Blog ရဲ့ C-box မှာ comment ပေးပြီး ပြောသွားကြတဲ့ ကိုမျိုးကျော့မြိုင် ပရိသတ်များရဲ့ စကားတွေထဲက သင့်တော်မယ် ထင်တာလေးတွေကို တစ်ပတ်တစ်ကြိမ်လောက် Blog မှာ ပြန်စုဆောင်းပြီး တင်သွားပါ့မယ်။
Feedback & Comment from C-box (08th Sept 07 to 15th Sept '07)
ရိုးရိုး (08 Sep 07 07:02)
ဟင်ဒါဆို ကျွန်တော့်နာမည် မျိုးကျော့မြိုင်ပါ။ ခုနှစ်မိုင်မှာ နေပါတယ် ဆိုတာဘယ်သူရေးထားတာလဲ?
မေ (08 Sep 07 19:06)
ရိုးရိုး ... အဲဒါ မျိုးကျော့မြိုင်ရဲ့ ကျွန်တော့်နာမည် မျိုးကျော့မြိုင် သီချင်းက စာသားကို ထုတ်သုံးထားတာပါ။ ပို့စ်တွေ ဖတ်ကြည့်ရင် MKM ရဲ့ personal blog မဟုတ်ပဲ fan blog ဆိုတာ သိနိုင်ပါတယ်
SKL (08 Sep 07 19:19)
wow nice blog ... I like his songs
s_potato (08 Sep 07 21:54)
သီချင်းတွေပို့ပေးပါဦးမယ်။ အခုပေးထားတဲ့မေးကိုပဲ သီချင်းလင့်တွေပို့ပေးလိုက်တော့မယ်နော်။ ရတယ်ဟုတ်
ဘုန်းလက်ရုံး (10 Sep 07 09:04)
ကိုမျိုးကျော့မြိုင်ရဲ့သီချင်းတွေကိုကြိုက်မိပါတယ်။ ကျွန်တော်လည်း အစ်ကို့လို စင်ပေါ်မှာ သီချင်းတက်ဆိုချင်လိုက်တာ။ အစ်ကိုက ဘက်စုံ တော်ပုံ ရတယ်။
Peti (11 Sep 07 15:21)
ကျွန်တော်လည်း ကိုမျိုးကျော့ ရဲ့သီချင်းတော်တော်များများကို ကြိုက်ပါတယ်.. အကြိုက်ဆုံးသီချင်းကတော့ အဝေးကြီးပါ.. ခံစားမှုတိုက်ဆိုင်တော့ ခံစားချက်နဲ့ဆိုမိတယ်..
tawtharm16 (11 Sep 07 22:39)
ကျနော်လည်းလာလည်သွားပါတယ် ကိုမျိုးကျော့။ ကျနော်က တစ်မိနစ်နောက်ကျ ကိုအရမ်းသဘောကျသလို
smile (12 Sep 07 00:56)
i like some of his songs not all.for example i like a song name is rhythm
moonsweet87 (12 Sep 07 12:26)
ကိုမျိုးကျော့မြိုင်ရဲ့သီချင်းတွေကို နှစ်သက်ပါတယ်... အထူးသဖြင့် စိုင်းစိုင်းနဲ့တွဲဆိုတဲ့ အချစ်သီချင်း၊ တစ်မိနစ်နောက်ကျ၊ အချစ်မရှိသောနေ့စွဲများ၊ တွေကို အရမ်းကြိုက်ပါတယ်၊ လူဖြစ်ရတဲ့ဒုက္ခကိုတော့ အကြိုက်ဆုံးပါ။
WinMinPhyo (12 Sep 07 12:48)
~ဘယ်သူနဲကမင်းရှိမလဲ ဘယ်ရင်ခွင်မှာအိပ်စက်မလဲ ကိုယ်မသိဘူး မဆိုင်ပါဘူး မင်းလေးကိုယ့်ကိုသတိရ ပြီးတာပဲ ~~ အဲဒီသီချင်းကို အကြိုက်ဆုံးပဲ ၊ အရမ်းခံစားရတယ် ကိုကြော့ရာ
အိမ်ချမ်းမြေ့ (13 Sep 07 17:07)
မင်္ဂလာပါရှင်.. လာကြည့်သွားပါတယ်
little moon (14 Sep 07 13:24)
သူ့သီချင်းကို ပထမဆုံးကြားဖူးတာ ကျောင်းသားဘ၀ ပင်းယဆောင်မှာပါ။ မိုးတွေရွာနေစဉ်ခဏ..... နားထောင်ခါစက နားထဲမှာကန့်လန့်ကြီး။ ကျွန်တော်တို့တတွေနဲ့ သူ့သီချင်းတွေ ခွဲခြားလို့မရပါဘူးဗျာ
soe thi ha (14 Sep 07 19:19)
the song i like best of ko myo kyawt is yoe thar hmu myar thot. when ever i hear ko myo kyawt songs i feel good.my life and his songs are can not separate.
မယ်လိုဒီမောင် (14 Sep 07 20:22)
ကိုမျိုးကျော့မြိုင် ကိုယ်တိုင်ရေးဘူးလား ဘာပဲဖြစ်ဖြစ် ဒီဘလော့ လေးတော့ ကြိုက်တယ်ဗျာ
moesat (15 Sep 07 20:03)
ကိုမျိုးကျော့ကို မိုးတွေရွာနေချိန်ခဏ စီးရီးကတည်းက အမြဲအားပေးခဲ့သူ တစ်ယောက်ပါ။
အခုလို blog လုပ်ထားတာ တွေ့တော့ ၀မ်းသာတယ်ဗျာ...
No comments:
Post a Comment