Monday, September 10, 2007

ကာရံလေး

မယ်မဒီလေးလား မှားမိတယ်...
သူကကွယ် သိပ်ချော ချောလွန်းတယ်...
ကေသာလေးက ပိတုန်းရောင်ခြယ်
လှနိုင်လွန်းတဲ့ ကာရံလေးရယ်...

အကြင်နာကြည့်တဲ့ သူ့မျက်လုံးတွေ
မြင်သူတကာတိုင်းလည်း စွဲကျန်လိမ့်မယ်...
မှုံမခြယ်ဘဲနဲ့ လှတဲ့အလှကို
ကဗျာတွေ ဖွဲ့လည်း မမီနိုင်ဘူးကွယ်...

မြင်သူတကာတိုင်း လည်ပြန်ကာငေး
အခြေမခိုင်နိုင် ယိုင်လဲနေ
ကိုယ်တစ်ယောက်လည်း ဒီလိုပါပဲ သိပ် သိပ် သိပ် သိပ် သိပ်ချစ်နေပြီကွယ်...
ကျတော် ကြိုက်တဲ့ ကာရံလေး mp3 ကို ဒီမှာ တင်ထားပေးပါတယ်... ကြိုက်ကြမယ်လို့ ထင်ပါတယ်...

No comments: