Wednesday, September 19, 2007

MKM Interview @BBC (July 2007)

BBC Interview 2007
BBC မြန်မာပိုင်း အစီအစဉ်ကနေ ရန်ကုန်မြို့မှ လူငယ်တစ်ဦးနဲ့ ကိုမျိုးကျော့မြိုင်ရဲ့ Interview လေးကို နားထောင်ရပါတယ်။ အစီအစဉ် ကြေငြာသူက မြန်မာပြည်မှာ ရက်ပ်ဂီတကို အစဦးဆုံး မိတ်ဆက်ခဲ့တယ်လို့ ပြောနိုင်တဲ့ နာမည်ကျော် ရက်ပ်ပါကြီး ကိုမျိုးကျော့မြိုင်နဲ့ အင်တာဗျူးလို့ ပြောသွားပါတယ်။ Interview ဆိုပေမဲ့ မေးတဲ့သူက လူငယ်ပီပီ ပေါ့ပေါ့ပါးပါးလေးတွေ မေးသွားပေမဲ့ ကိုမျိုးကျော့မြိုင်က သေချာဖြေသွားတာ နားထောင်လို့ ကောင်းပါတယ်။

ဒီ Interview ကနေ သိလိုက်ရတဲ့ သတင်းတွေကတော့ ထွန်းအိန္ဒြာဗိုနဲ့ စုံတွဲခွေ ထွက်မယ်ဆိုတဲ့ အကြောင်းနဲ့ တစ်ကိုယ်တော်ခွေကို MTV နဲ့ တွဲထုတ်ဖို့ စီစဉ်နေတယ်၊ One Man Show လုပ်ဖို့လဲ ရှိတယ်ဆိုတာပါပဲ။ myanmar mp3 က april ကလွှင့်သွားတဲ့ အင်တာဗျူးမှာတော့
ထွန်းအိန္ဒြာဗိုနဲ့ ခွေက သီချင်းတွေ သူ့ဘက်က ပေးပြီးသား၊ ဘာလို့ မထွက်သေးလဲတော့ သေချာမသိတဲ့အကြောင်း၊ မထွန်းအိန္ဒြာဗိုက တင်ဇာမော်နဲ့ အတွဲခွေကို အရင်ထုတ်မယ်ထင်တဲ့အကြောင်းတွေ ဖြေသွားပေမဲ့ ထွန်းအိန္ဒြာဗိုရဲ့ နောက်ထွက်မဲ့ အခွေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားတာကို ပြန်ဖြေတဲ့ထဲမှာ ဒီစုံတွဲခွေထွက်မဲ့အကြောင်း လုံးဝ ထည့်မပြောထားပါဘူး။ duet ပဲဖြစ်ဖြစ်၊ single ပဲ ဖြစ်ဖြစ် ကျွန်မ သူ့ ခွေသစ်ကို မျှော်နေတာ ကြာပြီ။ MTV လုပ်ထားတဲ့ ခွေသစ် ဆိုတာ ကတော့ သီချင်း ငါးပုဒ်ပါတဲ့ခွေကို ပြောတာထင်တယ်။ one man show ကတော့ ပြောနေတာ ကြာပါပြီ။ မလုပ်ဖြစ်သေးတာပဲ ထင်ပါတယ်။ One Man Show လုပ်ရင်လည်း ကြည့်ချင်တယ်။ ပြောသာပြောတာပါ။ singapore မှာလုပ်တဲ့ ပွဲတုန်းကတောင် သွားမကြည့်ဖြစ်ဘူး။ ဂျာနယ်၊ မဂ္ဂဇင်းတွေ မဖတ်ရတော့ သတင်းတွေကို ဒီလိုမျိုး အွန်လိုင်းကနေပဲ ရှာကြံဖတ်ရပါတယ်။

ကျွန်မ သဘောကျတဲ့ အဖြေတစ်ခုက ဘာအကြောက်ဆုံးလဲမေးတာကို “ ခုနေချိန်မှာ ကျွန်တော့် စိတ်ကို ကျွန်တော် အကြောက်ဆုံးပါပဲ။ ” ဆိုတဲ့ အဖြေပါပဲ။ ကိုမျိုးကျော့မြိုင် သူရဲ့ professional ကို passionate ဖြစ်တာနဲ့ အောင်မြင်မှုအတွက် အရေးကြီးတဲ့အရာတွေလို့ ခံယူချက်တွေကို ဖြေထားတာလဲ သဘောကျပါတယ်။ သူ့ အင်တာဗျူးထဲမှာ သီချင်းထဲကအတိုင်း ရည်းစား ၃ယောက် ရှိခဲ့ဘူးတယ်လို့ ၀န်ခံသွားတော့ ကျွန်မ သိတဲ့နာမည်တချို့ကို စဉ်းစားပြီး နည်းနည်းတောင် အလုပ်များသွားသေးတယ်။ ခံစားချက်အစစ်အမှန်နဲ့မှ သီချင်းရေးလေ့ရှိတဲ့ ကိုမျိုးကျော့မြိုင် သီချင်းစာသားတွေက အမြဲတမ်း အသက်ဝင်နေတယ်လို့ ကျွန်မ ခံစားရပါတယ်။

အင်တာဗျူးကို ဒေါင်းလုပ်ယူ နားထောင်ဖို့ မလွယ်ရင် အောက်မှာ ဖတ်လို့ရပါတယ်။


MKM Interview @BBC (July 2007)



3 comments:

Anonymous said...

Thanks a lot for posting this interview.

naing said...

အခုလို တကူးတက စုစည်းပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ ။

Anonymous said...

Good to listen to this interview.