Wednesday, September 5, 2007

အချစ်ရှိသောနေ့စွဲများ

ဒီသီချင်းကို ဇမ်နူးက r&b ပုံစံအဖြစ် ပြန်ဆိုထားတာလေးကို အရမ်းကို ကြိုက်နှစ်သက်ပါတယ်။
အောက်ပါ စာသားကို ဇမ်နူးဆိုထားတဲ့ ဗီစီဒီကိုကြည့်ပြီး ပြန်ရိုက်ထားတာပါ။
မျိုးကျော့မြိုင်ရဲ့ မူရင်းစာသားနဲ့က နည်းနည်းကွာမကွာတော့ မသိပါဘူး။

အချစ်ရှိသောနေ့စွဲများ
မနေ့ကအကြောင်း ပြန်စဉ်းစား
မနက်ဖြန်ရောက်ဖို့ အင်အားများ
ပေးဆပ်ခြင်းထဲ ပျက်စီးသွား

တွေ့မြင်တုန်းခဏ သူ့အပြုံးများ
နေ့စဉ်ရက်ဆက် ကိုယ်သိမ်းထား
အထီးကျန်တဲ့ည စကားလုံးများ
ချစ်သူတို့အတွက် စတေးမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
နောက်ကျတဲ့အသည်းက အသိရယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား

မျက်ရည်တို့က နိဂုံးလား
အချစ်တွေအဆုံးမဲ့ ရင်ထဲထား
အတ္တတရားရဲ့ အပြစ်ပဲလား
ဆောက်တည်ခဲ့သမျှ ပြိုလဲသွား ... ဟား ...

ရယူခြင်းအတွက် ကိုယ်အတွေးများ
မှားတယ်လို့လည်း ဆိုဦးမလား
မျက်ရည်ကြားက ကိုယ့်အပြုံးများ
ချစ်သူလေး သိနိုင်ဦးမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
ခြားနားခဲ့လွန်းတဲ့ အဖြစ်တွေ
အတွေးလေးနဲ့ ခွင့်ပြုတော့လေ

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
အေးချမ်းတဲ့ မင်းတစ်ယောက်သိရင်
အနှောင့်အယှက်များ ဖြစ်နေမလား

အချစ်ရှိသောဒီနေ့စွဲများ
နောက်တစ်ခါတို့ ပြန်ရဦးမလား
နောက်ကျတဲ့အသည်းက အသိရယ်
အဝေးဆုံးမက ဝေးလွင့်တော့မယ်

အချစ်ရှိသောဒီနေ့စွဲများ
မျက်ရည်များကို ဖန်ဆင်းသွား
အပြစ်ရှိတဲ့ နှလုံးသားပဲကွယ်
အစားထိုးလို့ ရနိုင်မလား

အချစ်ရှိသောနေ့စွဲများ - မျိုးကျော့မြိုင်
အချစ်ရှိသောနေ့စွဲများ - ဇမ်နူး

သီချင်းများတင်ပေးသော မမေကို ကျေးဇူးတင်ပါတယ်။

No comments: