနေ့တွေ မေ့မရ ...
မေ့မရပါ အတိတ်ဘ၀ကို ငါ့ရဲ့စိတ်မှာ လွမ်းနေတုန်း....
လွမ်းနေတုန်း နှုတ်ဆက်သွားတာ အခုတော့ ငါ့မှာ လမ်းတွေဆုံး ...
လမ်းတွေဆုံး ချစ်သူလေးကို ငါ့ရဲ့ အနားမှာ ရှိချင်သေးလို့ ....
စိတ်ကူးယဉ် ငါ့ရဲ့အတွေးဟာ ကောင်းကင်ကြီးပြို မဲမှောင်မိုက်လို့.........

Sai Sai: ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကိုဆွဲကိုင်ထား ....
အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိလဲ သိချင်သား
ဟိုးအရင်ကလို မင်းရဲ့အနားမှာ ရှိချင်တာ
ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ
မိုးဆောင်းနွေ ပြက္ခဒိန်တွေ တစ်မျိုးပြောင်းနေ
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ....အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ...လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး.............

Alex: အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
Lil' KM: လွမ်းစရာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကို

ZYT:လူတွေ လွမ်းဆွေးတွေးငေးပြေး ဟိုအဝေး ...
ဒါပေမဲ့လဲအချစ်နဲ့ကင်းကိုမကင်းနိုင်တော့လဲ စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတလျှောက်မှာ ရေတွက်လို့မရ
မာနတွေခ၀ါချပြီး အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘ၀ အချစ်ကြောင့်ပဲ စိတ်တွေပြောင်းသွား
အချစ်စိတ်နဲ့ အရာအားလုံးကို ထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား ဒီစိတ်နဲ့ အသက်ဆက်ရှင်နေရပါလား

MKM: အချစ်ကြောင့်ရူး အချစ်ကြောင့်မူး သီချင်းတွေလဲ ရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ တယောက်ထဲပဲ ၀မ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး တခါတလေတော့လည်း စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒဏ်များ မခံနိုင်တော့လည်း အရှုံးပေးဦးမယ်
စွဲလန်းခြင်း လွမ်းဆွေးခြင်း မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်
အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘ၀မှာ တယောက်ထဲရှိမယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း ဒီနောင်တတွေရမှ
ကိုယ့်ရဲ့အဝေး သူထွက်ပြေး အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်

Alex: အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
MKM: လမ်းမှာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

ZYT:လူတွေ လွမ်း ဆွေး တွေး ငေး ပြေး ဟိုအဝေး ...
Lil' KM:လွဲမှားစွာဆုံးဖြတ်မိတဲ့ ငါ့ရဲ့မှားတဲ့ ဆုံးဖြတ်ချက် ......
ဟိုတုန်းကပျော်စရာများတဲ့ ငါတို့နှစ်ယောက်ရဲ့ အတိတ်ဘ၀ ...
ZYT:အတိတ်ကိုတွေး စိတ်မှာဆွေးမိတယ် အဆိုးအကောင်းတွေ အကျိုးအကြောင်းတွေ လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး

အမြဲ ... ရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
လွမ်းစရာတွေ့ရင် ရူးလောက်အောင် စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲရင်ထဲပြည့်ကြပ်နေလို့ ခံစားရခက်နေလို့ ဒီစိတ်နဲ့ ရူးနေလို့
ရင်ထဲမှာသိပ်ချစ်မိတာမို့
လမ်းမှာတွေ့ရင်ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

နောင်တ တချို့နဲ့ မွန်းကြပ်ခဲ့တဲ့ နေ့ရက်တွေက အချိန်တိုင်း repeat လုပ်ပြီး နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ် ... အမှတ်တရ။

6 comments:

byteklay said...

ဒီသီချင်းကိုလည်းကြိုက်တယ်။ FlashBand ကနေ Animation လုပ်ထားတာလေးကိုလည်း ကြိုက်တယ်။

အချစ်သီချင်း Flash MTV

mgthantzin said...

အကြိုက်ဆုံးသီချင်းပါ.... =) သူငယ်ချင်းမတစ်ယောက်က အမေရိကက တကူးတက ပေးတော့မှ၊ ကြီးမှ ကြိုက်တဲ့ သီချင်းပါ။ ငယ်ငယ်တည်းက နားထောင်ခဲ့ဘူးပေမယ့် ကြိုက်ရကောင်းမှန်း မသိခဲ့ပါဘူး... VCD Karaoke ရိုက်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ဘူးတာကိုတောင် နောက်ပိုင်း ဒီသီချင်းကို ကြိုက်လို့... VCD ပြန်ကြည့်တော့မှ သြော်... ဒီသီချင်းကို ရိုက်နေခဲ့ကြတာကိုးဆိုပြီး သိခဲ့ရပါတယ်... အကြိမ်ပေါင်း ထောင်ချီ နားထောင်ခဲ့ပြီးပါပြီ။ နားလည်း ထောင်နေဆဲပါ။

eithu said...

အဲဒီသီချင်းက အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ် ..

eithu said...

it's so touching ..

Anonymous said...

ဒီသီချင်းလေးကိုအခွေဆိုင်တစ်ခုကနေစကြားမိတော့ အဲလက်စ်ဆိုတဲ့အပိုဒ်လေးအရင်ကြားရတယ် ဒီစာသားလေးကကောင်းလိုက်တာပေါ့လေ ကိုမျိုးကျော့မြိုင်ရေးထားဆိုတာ သီချင်းခွေရတဲ့အခါမှသိတော့
ပိုလို့တန်ဖိုးထားမိတယ် စာသားလေးတွေက ထိမိတယ်လေ
ဖုန်းထဲ ringtone လုပ်ထားမိတဲ့အမှတ်တရသီချင်းလေးတစ်ပုဒ်ပါ
ပထမတော့ comment မရေးဘဲ တိတ်တိတ်လေးနေမလို့ပါပဲ
ဒါပေမဲ့ ဒီသီချင်းလေးကိုပြန်နားထောင်မိတဲ့အခါ စိတ်ထဲရှိတာလေးချပြဖြစ်ပါတယ်
flashband မှာလည်း အရင်တုန်းက ခဏခဏသွားနားထောင်ဖြစ်တယ်.. ကို bytekaly ပြောသလိုပဲလုပ်ထားပုံလေးနှစ်သက်လို့

JJ said...

ဒီသီချင်းကိုလည်းကြိုက်တယ်။ FlashBand ကနေ Animation လုပ်ထားတာလေးကိုလည်း ကြိုက်တယ်
်အဲဒီသီချင်းက အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ် .
lashband မှာလည်း အရင်တုန်းက ခဏခဏသွားနားထောင်ဖြစ်တယ်..